iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ေရးတစ္ခုဆိုတာ နွစ္ေတြၾကာလာတာနဲ႕ ခ်ဳိ႕ယြင္းလာေတာ့တာပါပဲ။တစ္ခါတစ္ရံမွာ သင္အိမ္
ေထာင္ဖက္အေပၚ အနုိင္က်င့္ တာေတြ၊လိမ္လည္တာေတြက မေကာင္းမွန္း သင္သိေနေပမဲ့ သင္လုပ္မိတဲ့
အရာေတြရွိေနမွာပါ။တစ္ခါတစ္ရံမွာသင့္အိမ္ေထာင္ဖက္ကုိ သစၥာေဖာက္ဖုိ႕ အားေကာင္းတဲ့ ေသြးေဆာင္မႈ
ေတြေနာက္ကုိ သင္လုိက္ပါလု နီးပါးျဖစ္ရင္ျဖစ္ခဲ့မွာပါ။သင့္အိမ္ေထာင္ေရးကုိ တည္ျမဲေစခ်င္တယ္ဆုိရင္
သင္အေနနဲ႕စမ္းၾကည့္သင့္တဲ့ နည္းလမ္းအနည္းငယ္ကုိ ေဖာ္ျပေပးလုိက္ပါတယ္။

၁။သင့္အိမ္ ေထာင္ဖက္ထက္ ေနာက္တစ္ေယာက္ကုိ ပုိျပီး နွစ္သက္မိေနတယ္ဆုိတာ မိမိကုိယ္ကုိ ၀န္ခံပါ။

အျခားတစ္ေယာက္ကုိ အိမ္ေထာင္ဖက္ထက္ နွစ္သက္ေနေပမဲ့ ဒီစိတ္ၾကီးေပၚလာတုိင္း မႏုိင္မနင္းနဲ႕ ေရွာင္ေျပးေနရင္ေတာ့ ပုိဆုိးလာဖုိ႕ပဲရွိမွာပါ။ဒီေတာ့ အိမ္ေထာင္ဖက္ထက္ အျခားေသာ သူတစ္ေယာက္ကုိ ႏွစ္သက္ေနမိတယ္ဆုိတာကုိ မိမိကုိယ္ကုိ ၀န္ခံလုိက္ပါ။ျပီးတာနဲ႕ အတိတ္ကုိထားခဲ့ျပီး အနာဂတ္အသစ္ကုိ ဆက္ေလွ်ာက္လွမ္းလုိက္ပါ။

၂။ေ၀းေ၀းကေရွာင္ပါ။

တကယ္လုိ႕သင္ကုိ အိမ္ေထာင္ဖက္ကုိ သစၥာမေဖာက္ဘူးကြာလုိ႕ ဆုံးျဖတ္လုိက္ရင္ေတာ့ အေကာင္းဆုံး
နည္းလမ္းက သင္ႏွစ္သက္မိေနတဲ့ တစ္ေယာက္ကုိ ေ၀းေ၀းက ေရွာင္ပါ။အခ်ိန္တန္ရင္ သူလည္း သူ႕ဘ၀နဲ႕သူျဖစ္သြားပါလိမ့္မယ္။ဒါအျပင္ သင္ႏွစ္သက္မိေနတဲ့တစ္ေယာက္ကုိ သင့္ဇနီးနဲ႕ အမွတ္တမဲ့ေတြ႕ဆုံ မိ
သြားေအာင္ လုပ္ေပးလုိ႕လည္းရပါတယ္။


၃။သစၥာေဖာက္ျခင္း၊လိမ္လည္ျခင္းေတြရဲ႕ေရရွည္အက်ဳိးဆက္ေတြကုိ သိရွိလက္ခံထားပါ။

သင္သစၥာေဖာက္လုိက္မွ တစ္သက္လုံးေပ်ာ္မယ္လုိ႕ယုံၾကည္ေနရင္ေတာ့ ဆက္လုပ္ပါ။ဒါေပမဲ့ တဒဂၤသာယာမႈအတြက္ သင့္အိမ္ေထာင္ဖက္ကုိ သစၥာေဖာက္လိမ္လည္မယ္ဆုိရင္ သင့္အေနနဲ႕ အိမ္ေထာင္ေရးကုိ
အႏၱရာယ္ၾကားထဲ တြန္းပုိ႕ေနမိတယ္ဆုိတာကုိ လက္ခံထားဖုိ႕ လုိအပ္ပါတယ္။ခ်စ္လို႕ယူခဲ့တဲ့ အိမ္ေထာင္ေရးတစ္ခုဟာ ႏွစ္ေတြ ၾကာလာတဲ့အခါ သင့္လုပ္ရပ္ေၾကာင့္ ဘာေတြဆက္ျဖစ္သြားမလဲဆုိတာ ျမင္ေယာင္ထားဖုိ႕လုိအပ္ပါတယ္။မိမိမွာ ရင္ေသြးေလးေတြရွိရင္လည္း ဒီရင္ေသြးေတြ ၾကီးလာရင္ မိမိရဲ႕လုပ္ရပ္ေၾကာင့္ ဘာေတြျဖစ္သြားမလဲဆုိတာကုိ ၾကဳိတင္ျမင္ထားဖုိ႕လည္း လုိအပ္ပါတယ္။

