အခ်စ္ဦးကို ဘာလို႔ ေမ့ေဖ်ာက္ျဖစ္ဖို႔ခက္ခဲ တတ္ၾကတာလဲ။ ရည္းစားဦးဆိုတာ ငယ္ရြယ္ခ်ိန္က စိတ္ကူးအိမ္မက္တစ္ခုလို အေတြးအာရံုထဲမွာ တ၀ဲ လည္လည္ အျမဲေပၚလာတတ္တာမ်ိဳး။ အခ်စ္ဦးနဲ႔ ပတ္သတ္တဲ့ အမွတ္တရေတြ သတိရစရာေတြကို ခြဲခြာခဲ့ရရင္ေတာင္ ေဖ်ာက္ဖ်က္ဖို႔ ဘယ္ေလာက္ၾကိဳးစားၾကိဳးစား အခက္ခဲဆံုး ျဖစ္တတ္ၾကတာ လူတိုင္းပါပဲ။ ဒါ ဘာလို႔လဲ။ ထူးျခားတဲ့ အေၾကာင္းျပခ်က္ေလးေတြေတာ့ရွိမွာေပါ့။
(၁) ဦးဆံုးအခ်စ္ဆိုတာ ဘ၀မွာ ပထမဦးဆံုးေတြ႔ၾကံဳရတဲ့ အမွတ္ရဖြယ္ အေကာင္းဆံုး အျဖစ္အပ်က္တိုင္းလိုပါပဲ လူတစ္ေယာက္ရဲ႕ မွတ္ဥာဏ္ထဲမွာ အျမဲစြဲက်န္တတ္ပါတယ္။
တစ္ခါမွ မလုပ္ဖူး မၾကံဳဖူးတဲ့ အရာတစ္ခုကို စတင္ လုပ္မိတဲ့ အမွတ္တရဆိုရင္ ဘယ္ေတာ့မဆို ျပန္ေတြးေတြး အေသးစိတ္ မွတ္မိေနတတ္ၾကတယ္။ ဥပမာ – ပထမဆံုး ေက်ာင္းတက္ရတဲ့ေန႔၊ အေဖနဲ႔ တခါမွ မခြဲဖူးပဲ ခြဲရတဲ့ အျဖစ္မ်ိဳး၊ ဆိုင္ကယ္ စေမာင္းတဲ့ေန႔၊ သားဦးေလး သမီးဦးေလး ၊ ပထမဆံုး ရဖူးတဲ့ ဆု၊ ပထမဆံုးေရးခဲ့တဲ့ ၀တၳဳ စသျဖင့္ ဒီအမွတ္တရေတြဆိုတာ ႏွစ္ေတြ ဘယ္ေလာက္ၾကာၾကာ ေဟာင္းႏြမ္းမသြားပဲ ဘ၀မွာ ေနရာတစ္ခု အျမဲ ရွိေနတတ္သလိုေပ့ါ။ အခ်စ္ဦးဆိုတာကေတာ့ ဒီထက္ ပိုပါတယ္။ တစ္ခါမွ မခ်စ္ဖူးတဲ့ ႏွလံုးသားနဲ႔ ရူးရူးမူးမူး စီးေမ်ာျပီး ခ်စ္ၾကတာ ဆိုေတာ့ ေမ့ေဖ်ာက္ႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲ။
(၂) စိတ္လွဳပ္ရွားဖြယ္ေကာင္းေသာ ရင္ခုန္ဖြယ္ အထိအေတြ႔ ေတြကို ပထမဦးဆံုး ခံစားရလို႔ပါပဲ။
ဘ၀မွာ တခါမွ မခံစားရဖူးတဲ့ အနမ္းေတြ လက္တြဲထားရတာမ်ိဳးေတြ ေပြ႔ဖက္ခံရတာေတြ ခ်စ္သူ သဘာ၀ ပူးပူးကပ္ကပ္ေနရတာေတြ ကို ဦးဆံုးၾကံဳဖူးတဲ့ အခိုက္အတန္႔ေလးေတြဟာ အခ်စ္ဦးနဲ႔ ပဲ မဟုတ္လား။ ငယ္ရြယ္ စဥ္ ရွက္ေသြးျဖာလို႔ ရင္ဘတ္ထဲမွာ ကုလား