iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ေဆးဆိုးျခင္း (သို႔မဟုတ္) ေဟာ္မုန္းပါ၀င္ေသာ သေႏၶ တားေဆးမ်ား သံုးျခင္းေၾကာင့္ ရင္သားကင္ဆာေရာဂါ ျဖစ္ပြားႏိုင္ ေျခ ျမင့္မားသျဖင့္ အမ်ိဳးသမီးမ်ား သတိျပဳသင့္သည္ဟု သုေတသီ မ်ားက ေျပာသည္။

ဖင္လန္ႏိုင္ငံ ဟယ္လ္ဆင္ကီတကၠသိုလ္ရွိ သုေတသီမ်ားက ေဟာ္မုန္းပါ၀င္ေသာ သေႏၶတားေဆးမ်ားသံုးျခင္း၊ ဆံပင္ဆိုးေဆး မ်ား အသံုးျပဳျခင္းတုိ႔ေၾကာင့္ ရင္သားကင္ဆာေရာဂါျဖစ္ပြားမႈၾကား ဆက္စပ္ပံုကိုေလ့လာခဲ့ၾကသည္။

ရင္သားကင္ဆာျဖစ္ပြားႏိုင္ေသာ အႀကီးမားဆံုး အႏၲရာယ္မ်ားတြင္ အသက္အရြယ္ႀကီးျခင္း၊ အသက္ႀကီးမွ ပထမဆံုးကေလးေမြးျခင္း၊ သားသမီးနည္းျခင္း၊ အရက္ေသာက္သံုးမႈ ျမင့္မားျခင္းႏွင့္ လႈပ္ရွားမႈနည္းေသာ ေနထိုင္ပံုတို႔ အပါအ၀င္ လူေနမႈဘ၀ပံုစံႏွင့္ ဆက္စပ္ေသာ အေျခအေနမ်ားျဖစ္သည္ဟု သုေတသီမ်ားက ေျပာသည္။ သုေတသီမ်ားက ရင္သားကင္ဆာေရာဂါသည္ ၈,၀၀၀ ဦးႏွင့္ ထိန္းခ်ဳပ္ထားေသာ  အမ်ိဳးသမီးဦးေရ ၂၀,၀၀၀ ထံမွ အခ်က္အလက္မ်ားကို ေလ့လာဆန္းစစ္ခဲ့သည္။

ယင္းေလ့လာမႈအရ ေဟာ္မုန္းပါ၀င္ေသာ သေႏၶတားေဆးမ်ား အသံုးမျပဳသည့္ အမ်ိဳးသမီးမ်ားထက္ ယင္းေဆး၀ါးမ်ားသံုးေသာ အသက္ (၅၀) ေအာက္အမ်ိဳးသမီးမ်ားသည္ ရင္သားကင္ဆာျဖစ္ပြား ႏိုင္ေျခ ၃၂ ရာခိုင္ႏႈန္းပိုမိုျမင့္မားေၾကာင္းသိရသည္။

သုေတသီမ်ားက ရင္သားကင္ဆာေရာဂါအတြက္ စစ္ေဆးမႈ ခံယူသူဦးေရကိုလည္း ေလ့လာခဲ့ၿပီး ေလ့လာမႈတြင္ ပါ၀င္သူ ၆၀ ရာခိုင္ႏႈန္းေက်ာ္သည္ အသက္ (၅၀) မတိုင္မီ စစ္ေဆးမႈ ခံယူခဲ့ၾက  ေၾကာင္း ေလ့လာေတြ႕ရွိခဲ့သည္။

