အစာအိမ္မေကာင္းတာ၊
အစာေျခဖ်က္စနစ္ မေကာင္းတာေတြဟာ ခႏၶာကိုယ္က်န္းမာေရးကို
ၾကီးစြာသက္ေရာက္ပါတယ္။ ခႏၶာကိုယ္က ေလးလံထုိင္းမႈိင္းေနတာ၊ မအီမသာျဖစ္တာေတြ
အျမဲ ရွိေနတတ္ပါတယ္။ အစာအိမ္က်န္းမာေရးေကာင္းမြန္ဖို႔အတြက္ ဂရုစိုက္ရမယ့္
အခ်က္ ေလးခ်က္ ရွိပါတယ္။
၁ - ကိုယ္ေနဟန္ထားမွန္
ခါးကိုင္းတာ၊ လက္ျပင္ကုန္းတာလိုမ်ိဳး ကိုယ္ေနဟန္မမွန္တာေတြဟာ
အစာေျခညက္မႈစနစ္ရွိတဲ့ ဗိုက္ထဲက ေနရာေတြကို ညႇစ္ထားသလို ျဖစ္ေစပါတယ္။
ထမင္းစားခ်ိန္နဲ႔ ထမင္းစားျပီး အခ်ိန္ေတြမွာ ခႏၶာကိုယ္ကို မတ္မတ္ထားတာဟာ
ကိုယ္တြင္း အစာေျခအဂၤါေတြကို မွန္ကန္စြာ အလုပ္လုပ္ေဆာင္ေစပါတယ္။
အစာေျခညက္မႈစနစ္ေပၚဖိအားသက္ေရာက္မႈ မရွိဘဲ အစာေျခညက္မႈစနစ္ကို
တိုးတက္ေစပါတယ္။
၂ - စားေနတုန္း ေရမေသာက္နဲ႔
ေရေသာက္ေလ သင့္ခႏၶာကိုယ္အတြက္ ေကာင္းေလပါပဲ။ ဒါေပမယ့္ အစာစားေနတုန္း
ေရေသာက္တာကုိေတာ့ ေရွာင္သင့္ပါတယ္။ တံေတြးက ထြက္တဲ့ အင္ဇုိင္းေတြဟာ အစာကို
ျဖိဳခြဲရာမွာ အေရးပါပါတယ္။ ေရေသာက္လိုက္တဲ့အခါမွာ
ပါးစပ္တြင္းကတံေတြးထြက္မႈကို ေလ်ာ့နည္းသြားေစျပီး အစာေျခဖ်က္မႈျဖစ္စဥ္မွာ
ထိေရာက္မႈ ေလ်ာ့က်သြားပါတယ္။
၃ - တစ္ခုပဲလုပ္ပါ
စားေသာက္ေနတဲ့အခ်ိန္မွာ ျဖစ္ေပၚတဲ့စိတ္ကလည္း အစာေျခဖ်က္မႈစနစ္ကို
သက္ေရာက္မႈရွိပါတယ္။ ျပင္းထန္တဲ့ စိတ္ခံစားခ်က္ေတြျဖစ္ေပၚေနတဲ့အခ်ိန္မွာ
အစားအေသာက္ပ်က္ရတာေတြ ရွိပါတယ္။ အစာစားခ်ိန္မွာ အဆုိပါ အစားအစာေပၚကိုသာ
အာရုံစိုက္ စားသင့္တာ ျဖစ္ပါတယ္။ တီဗီၾကည့္ရင္း ထမင္းစားတာ၊ ဂိမ္းေဆာ့ရင္
ထမင္းစားတာ၊ ဖုန္းသံုးရင္ ထမင္းစားတာေတြဟာ လံုးဝမလုပ္သင့္တဲ့ အလုပ္ေတြ
ျဖစ္ပါတယ္။
၄ - သက္ေသာင့္သက္သာစားပါ
သင့္ကို သက္ေသာင့္သက္သာ ျဖစ္ေစတဲ့ ပတ္ဝန္းက်င္မွာ စားေသာက္ဖုိ႔လည္း
လိုပါတယ္။ ေျပးရင္းလႊားရင္းစားတာ၊ ျဖစ္သလို အျမန္စားလိုက္ရတာေတြဟာ
အစာေျခဖ်က္မႈ ျဖစ္စဥ္အတြက္ မေကာင္းပါဘူး။ ေအေအးေဆးေဆးနဲ႔
ျဖည္းျဖည္းခ်င္းညက္ေနေအာင္ဝါးစားတတ္တဲ့ အက်င့္ရွိတာဟာ အစာအိမ္အတြက္
အလြန္ေကာင္းမြန္ပါတယ္။ သင့္ခႏၶာကိုယ္က်န္းမာေရးနဲ႔ပတ္သက္ရင္ စိတ္ရဲ႕
အေရးပါမႈကိုလည္း ေလွ်ာ့မတြက္သင့္ပါဘူး။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
