iMyanmarHouse.com - Best Property Website for Myanmar
×

၁) ခံတြင္းသန္႔ရွင္းေရး လုပ္ ေဆာင္မႈနည္းျခင္းေၾကာင့္ အစာအ ႄကြင္းအက်န္ေတြက သြားဖံုးမွာ စုပံု ၿပီး ယင္းကတစ္ဆင့္ သြားဖံုေတြနီရဲ၊ ေရာင္ရမ္း၊ နာက်င္တာေတြ ျဖစ္ႏိုင္ ပါတယ္။

(၂) သြားအေနအထား မမွန္ျခင္း၊ သြားမ်ားအေနအထား မမွန္လွ်င္ သြားသန္႔ရွင္းေရး လုပ္ရခက္ခဲၿပီး ယင္းသြားၾကားမွာ အစားအႄကြင္း အက်န္ေတြ ကပ္က်န္ကာ ယင္းမွ တစ္ဆင့္ သြားဖံုးေသြးယိုႏိုင္ပါတယ္။

(၃) သြားဖံုးတြင္ ဒဏ္ရာရျခင္း သြားတိုက္လွ်င္ အလြန္အကြ်ံဖိတိုက္ ျခင္းနဲ႔ သြားပြတ္တံအမာေတြ ေၾကာင့္ သြားဖံုးမွာ ဒဏ္ရာရၿပီး သြားဖံုး ေသြးယိုႏိုင္ပါတယ္။

(၄) ဗီတာမင္စီ ခ်ိဳ႕တဲ့လွ်င္ သြားဖံုး ေသြးယိုႏိုင္ပါတယ္။

(၅) ဗီတာမင္ေကခ်ိဳတဲ့လွ်င္ သြား ဖံုး ေသြးယိုႏိုင္ပါတယ္။ ခႏၶာကိုယ္က ဗီတာမင္ေကအဓိကရႏိုင္တဲ့ အရင္း အျမစ္ေတြမွာ အူတြင္းမွသဘာဝပိုး မႊားမ်ားမွျဖစ္ၿပီး ကာလၾကာရွည္ ပဋိ ဇီဝ ပိုးသတ္ေဆးေသာက္ေနရသူမ်ား တြင္ ယင္းပိုးမႊားမ်ား ပ်က္စီးကုန္ ကာ ဗီတာမင္ေကေလ်ာနည္းဓာတ္ ျဖစ္ၿပီး သြားဖံုးေသြးယိုႏိုင္ပါတယ္။

(၆) အမ်ိဳးသမီးေတြမွာ ေဟာ္မုန္း အေျပာင္းအလဲေတြေၾကာင့္ သြားဖံုး ေသြးယိုႏိုင္ပါတယ္။ ဥပမာ အရြယ္ စတင္ေရာက္ခ်ိန္ ကိုယ္ဝန္ေဆာင္ ခ်ိန္၊ ေသြးဆံုးခ်ိန္၊ ရာသီလာခ်ိန္ႏွင့္ ကိုယ္ဝန္တားေဆးသံုးတဲ့အခါေတြ မွာ သြားဖံုးေသြးယိုႏိုင္ပါတယ္။

(၇) ေသြးနဲ႔ပတ္သက္တဲ့ေရာဂါျဖစ္ ပြား တဲ့မ်ိဳး႐ိုးရွိသူေတြမွာ သြားဖံုးေတြ ေသြးယိုမႈျဖစ္ပြားႏိုင္ပါတယ္။

(၈) ေဆးဝါးေတြ ဥပမာအားျဖင့္ Aspirin, Clopidogrel စတဲ့ႏွလံုး နဲ႔ေလျဖတ္ရာမွာ သံုးတဲ့ေသြးခဲေဖ်ာ္ ေပးတဲ့ေဆးေတြ၊ တက္တဲ့သူေတြမွာ သံုးတဲ့ေဆးေတြ ကင္ဆာဓာတုကု ထံုးမွာသံုးတဲ့ ေဆးေတြက သြားဖံုး ေသြးယိုမႈကို ျဖစ္ေစႏိုင္ပါ တယ္။

(၉) အသည္းေရာဂါသည္ေတြ အ သည္းက ေသြးခဲရာမွာ လိုအပ္တဲ့ ပစၥည္းေတြ ထုတ္လုပ္ေပးတဲ့အဓိက အဂၤါျဖစ္ၿပီး အသည္းေရာဂါရရွိပါက ေသြးမခဲေတာ့ဘဲ သြားဖံုးေသြးယိုျခင္း ျဖစ္ပြားႏိုင္ပါတယ္။
(၁၀) ေသြးကင္ဆာေရာဂါမ်ားနဲ႔ အ႐ိုးကင္ဆာစတဲ့ ကင္ဆာေတြမွာ လည္း သြားဖံုးေသြးယိုႏိုင္ပါတယ္။