ယခင္ေလ့လာမႈတစ္ရပ္တြင္ ဆယ္ေက်ာ္သက္အရြယ္၌ က်န္း မာေရးႏွင့္ မညီေသာ အစားအစာမ်ားစားသံုးူမႈမ်ားေသာ အမ်ိဳးသမီး မ်ား ရင္သားကင္ဆာျဖစ္ပြားႏိုင္ေျခ ပိုမ်ားေၾကာင္း ေဖာ္ျပထား သည္။ ရင္သားကင္ဆာအတြက္ ပံုမွန္စစ္ေဆးမႈမ်ား ျပဳလုပ္ရန္ လို အပ္ၿပီး ေစာေစာစီးစီးစစ္ေဆးေတြ႕ရွိပါက ကုသရလြယ္ကူသည္။


Credit :7day daily
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆံပင်ဆေးဆိုးခြင်း (သို့မဟုတ်) ဟော်မုန်းပါဝင်သော သန္ဓေ တားဆေးများ သုံးခြင်းကြောင့် ရင်သားကင်ဆာရောဂါ ဖြစ်ပွားနိုင် ခြေ မြင့်မားသဖြင့် အမျိုးသမီးများ သတိပြုသင့်သည်ဟု သုတေသီ များက ပြောသည်။

ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီတက္ကသိုလ်ရှိ သုတေသီများက ဟော်မုန်းပါဝင်သော သန္ဓေတားဆေးများသုံးခြင်း၊ ဆံပင်ဆိုးဆေး များ အသုံးပြုခြင်းတို့ကြောင့် ရင်သားကင်ဆာရောဂါဖြစ်ပွားမှုကြား ဆက်စပ်ပုံကိုလေ့လာခဲ့ကြသည်။

ရင်သားကင်ဆာဖြစ်ပွားနိုင်သော အကြီးမားဆုံး အန္တရာယ်များတွင် အသက်အရွယ်ကြီးခြင်း၊ အသက်ကြီးမှ ပထမဆုံးကလေးမွေးခြင်း၊ သားသမီးနည်းခြင်း၊ အရက်သောက်သုံးမှု မြင့်မားခြင်းနှင့် လှုပ်ရှားမှုနည်းသော နေထိုင်ပုံတို့ အပါအဝင် လူနေမှုဘဝပုံစံနှင့် ဆက်စပ်သော အခြေအနေများဖြစ်သည်ဟု သုတေသီများက ပြောသည်။ သုတေသီများက ရင်သားကင်ဆာရောဂါသည် ၈,၀၀၀ ဦးနှင့် ထိန်းချုပ်ထားသော  အမျိုးသမီးဦးရေ ၂၀,၀၀၀ ထံမှ အချက်အလက်များကို လေ့လာဆန်းစစ်ခဲ့သည်။

ယင်းလေ့လာမှုအရ ဟော်မုန်းပါဝင်သော သန္ဓေတားဆေးများ အသုံးမပြုသည့် အမျိုးသမီးများထက် ယင်းဆေးဝါးများသုံးသော အသက် (၅၀) အောက်အမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်ပွား နိုင်ခြေ ၃၂ ရာခိုင်နှုန်းပိုမိုမြင့်မားကြောင်းသိရသည်။

သုတေသီများက ရင်သားကင်ဆာရောဂါအတွက် စစ်ဆေးမှု ခံယူသူဦးရေကိုလည်း လေ့လာခဲ့ပြီး လေ့လာမှုတွင် ပါဝင်သူ ၆၀ ရာခိုင်နှုန်းကျော်သည် အသက် (၅၀) မတိုင်မီ စစ်ဆေးမှု ခံယူခဲ့ကြ  ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ယခင်လေ့လာမှုတစ်ရပ်တွင် ဆယ်ကျော်သက်အရွယ်၌ ကျန်း မာရေးနှင့် မညီသော အစားအစာများစားသုံးူမှုများသော အမျိုးသမီး များ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ပိုများကြောင်း ဖော်ပြထား သည်။ ရင်သားကင်ဆာအတွက် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန် လို အပ်ပြီး စောစောစီးစီးစစ်ဆေးတွေ့ရှိပါက ကုသရလွယ်ကူသည်။


Credit :7day daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top