အစာအိမ်မကောင်းတာ၊ အစာခြေဖျက်စနစ် မကောင်းတာတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးကို ကြီးစွာသက်ရောက်ပါတယ်။ ခန္ဓာကိုယ်က လေးလံထိုင်းမှိုင်းနေတာ၊ မအီမသာဖြစ်တာတွေ အမြဲ ရှိနေတတ်ပါတယ်။ အစာအိမ်ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဂရုစိုက်ရမယ့် အချက် လေးချက် ရှိပါတယ်။
၁ - ကိုယ်နေဟန်ထားမှန်
ခါးကိုင်းတာ၊ လက်ပြင်ကုန်းတာလိုမျိုး ကိုယ်နေဟန်မမှန်တာတွေဟာ အစာခြေညက်မှုစနစ်ရှိတဲ့ ဗိုက်ထဲက နေရာတွေကို ညှစ်ထားသလို ဖြစ်စေပါတယ်။ ထမင်းစားချိန်နဲ့ ထမင်းစားပြီး အချိန်တွေမှာ ခန္ဓာကိုယ်ကို မတ်မတ်ထားတာဟာ ကိုယ်တွင်း အစာခြေအင်္ဂါတွေကို မှန်ကန်စွာ အလုပ်လုပ်ဆောင်စေပါတယ်။ အစာခြေညက်မှုစနစ်ပေါ်ဖိအားသက်ရောက်မှု မရှိဘဲ အစာခြေညက်မှုစနစ်ကို တိုးတက်စေပါတယ်။
၂ - စားနေတုန်း ရေမသောက်နဲ့
ရေသောက်လေ သင့်ခန္ဓာကိုယ်အတွက် ကောင်းလေပါပဲ။ ဒါပေမယ့် အစာစားနေတုန်း ရေသောက်တာကိုတော့ ရှောင်သင့်ပါတယ်။ တံတွေးက ထွက်တဲ့ အင်ဇိုင်းတွေဟာ အစာကို ဖြိုခွဲရာမှာ အရေးပါပါတယ်။ ရေသောက်လိုက်တဲ့အခါမှာ ပါးစပ်တွင်းကတံတွေးထွက်မှုကို လျော့နည်းသွားစေပြီး အစာခြေဖျက်မှုဖြစ်စဉ်မှာ ထိရောက်မှု လျော့ကျသွားပါတယ်။
၃ - တစ်ခုပဲလုပ်ပါ
စားသောက်နေတဲ့အချိန်မှာ ဖြစ်ပေါ်တဲ့စိတ်ကလည်း အစာခြေဖျက်မှုစနစ်ကို သက်ရောက်မှုရှိပါတယ်။ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်နေတဲ့အချိန်မှာ အစားအသောက်ပျက်ရတာတွေ ရှိပါတယ်။ အစာစားချိန်မှာ အဆိုပါ အစားအစာပေါ်ကိုသာ အာရုံစိုက် စားသင့်တာ ဖြစ်ပါတယ်။ တီဗီကြည့်ရင်း ထမင်းစားတာ၊ ဂိမ်းဆော့ရင် ထမင်းစားတာ၊ ဖုန်းသုံးရင် ထမင်းစားတာတွေဟာ လုံးဝမလုပ်သင့်တဲ့ အလုပ်တွေ ဖြစ်ပါတယ်။
၄ - သက်သောင့်သက်သာစားပါ
သင့်ကို သက်သောင့်သက်သာ ဖြစ်စေတဲ့ ပတ်ဝန်းကျင်မှာ စားသောက်ဖို့လည်း လိုပါတယ်။ ပြေးရင်းလွှားရင်းစားတာ၊ ဖြစ်သလို အမြန်စားလိုက်ရတာတွေဟာ အစာခြေဖျက်မှု ဖြစ်စဉ်အတွက် မကောင်းပါဘူး။ အေအေးဆေးဆေးနဲ့ ဖြည်းဖြည်းချင်းညက်နေအောင်ဝါးစားတတ်တဲ့ အကျင့်ရှိတာဟာ အစာအိမ်အတွက် အလွန်ကောင်းမွန်ပါတယ်။ သင့်ခန္ဓာကိုယ်ကျန်းမာရေးနဲ့ပတ်သက်ရင် စိတ်ရဲ့ အရေးပါမှုကိုလည်း လျှော့မတွက်သင့်ပါဘူး။
Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဒီ(၄) ခ်က္ လုပ္ရင္ အစာအိမ္က်န္းမာေရး ေကာင္းမြန္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။