ဘုရားလွည့္သလို တဒုန္းဒုန္းနဲ႔ ရင္ခုန္သံေတြ အျမန္ဆံုး ေရာက္ခဲ့တဲ့ အမွတ္တရေလးေတြပဲေပါ့။ ပထမဦးဆံုးအနမ္းကို ဘယ္အခ်ိန္က ရခဲ့လဲ လို႔ ေမးရင္ ရင္ထဲမွာ ေႏြးေႏြးေလး ျဖစ္သြားၾကတယ္မို႔လား။ ဆယ္ေက်ာ္သက္အရြယ္ အခ်ိဳျမိန္ဆံုး စိတ္လွဳပ္ရွားဖို႔ အေကာင္းဆံုး အမွတ္တရ ေတြကို ဖန္တီးေပးတာ ရည္းစားဦး ဆိုရင္ မမွားပါဘူး။
(၃)အခ်စ္ဦး ရည္းစားဦးဆိုတာ အခ်စ္ကို စတင္ထိေတြ႔ဖို႔ သင္ၾကားေပးတဲ့ ဆရာတစ္ဦး။
အခ်စ္ဆိုတာ ဘာလဲ သိေအာင္ ခ်စ္တတ္ေအာင္ သင္ျပေပးတာ အခ်စ္ဦးပဲေပ့ါ။ ရင္ခုန္တတ္ဖို႔ ၾကည္ႏူးတတ္ဖို႔ ခႊ်ဲႏြဲ႔တတ္ဖို႔ သင္ေပးတာလည္း သူပဲေလ။ အခ်စ္နဲ႔ ပတ္သတ္တဲ့ အလြမ္း၊ အေဆြး သင္ခန္းစာေတြ အမ်ားၾကီးကို ပို႔ခ်ေပးေသးတယ္ေလ။ ဒါ့ေၾကာင့္ ဘ၀မွာ မေမ့ႏိုင္ျဖစ္တတ္ၾကတာပဲေပါ့။
(၄) ဘယ္ေတာ့မွ မေျပာင္းလဲတဲ့ ထာ၀ရ အခ်စ္ဆိုတာကို အခ်စ္ဦးကို ခ်စ္ခဲ့စဥ္က ယံုၾကည္ခဲ့ၾကတယ္ေလ။
အခ်စ္ဦးကို ရူးရူးမူးမူး တြယ္တြယ္တာတာ ႏွစ္ႏွစ္ကာကာ ခ်စ္ဖူးခဲ့ၾကမွာပဲ။ ဘယ္ေတာ့မွ မခြဲဖူးဆိုတဲ့ ကတိေတြ သံသရာထိ ခ်စ္ၾကမယ္ဆိုတဲ့ ကတိေတြ အရာအားလံုးကို ဆန္႔က်င္ျပီး အသည္းတစ္ခုလံုးကို ပံုေအာျပီး ရူးသြပ္ခဲ့ၾကေတာ့ ရင္ထဲမွာ နက္နက္ရွိဳင္းရိွုင္း စြဲထင္သြားေတာ့တာပါပဲ။ အိမ္မက္ ၊ စိတ္ကူးယဥ္ကမၻာ ရွိသမ်ွ ေမ်ာ္လင့္ခ်က္ေတြ အားလံုးကို သူ႔ဆီမွာပဲ ဆိုေတာ့ ေဖ်ာက္ဖ်က္ဖို႔ ခက္တာ သဘာ၀ ပဲေပါ့။ ခါးသီးစြာ ခြဲခြာခဲ့ရတယ္ဆိုရင္ေတာင္ တခါတေလမွာ အခ်စ္ဦးနဲ႔ရွိခဲ့ဖူးတဲ့အမွတ္တရ ပံုရိပ္ေတြကို အသည္းမွာ ထြင္းထားခံရသလို ျဖစ္တတ္ၾကမွာပါ။
(၅) ငယ္ရြယ္စဥ္ အပူအပင္မရွိတဲ့ ဘ၀မွာ ခ်စ္ခဲ့ရတဲ့ ဦးဆံုးအခ်စ္။
