iMyanmarHouse.com - Best Property Website for Myanmar
×

 Hypertrophic Cardiomyopathy (HCM)ဟုေခၚေသာ ႏွလံုးႂကြက္သားဆုိင္ရာေရာဂါသည္မ်ား မျပင္းထန္ေသာ ေလ့က်င့္ခန္း မ်ား လုပ္ျခင္းေၾကာင့္ က်န္းမာေရးအက်ိဳးေက်းဇူး ရွိႏုိင္ေၾကာင္း သုေတသီမ်ားက ေျပာၾကားသည္။

ႏွလံုးႂကြက္သားမ်ား ပံုမွန္မဟုတ္ဘဲ ထူထဲလာကာ ႏွလံုးက ေသြးပို႔ရန္ ခက္ခဲေနေသာ အေျခအေနကို HCM ေရာဂါဟုေခၚ သည္။ ယင္းေရာဂါသည္ မ်ိဳး႐ိုးလိုက္သည့္ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါျဖစ္ၿပီး လူငယ္မ်ားၾကား ႐ုတ္တရက္ ႏွလံုးရပ္ ေသဆံုးမႈအျဖစ္ေစဆံုး ေရာဂါမ်ားအနက္ တစ္ခုျဖစ္သည္။

၎လူနာမ်ားသည္ ႐ုတ္တရက္ႏွလံုးရပ္ၿပီး ေသဆံုးႏုိင္ေသာ ေၾကာင့္ ျပင္းထန္ေသာ ေလ့က်င့္ခန္းမ်ားမလုပ္ဘဲ အေနမ်ားေလ့ရွိ သည္။

ယခု သုေတသီမ်ား၏ ေလ့လာမႈအရ HCM ေရာဂါသည္မ်ား သည္ လမ္းေလွ်ာက္ျခင္း၊ စက္ဘီးစီးျခင္း၊ ေပါ့ေပါ့ပါးပါးေျပးျခင္း စေသာ မျပင္းထန္သည့္ ေလ့က်င့္ခန္းမ်ား ျပဳလုပ္သင့္သည္ဟု ေဖာ္ ျပသည္။

HCM ေရာဂါသည္မ်ားသည္ သာမန္လူမ်ားႏွင့္ ႏိႈင္းယွဥ္ပါက ၎တို႔တြင္ ေရာဂါျဖစ္ေနေၾကာင္း စစ္ေဆးေတြ႕ရွိၿပီးေနာက္ ကိုယ္ လက္လႈပ္ရွားျပဳလုပ္မႈအဆင့္ကို ေလွ်ာ့ခ်ပစ္ေလ့ရွိေၾကာင္း ေလ့ လာမႈအရ သိရသည္။

ယင္းမွာ ျပင္းထန္ေသာ ေလ့က်င့္ခန္းမ်ား ျပဳလုပ္ျခင္းေၾကာင့္ ႐ုတ္တရက္ ႏွလံုးရပ္ၿပီး ေသဆံုးႏုိင္သည့္ အႏၲရာယ္ကို စိုးရိမ္ေသာ ေၾကာင့္ျဖစ္သည္။

HCM ေရာဂါသည္မ်ားသည္ သီတင္းတစ္ပတ္လွ်င္ မိနစ္ ၂၀ ခန္႔ အနည္းဆံုး သံုးႀကိမ္စီ မျပင္းထန္ေသာ ေလ့က်င့္ခန္းမ်ား လုပ္ ေပးသင့္ေၾကာင္း သုေတသီမ်ားကေျပာသည္။ ေလ့က်င့္ခန္းမလုပ္ပါက အ၀လြန္ျခင္း၊ ႏွလံုးလမ္းေၾကာင္းပိတ္ဆုိ႔ျခင္း၊ ဆီးခ်ိဳေရာဂါ တုိ႔ကဲ့သို႔ အျခားေသာ က်န္းမာေရးျပႆနာမ်ားႏွင့္ ရင္ဆုိင္ရႏုိင္ သည္ဟု သုေတသီမ်ားကေျပာသည္။   

Credit:7day daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 Hypertrophic Cardiomyopathy (HCM)ဟုခေါ်သော နှလုံးကြွက်သားဆိုင်ရာရောဂါသည်များ မပြင်းထန်သော လေ့ကျင့်ခန်း များ လုပ်ခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူး ရှိနိုင်ကြောင်း သုတေသီများက ပြောကြားသည်။

နှလုံးကြွက်သားများ ပုံမှန်မဟုတ်ဘဲ ထူထဲလာကာ နှလုံးက သွေးပို့ရန် ခက်ခဲနေသော အခြေအနေကို HCM ရောဂါဟုခေါ် သည်။ ယင်းရောဂါသည် မျိုးရိုးလိုက်သည့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပြီး လူငယ်များကြား ရုတ်တရက် နှလုံးရပ် သေဆုံးမှုအဖြစ်စေဆုံး ရောဂါများအနက် တစ်ခုဖြစ်သည်။


၎င်းလူနာများသည် ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးနိုင်သော ကြောင့် ပြင်းထန်သော လေ့ကျင့်ခန်းများမလုပ်ဘဲ အနေများလေ့ရှိ သည်။

ယခု သုတေသီများ၏ လေ့လာမှုအရ HCM ရောဂါသည်များ သည် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ပေါ့ပေါ့ပါးပါးပြေးခြင်း စသော မပြင်းထန်သည့် လေ့ကျင့်ခန်းများ ပြုလုပ်သင့်သည်ဟု ဖော် ပြသည်။

HCM ရောဂါသည်များသည် သာမန်လူများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့တွင် ရောဂါဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ကိုယ် လက်လှုပ်ရှားပြုလုပ်မှုအဆင့်ကို လျှော့ချပစ်လေ့ရှိကြောင်း လေ့ လာမှုအရ သိရသည်။

ယင်းမှာ ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကြောင့် ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးနိုင်သည့် အန္တရာယ်ကို စိုးရိမ်သော ကြောင့်ဖြစ်သည်။

HCM ရောဂါသည်များသည် သီတင်းတစ်ပတ်လျှင် မိနစ် ၂၀ ခန့် အနည်းဆုံး သုံးကြိမ်စီ မပြင်းထန်သော လေ့ကျင့်ခန်းများ လုပ် ပေးသင့်ကြောင်း သုတေသီများကပြောသည်။ လေ့ကျင့်ခန်းမလုပ်ပါက အဝလွန်ခြင်း၊ နှလုံးလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဆီးချိုရောဂါ တို့ကဲ့သို့ အခြားသော ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ရနိုင် သည်ဟု သုတေသီများကပြောသည်။   

Credit:7day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top