Credit:Health Updates Journal

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁) ခံတွင်းသန့်ရှင်းရေး လုပ် ဆောင်မှုနည်းခြင်းကြောင့် အစာအ ကြွင်းအကျန်တွေက သွားဖုံးမှာ စုပုံ ပြီး ယင်းကတစ်ဆင့် သွားဖုံတွေနီရဲ၊ ရောင်ရမ်း၊ နာကျင်တာတွေ ဖြစ်နိုင် ပါတယ်။

(၂) သွားအနေအထား မမှန်ခြင်း၊ သွားများအနေအထား မမှန်လျှင် သွားသန့်ရှင်းရေး လုပ်ရခက်ခဲပြီး ယင်းသွားကြားမှာ အစားအကြွင်း အကျန်တွေ ကပ်ကျန်ကာ ယင်းမှ တစ်ဆင့် သွားဖုံးသွေးယိုနိုင်ပါတယ်။

(၃) သွားဖုံးတွင် ဒဏ်ရာရခြင်း သွားတိုက်လျှင် အလွန်အကျွံဖိတိုက် ခြင်းနဲ့ သွားပွတ်တံအမာတွေ ကြောင့် သွားဖုံးမှာ ဒဏ်ရာရပြီး သွားဖုံး သွေးယိုနိုင်ပါတယ်။

(၄) ဗီတာမင်စီ ချို့တဲ့လျှင် သွားဖုံး သွေးယိုနိုင်ပါတယ်။

(၅) ဗီတာမင်ကေချိုတဲ့လျှင် သွား ဖုံး သွေးယိုနိုင်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင်ကေအဓိကရနိုင်တဲ့ အရင်း အမြစ်တွေမှာ အူတွင်းမှသဘာဝပိုး မွှားများမှဖြစ်ပြီး ကာလကြာရှည် ပဋိ ဇီဝ ပိုးသတ်ဆေးသောက်နေရသူများ တွင် ယင်းပိုးမွှားများ ပျက်စီးကုန် ကာ ဗီတာမင်ကေလျောနည်းဓာတ် ဖြစ်ပြီး သွားဖုံးသွေးယိုနိုင်ပါတယ်။

(၆) အမျိုးသမီးတွေမှာ ဟော်မုန်း အပြောင်းအလဲတွေကြောင့် သွားဖုံး သွေးယိုနိုင်ပါတယ်။ ဥပမာ အရွယ် စတင်ရောက်ချိန် ကိုယ်ဝန်ဆောင် ချိန်၊ သွေးဆုံးချိန်၊ ရာသီလာချိန်နှင့် ကိုယ်ဝန်တားဆေးသုံးတဲ့အခါတွေ မှာ သွားဖုံးသွေးယိုနိုင်ပါတယ်။

(၇) သွေးနဲ့ပတ်သက်တဲ့ရောဂါဖြစ် ပွား တဲ့မျိုးရိုးရှိသူတွေမှာ သွားဖုံးတွေ သွေးယိုမှုဖြစ်ပွားနိုင်ပါတယ်။

(၈) ဆေးဝါးတွေ ဥပမာအားဖြင့် Aspirin, Clopidogrel စတဲ့နှလုံး နဲ့လေဖြတ်ရာမှာ သုံးတဲ့သွေးခဲဖျော် ပေးတဲ့ဆေးတွေ၊ တက်တဲ့သူတွေမှာ သုံးတဲ့ဆေးတွေ ကင်ဆာဓာတုကု ထုံးမှာသုံးတဲ့ ဆေးတွေက သွားဖုံး သွေးယိုမှုကို ဖြစ်စေနိုင်ပါ တယ်။

(၉) အသည်းရောဂါသည်တွေ အ သည်းက သွေးခဲရာမှာ လိုအပ်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ပေးတဲ့အဓိက အင်္ဂါဖြစ်ပြီး အသည်းရောဂါရရှိပါက သွေးမခဲတော့ဘဲ သွားဖုံးသွေးယိုခြင်း ဖြစ်ပွားနိုင်ပါတယ်။
(၁၀) သွေးကင်ဆာရောဂါများနဲ့ အရိုးကင်ဆာစတဲ့ ကင်ဆာတွေမှာ လည်း သွားဖုံးသွေးယိုနိုင်ပါတယ်။


Credit:Health Updates Journal



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top