အမ်ားအားျဖင့္ ဆယ္ေက်ာ္သက္ ငယ္ရြယ္စဥ္က အခ်စ္ဦးနဲ႔ ေတြ႔ဆံုခဲ့ၾကတယ္ ဟုတ္။ အဲဒိအခ်ိန္ဟာ လူငယ္ေတြအတြက္ ကိုယ္ရူးသြပ္တာေတြကို စိတ္တိုင္းက် အခ်ိန္ေပးျပီး လုပ္ႏိုင္တဲ့အခ်ိန္ေပါ့။ အလုပ္အကိုင္အတြက္ ေငြေၾကးအတြက္ လူမွုေရးျပသနာ စသျဖင့္ စိုးရိမ္စရာမလိုတဲ့ ကာလ ဆိုလည္း ။မမွားပါဘူး ေက်ာင္းမွာ ေက်ာင္းစာေတြ လုိက္လုပ္ေနရတာကလြဲရင္ အပူအပင္အမ်ားၾကီး မရွိတဲ့အခ်ိန္မွာ သူ႔ကို ခ်စ္ေနရတာကပဲ ၂၄နာရီ(၇)ရက္ အလုပ္တစ္ခုမဟုတ္လား။ ကိုယ့္ခ်စ္သူကိုပဲ အခ်ိန္အကုန္ ေပးျပီး ျဖတ္သန္းရတဲ့အခါ တြယ္တာမွဳအတိုင္းအတာကေတာ့ ေျပာဖို႔မလိုေအာင္ ၾကီးမားျပင္းထန္ေနမွာပါ။
(၆) ငယ္ဘ၀က ဦးဆံုးအခ်စ္သည္ အျဖဴစင္ဆံုး အသန္႔ရွင္းဆံုး ၊
ဦးဆံုး ခ်စ္ခဲ့ဖူးတဲ့ အခ်စ္မွာ အေကာက္အေကြ႔ေတြ မရွိဘူး ဂိမ္းေတြ မရွိဘူး ခ်စ္သူဆီက ဘာရရမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြ မရွိဘူး ဥစၥာ ဓန ပကာသနေတြ မပါဘူး။ ႏွလံုးသားရဲ့ ေျပာစကား တစ္ခုတည္းကို ပဲ နားေထာင္ျပီး ျဖဴစင္စြာ ခ်စ္ျမတ္ႏိုးတတ္ၾကတာ။ အရွင္းဆံုး ေျပာရရင္ ကေလးတစ္ေယာက္ရဲ့ အခ်စ္လိုပဲ။ ခ်စ္ေနရရင္ ျပီးေရာ။ ဘ၀မွာ ဘယ္ေတာ့မွ ထပ္မရႏိုင္ေတာ့တဲ့ ျဖဴစင္တဲ့အခ်စ္မ်ိဳးေပါ့။ အခ်စ္တစ္ခုတည္းကိုပဲ လြတ္လပ္ေပ်ာ္ရႊင္စြာ ေရြးခ်ယ္ခဲ့ရတဲ့ ထူးျခားလွပတဲ့ သုခကမၻာေလးကို ဘယ္လို အင္အားမ်ိဳးနဲ႔ ေမ့ေဖ်ာက္ႏိုင္ပါ့မလဲေနာ္။
အခ်စ္ဦးနဲ႔ ဆံုၾကရသူေတြ ရွိမယ္ အေၾကာင္းမတိုက္ဆိုင္လို႔ ဖူးစာမပါလို႔ ခြဲခြာခဲ့ၾကရတဲ့သူေတြ ရွိမယ္။ ဘာပဲျဖစ္ျဖစ္ တသက္မွာ တစ္ခါသာ ရွိခဲ့ဖူးတဲ့ အခ်စ္ဦးကို အမွတ္ရေနတတ္တာေတာ့ လူတိုုင္းပါပဲ။ (အမွတ္ရတာနဲ႔ ခ်စ္တာနဲ႔ မတူဘူူးေနာ္။)
Credit: (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
