iMyanmarHouse.com - Best Property Website for Myanmar
×
(၁)ရေခဲ
(၂)သံပရို
(၃)သွားတိုက်ဆေး
(၄)ရေနွေးငွေ့
Credit: AuntyMay
Unicode Version
၀က်ခြံဟာ ဆယ်ကျော်သက်အရွယ်တွေမှာ အများဆုံး အဖြစ်များတဲ့အရေပြားပြဿနာတစ်ခုပါ။
အမေရိကန်မှာဆိုရင်တော့ ဝက်ခြံပေါက်တဲ့ လူ(၁၇)သန်းမှာ (၈၅) ရာခိုင်နှုန်းလောက်ဟာ အသက်(၁၂)နဲ့(၂၄)နှစ်ကြား အရွယ်တွေဖြစ်ပါ တယ်။ အမျိုးသားရော၊အမျိုးသမီးတွေရဲ့ မျက်နှာပေါ်မှာ ပေါက်တဲ့ ဝက် ခြံ တွေကို ဖြေ ရှင်းနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။အဲ့ဒီထဲကမှ အချိန်ကုန် ငွေကုန် သက်သာပြီး တစ်ညအတွင်း ဝက်ခြံပျောက်ကင်းအောင် လုပ်နိုင်မယ့် နည်း လမ်းတွေကို ပြောပြပေးချင်ပါတယ်။
(၁)ရေခဲ
ရေခဲဟာ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ယမ်းခြင်းတွေ၊နီမြန်းခြင်းတွေကကို သက်သာစေပါတယ်။ဒါ့အပြင်
ကပ်လိုက်တဲ့နေရာကိုလည်း သွေးလည်ပတ်မှုတွေ ပိုေ ကာင်းလာအောင် ကူညီပေးနိုင်ပါတယ်။
အသားအရေမှာချွေးပေါက်ပိတ်နေတာ ၊ဆီနဲ့အညစ်အကြေးတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။
ရေခဲတုံးအသေးကို အ ဝတ်ပါးတစ်ခုထဲမှာထည့်ထုပ်ပြီး ဝက်ခြံပေါက်နေတဲ့ နေရာအပေါ်ကို
 စက္ကန့်အ နည်းငယ်ကြာ ထားပေးပါ။ငါးမိနစ်လောက်စောင့်ပြီးမှ နောက်ထပ်တစ်ကြိမ် ထပ်လုပ်ပါ။
(၂)သံပရို
သံပရိုသီးမှာ ဝက်ခြံတွေအတွက်ကောင်းတဲ့ဗီတာမင်စီဓါတ်ပါရှိပါတယ်။သံပရိုရည်မှာခြောက်သွေ့စေနိုင်
တဲ့ဓါတ်ပါရှိပါတယ်။ဝက်ခြံအတွက် သံပရိုကိုသုံး ချင် တယ်ဆိုရင်တော့ သံပရိုသီးကိုခြမ်းပြီး အရည်ညှစ်ပါ။ပြီးရင်တော့ သံပရိုရည်ထဲ ကို သန့်ရှင်းခြောက်သွေ့တဲ့နားကြပ်တံကို ထည့်ပါ။
နားကြပ်တံ ထိပ်ဖူးကိုသံပ ရို ရည်ထဲနှစ်လိုက်၊ဝက်ခြံကို တို့လိုက်လုပ်ပေးပါ။အိပ်ယာမဝင်ခင်မှာ ခုလို လု ပ်ပေးခြင်းအားဖြင့် ဝက်ခြံကို သိသိသာသာပျောက်ကင်းစေမှာဖြစ်ပါတယ်။နော က်တစ်နည်းကတော့ သံပရိုလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့သစ်ကြားပိုးခေါက် အ မှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောပြီး ဝက်ခြံမှာပုံပေးပါ။မနက်ကျရင်ေ တာ့ ရေနွေးနွေးလေးနဲ့ဆေးချပေးလိုက်ပါ။
(၃)သွားတိုက်ဆေး
သွားတိုက်ဆေးဟာလည်း ဝက်ခြံကို ကုသပေးနိုင်တဲ့ အရာတွေထဲက တစ်ခုပါ။ သွားတိုက်ဆေးအနည်းငယ်ကို ဝက်ခြံဖြစ်နေတဲ့ နေရာအပေါ်အုံပေးရမှာဖြစ် ပါတယ်။
Gel Type သွားတိုက်ဆေးမျိုး မဖြစ်ဖို့တော့ လိုပါတယ်။ညအိပ်ယာ မဝင်ခင် ဝက်ခြံပေါ်သို့ သွားတိုက်ဆေးပုံပေးပါ။မနက်ကျ ရင်တော့ ရေနွေးနွေးေ လးနဲ့ဆေးချပေးလိုက်ပါ။
(၄)ရေနွေးငွေ့
ဒီနည်းလမ်းကတော့ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပွင့်စေသလို ဗက်တီးရီး ယား၊အညစ်အကြေးနဲ့
အဆီတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ ဝက်ခြံ တစ်ခုတည်းကြောင့် မဟုတ်ပဲ တခြားမျက်နှာ
အသားအရေလှပမှုအတွက်လည်း ဒီနည်းလမ်းကိုသုံးလို့ရပါတယ်။ရေနွေးပူပူကို ရေဇလုံကြီးကြီး
တစ်ခုထဲကို လောင်းထည့်လိုက်ပါ။မျက်နှာကို ရေဇလုံနဲ့မနီးလွန်း မဝေးလွန်း(ကိုယ်အဆင်ပြေ တဲ့ နေရာအကွာအဝေး)လောက်မှာ ထားပေးပါ။ပုံမှာ ပြထားတဲ့အတိုင်း ခေါင်း ကို တဘက်နဲ့ခြုံပြီး ရေနွေးငွေ့ ခံပေးရမှာပါ။။အရမ်းကြီးအပူခံတာမျိုး မလုပ်ပါ နဲ့။ကိုယ်လုံလောက်တဲ့အပူကိုရတဲ့ နေရာနားလောက်မှာ (၅)မိနစ် (၁၀)မိနစ်ေ လာက်ကြာအောင်ထားပေးပါ။ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာကိုသစ်ပြီး အဆီမပါတဲ့ moisturizer ကိုလိမ်းပေးရမှာဖြစ်ပါတယ်။
Credit: AuntyMay
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top