ဖြစ်ပါတယ်။
#Unicode Version
ဆရာဝန်တွေဆီ အများဆုံး လာပြကြတဲ့ အကြောင်းအရင်းတွေ ထဲမှာ ခါးနာခြင်းက
အကြောင်း အရင်းတစ်ခုပါပဲ။ အရွယ်ရောက်ပြီး သားလူတွေရဲ့ ၈၀%က ဘဝသက်
တမ်းတစ်လျောက် မှာ ခါးနာတာကို တစ်ကြိမ်မဟုတ် တစ်ကြိမ်ကြုံခဲ့ရဖူး ကြပါတယ်။
အမျိုးသားကျန်းမာရေး ဌာန NIH ရဲ့ သတ်မှတ်ချက်အရ ခါးနာတာ ၁၂ ပါတ်ထက်
ပိုကြာလာ ရင်တော့ နာတာရှည်ခါးနာရောဂါ (Chronic low back pain) လို့
သတ်မှတ်ပါတယ်။ ခါးနာတာ အတွက် ကုသနည်းကလည်း မခွဲ မစိတ်ဘဲ ကုထုံးတွေကနေ
အကြီးစား ကုထုံးတွေထိ ပါဝင်ပါတယ်။ ဥပမာ- လေ့ကျင့်ခန်းကုထုံးတွေ၊ အကိုက်အခဲ
ပျောက်ဆေးကနေ ကျောရိုးအာရုံ ကြောမကြီး ခွဲစိတ်ကုထုံးလို အကြီး
စားခွဲစိတ်မှုတွေထိ ပါဝင်ပါတယ်။
ယခုအခါမှာတော့ အစားအသောက်
နဲ့ဆေးဝါး ကွပ်ကဲရေးဌာနက နာတာ ရှည်ခါးနာရောဂါသမားတွေ အတွက်
အသေးစားခွဲစိတ်ကုထုံး Nerve Ablating Procedure ကို ခွင့်ပြုခဲ့ တယ်လို့
သိရပါတယ်။ ယင်းကုထုံးမှာ ခါးနာခြင်းကို ခံစားနေရစေတဲ့ အာရုံ ကြောကို
ရေဒီယိုလှိုင်းကြိမ်နှုန်းစွမ်းအင်ကိုသုံးပြီး အာရုံခံစားမှု မရှိ
အောင်လုပ်ပေးတာ ဖြစ်ပါတယ်။ ယင်းကုထုံးကို ထုံဆေးနဲ့စိတ်ငြိမ် ဆေးသုံးပြီး
လူနာရဲ့ ခါးမှာအသေးစား ခွဲစိတ်မှုကို လုပ်ပြီး Vertebral body လို့ခေါ်တဲ့
ကျောရိုးအာရုံကြောမကြီး အတွင်း ကြည့်ရာမှာ အထောက် အကူပြု>ပန်ကိုသုံးပြီး
ရေဒီယိုလှိုင်း စွမ်းအင်ကို ပို့လွှတ်၍ အပူစွမ်းအင် တွေပေါ်စေပြီး
နာကျင်မှုကို ခံစားနေ ရတဲ့ အာရုံကြောကို အာရုံမခံစား နိုင်အောင်
လုပ်ပေးတာဖြစ်ပါတယ်။ ပြီးတဲ့နောက် အထောက်အကူပြု
>ပန်ကိုပြန်ထုတ်ပေးလိုက်တာ ဖြစ်ပါ တယ်။
ကုထုံးရဲ့ကြာချိန်မှာ
တစ်နာရီ ခွဲခန့်သာ ကြာတယ်လို့ သိရပါတယ်။ ယင်းကုထုံးနဲ့ သင့်တော်တဲ့သူတွေက
တော့ အကြီးစားခွဲစိတ်မှုခံယူဖို့ လိုနေ သူတွေ ဒါမှမဟုတ် ဘိန်းအခြေပြု
အကိုက်အခဲပျောက်ဆေး အပြင်းစား တွေသုံးဖို့ လိုနေသူတွေအတွက် သင့်တော်တယ်လို့
သိရပါတယ်။ ယင်းကုထုံးကို တီထွင်ခဲ့တဲ့ ကုမ္ပဏီ ကတော့ ကယ်လီဖိုးနီးယား အခြေ
စိုက် ဆေးကုသရေးကိရိယာ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Relievant Med- systems Ino
မှ ဖြစ်ပါတယ်။
Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
နာတာရှည်ခါးနာရောဂါသည်များအတွက် ကုထုံးသစ်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။