အချစ်ဦးကို ဘာလို့ မေ့ဖျောက်ဖြစ်ဖို့ခက်ခဲ တတ်ကြတာလဲ။ ရည်းစားဦးဆိုတာ ငယ်ရွယ်ချိန်က စိတ်ကူးအိမ်မက်တစ်ခုလို အတွေးအာရုံထဲမှာ တဝဲ လည်လည် အမြဲပေါ်လာတတ်တာမျိုး။ အချစ်ဦးနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေ သတိရစရာတွေကို ခွဲခွာခဲ့ရရင်တောင် ဖျောက်ဖျက်ဖို့ ဘယ်လောက်ကြိုးစားကြိုးစား အခက်ခဲဆုံး ဖြစ်တတ်ကြတာ လူတိုင်းပါပဲ။ ဒါ ဘာလို့လဲ။ ထူးခြားတဲ့ အကြောင်းပြချက်လေးတွေတော့ရှိမှာပေါ့။
(၁) ဦးဆုံးအချစ်ဆိုတာ ဘဝမှာ ပထမဦးဆုံးတွေ့ကြုံရတဲ့ အမှတ်ရဖွယ် အကောင်းဆုံး အဖြစ်အပျက်တိုင်းလိုပါပဲ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ အမြဲစွဲကျန်တတ်ပါတယ်။
တစ်ခါမှ မလုပ်ဖူး မကြုံဖူးတဲ့ အရာတစ်ခုကို စတင် လုပ်မိတဲ့ အမှတ်တရဆိုရင် ဘယ်တော့မဆို ပြန်တွေးတွေး အသေးစိတ် မှတ်မိနေတတ်ကြတယ်။ ဥပမာ – ပထမဆုံး ကျောင်းတက်ရတဲ့နေ့၊ အဖေနဲ့ တခါမှ မခွဲဖူးပဲ ခွဲရတဲ့ အဖြစ်မျိုး၊ ဆိုင်ကယ် စမောင်းတဲ့နေ့၊ သားဦးလေး သမီးဦးလေး ၊ ပထမဆုံး ရဖူးတဲ့ ဆု၊ ပထမဆုံးရေးခဲ့တဲ့ ဝတ္ထု စသဖြင့် ဒီအမှတ်တရတွေဆိုတာ နှစ်တွေ ဘယ်လောက်ကြာကြာ ဟောင်းနွမ်းမသွားပဲ ဘဝမှာ နေရာတစ်ခု အမြဲ ရှိနေတတ်သလိုပေ့ါ။ အချစ်ဦးဆိုတာကတော့ ဒီထက် ပိုပါတယ်။ တစ်ခါမှ မချစ်ဖူးတဲ့ နှလုံးသားနဲ့ ရူးရူးမူးမူး စီးမျောပြီး ချစ်ကြတာ ဆိုတော့ မေ့ဖျောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
(၂) စိတ်လှုပ်ရှားဖွယ်ကောင်းသော ရင်ခုန်ဖွယ် အထိအတွေ့ တွေကို ပထမဦးဆုံး ခံစားရလို့ပါပဲ။
ဘဝမှာ တခါမှ မခံစားရဖူးတဲ့ အနမ်းတွေ လက်တွဲထားရတာမျိုးတွေ ပွေ့ဖက်ခံရတာတွေ ချစ်သူ သဘာ၀ ပူးပူးကပ်ကပ်နေရတာတွေ ကို ဦးဆုံးကြုံဖူးတဲ့ အခိုက်အတန့်လေးတွေဟာ အချစ်ဦးနဲ့ ပဲ မဟုတ်လား။ ငယ်ရွယ် စဉ် ရှက်သွေးဖြာလို့ ရင်ဘတ်ထဲမှာ ကုလား ဘုရားလှည့်သလို တဒုန်းဒုန်းနဲ့ ရင်ခုန်သံတွေ အမြန်ဆုံး ရောက်ခဲ့တဲ့ အမှတ်တရလေးတွေပဲပေါ့။ ပထမဦးဆုံးအနမ်းကို ဘယ်အချိန်က ရခဲ့လဲ လို့ မေးရင် ရင်ထဲမှာ နွေးနွေးလေး ဖြစ်သွားကြတယ်မို့လား။ ဆယ်ကျော်သက်အရွယ် အချိုမြိန်ဆုံး စိတ်လှုပ်ရှားဖို့ အကောင်းဆုံး အမှတ်တရ တွေကို ဖန်တီးပေးတာ ရည်းစားဦး ဆိုရင် မမှားပါဘူး။
(၃)အချစ်ဦး ရည်းစားဦးဆိုတာ အချစ်ကို စတင်ထိတွေ့ဖို့ သင်ကြားပေးတဲ့ ဆရာတစ်ဦး။
အချစ်ဆိုတာ ဘာလဲ သိအောင် ချစ်တတ်အောင် သင်ပြပေးတာ အချစ်ဦးပဲပေ့ါ။ ရင်ခုန်တတ်ဖို့ ကြည်နူးတတ်ဖို့ ခွျှဲနွဲ့တတ်ဖို့ သင်ပေးတာလည်း သူပဲလေ။ အချစ်နဲ့ ပတ်သတ်တဲ့ အလွမ်း၊ အဆွေး သင်ခန်းစာတွေ အများကြီးကို ပို့ချပေးသေးတယ်လေ။ ဒါ့ကြောင့် ဘဝမှာ မမေ့နိုင်ဖြစ်တတ်ကြတာပဲပေါ့။
(၄) ဘယ်တော့မှ မပြောင်းလဲတဲ့ ထာဝရ အချစ်ဆိုတာကို အချစ်ဦးကို ချစ်ခဲ့စဉ်က ယုံကြည်ခဲ့ကြတယ်လေ။
အချစ်ဦးကို ရူးရူးမူးမူး တွယ်တွယ်တာတာ နှစ်နှစ်ကာကာ ချစ်ဖူးခဲ့ကြမှာပဲ။ ဘယ်တော့မှ မခွဲဖူးဆိုတဲ့ ကတိတွေ သံသရာထိ ချစ်ကြမယ်ဆိုတဲ့ ကတိတွေ အရာအားလုံးကို ဆန့်ကျင်ပြီး အသည်းတစ်ခုလုံးကို ပုံအောပြီး ရူးသွပ်ခဲ့ကြတော့ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားတော့တာပါပဲ။ အိမ်မက် ၊ စိတ်ကူးယဉ်ကမ္ဘာ ရှိသမျှ မျော်လင့်ချက်တွေ အားလုံးကို သူ့ဆီမှာပဲ ဆိုတော့ ဖျောက်ဖျက်ဖို့ ခက်တာ သဘာ၀ ပဲပေါ့။ ခါးသီးစွာ ခွဲခွာခဲ့ရတယ်ဆိုရင်တောင် တခါတလေမှာ အချစ်ဦးနဲ့ရှိခဲ့ဖူးတဲ့အမှတ်တရ ပုံရိပ်တွေကို အသည်းမှာ ထွင်းထားခံရသလို ဖြစ်တတ်ကြမှာပါ။
(၅) ငယ်ရွယ်စဉ် အပူအပင်မရှိတဲ့ ဘဝမှာ ချစ်ခဲ့ရတဲ့ ဦးဆုံးအချစ်။
အများအားဖြင့် ဆယ်ကျော်သက် ငယ်ရွယ်စဉ်က အချစ်ဦးနဲ့ တွေ့ဆုံခဲ့ကြတယ် ဟုတ်။ အဲဒိအချိန်ဟာ လူငယ်တွေအတွက် ကိုယ်ရူးသွပ်တာတွေကို စိတ်တိုင်းကျ အချိန်ပေးပြီး လုပ်နိုင်တဲ့အချိန်ပေါ့။ အလုပ်အကိုင်အတွက် ငွေကြေးအတွက် လူမှုရေးပြသနာ စသဖြင့် စိုးရိမ်စရာမလိုတဲ့ ကာလ ဆိုလည်း ။မမှားပါဘူး ကျောင်းမှာ ကျောင်းစာတွေ လိုက်လုပ်နေရတာကလွဲရင် အပူအပင်အများကြီး မရှိတဲ့အချိန်မှာ သူ့ကို ချစ်နေရတာကပဲ ၂၄နာရီ(၇)ရက် အလုပ်တစ်ခုမဟုတ်လား။ ကိုယ့်ချစ်သူကိုပဲ အချိန်အကုန် ပေးပြီး ဖြတ်သန်းရတဲ့အခါ တွယ်တာမှုအတိုင်းအတာကတော့ ပြောဖို့မလိုအောင် ကြီးမားပြင်းထန်နေမှာပါ။
(၆) ငယ်ဘဝက ဦးဆုံးအချစ်သည် အဖြူစင်ဆုံး အသန့်ရှင်းဆုံး ၊
ဦးဆုံး ချစ်ခဲ့ဖူးတဲ့ အချစ်မှာ အကောက်အကွေ့တွေ မရှိဘူး ဂိမ်းတွေ မရှိဘူး ချစ်သူဆီက ဘာရရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မရှိဘူး ဥစ္စာ ဓန ပကာသနတွေ မပါဘူး။ နှလုံးသားရဲ့ ပြောစကား တစ်ခုတည်းကို ပဲ နားထောင်ပြီး ဖြူစင်စွာ ချစ်မြတ်နိုးတတ်ကြတာ။ အရှင်းဆုံး ပြောရရင် ကလေးတစ်ယောက်ရဲ့ အချစ်လိုပဲ။ ချစ်နေရရင် ပြီးရော။ ဘဝမှာ ဘယ်တော့မှ ထပ်မရနိုင်တော့တဲ့ ဖြူစင်တဲ့အချစ်မျိုးပေါ့။ အချစ်တစ်ခုတည်းကိုပဲ လွတ်လပ်ပျော်ရွှင်စွာ ရွေးချယ်ခဲ့ရတဲ့ ထူးခြားလှပတဲ့ သုခကမ္ဘာလေးကို ဘယ်လို အင်အားမျိုးနဲ့ မေ့ဖျောက်နိုင်ပါ့မလဲနော်။
အချစ်ဦးနဲ့ ဆုံကြရသူတွေ ရှိမယ် အကြောင်းမတိုက်ဆိုင်လို့ ဖူးစာမပါလို့ ခွဲခွာခဲ့ကြရတဲ့သူတွေ ရှိမယ်။ ဘာပဲဖြစ်ဖြစ် တသက်မှာ တစ်ခါသာ ရှိခဲ့ဖူးတဲ့ အချစ်ဦးကို အမှတ်ရနေတတ်တာတော့ လူတိုုင်းပါပဲ။ (အမှတ်ရတာနဲ့ ချစ်တာနဲ့ မတူဘူူးနော်။)
Credit: (For Her Myanmar)
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အခ်စ္ဦးကို ဘာ့ေၾကာင့္ ေမ့မရျဖစ္ၾကရသလဲ ဆိုတာ...
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။