၄။ စိတ္ခ်ယံုၾကည္ရတဲ့ သူငယ္ခ်င္းကုိ ရင္ဖြင့္ပါ။

သင္အိမ္ေထာင္ဖက္ထက္ ပုိျပီးႏွစ္သက္စရာေကာင္းတဲ့ သူတစ္ေယာက္ရဲ႕ ဆြဲေဆာင္မႈေတြေအာက္မွာ
သင္ရုန္းကန္ေနရတယ္ဆုိရင္ေတာ့ သင္ယုံၾကည္ရတဲ့ သူငယ္ခ်င္းတစ္ေယာက္ကုိ ရင္ဖြင့္တုိင္ပင္ဖုိ႕လုိအပ္ပါတယ္။သင္ရဲ႕အခက္အခဲအတြက္ ခံစားနားလည္ေပးႏုိင္တဲ့ သူငယ္ခ်င္းတစ္ေယာက္ကုိ ရင္ဖြင့္တုိင္ပင္ျပီးသင့္အိမ္ေထာင္ေရး တည္တံ့ဖုိ႕ ဘယ္လုိလုပ္ေဆာင္သင့္လဲဆုိတဲ့ အျမင္ေတြကုိ ေတာင္းခံသင့္ပါတယ္။

၅။သင့္အိမ္ေထာင္ဖက္နဲ႕ ယုံၾကည္မႈ နားလည္မႈကုိ တည္ေဆာက္ပါ။

သင့္ရဲ႕ အိမ္ေထာင္ေရးအေပၚ အာရုံစုိက္ထားျပီး သင္အိမ္ေထာင္ဖက္အေပၚမွာ ယုံၾကည္မႈရွိပါ။အိမ္ေထာင္ဖက္နဲ႕ အေၾကာင္းအရာေတြကုိ သုိ၀ွက္ထားဖုိ႕ မၾကဳိးစားပဲ ပြင့္ပြင့္လင္းလင္းတုိင္ပင္ပါ။အိမ္ေထာင္ေရး တည္ျမဲေစဖို႕အတြက္ လုပ္ေဆာင္သင့္တဲ့အေရးၾကီးတဲ့အခ်က္က သင္နဲ႕ သင္အိမ္ေထာင္ဖက္တုိ႕မွာ ပြင့္လင္းတဲ့ ဆက္သြယ္မႈတစ္ခု ရွိေနဖုိ႕ပါပဲ။သင့္ဘယ္လုိခံစားေနရလဲ၊ဘာေတြလုပ္ေနလဲဆုိတာကုိ သင့္အိမ္ေထာင္ဖက္ကုိ ပြင့္ပြင့္လင္းလင္း ဖြင့္ေျပာျပဖုိ႕လုိအပ္ပါတယ္။ဒီလုိတုိင္ပင္ျခင္းျဖင့္ ျပႆနာတစ္ခုကုိ သင္နဲ႕ သင့္အိမ္ေထာင္ဖက္အတြက္ ႏွစ္ေယာက္လုံးအဆင္ေျပေစမဲ့ အေျဖတစ္ခုကုိ အတူတူ ရွာၾကံၾကႏုိင္မွာလည္း ျဖစ္ပါတယ္။
Credit :  (Shwemom)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အိမ်ထောင်ရေးတစ်ခုဆိုတာ နှစ်တွေကြာလာတာနဲ့ ချို့ယွင်းလာတော့တာပါပဲ။တစ်ခါတစ်ရံမှာ သင်အိမ်
ထောင်ဖက်အပေါ် အနိုင်ကျင့် တာတွေ၊လိမ်လည်တာတွေက မကောင်းမှန်း သင်သိနေပေမဲ့ သင်လုပ်မိတဲ့
အရာတွေရှိနေမှာပါ။တစ်ခါတစ်ရံမှာသင့်အိမ်ထောင်ဖက်ကို သစ္စာဖောက်ဖို့ အားကောင်းတဲ့ သွေးဆောင်မှု
တွေနောက်ကို သင်လိုက်ပါလု နီးပါးဖြစ်ရင်ဖြစ်ခဲ့မှာပါ။သင့်အိမ်ထောင်ရေးကို တည်မြဲစေချင်တယ်ဆိုရင်
သင်အနေနဲ့စမ်းကြည့်သင့်တဲ့ နည်းလမ်းအနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။သင့်အိမ်ထောင်ဖက်ထက် နောက်တစ်ယောက်ကို ပိုပြီး နှစ်သက်မိနေတယ်ဆိုတာ မိမိကိုယ်ကို ဝန်ခံပါ။

အခြားတစ်ယောက်ကို အိမ်ထောင်ဖက်ထက် နှစ်သက်နေပေမဲ့ ဒီစိတ်ကြီးပေါ်လာတိုင်း မနိုင်မနင်းနဲ့ ရှောင်ပြေးနေရင်တော့ ပိုဆိုးလာဖို့ပဲရှိမှာပါ။ဒီတော့ အိမ်ထောင်ဖက်ထက် အခြားသော သူတစ်ယောက်ကို နှစ်သက်နေမိတယ်ဆိုတာကို မိမိကိုယ်ကို ဝန်ခံလိုက်ပါ။ပြီးတာနဲ့ အတိတ်ကိုထားခဲ့ပြီး အနာဂတ်အသစ်ကို ဆက်လျှောက်လှမ်းလိုက်ပါ။

၂။ဝေးဝေးကရှောင်ပါ။

တကယ်လို့သင်ကို အိမ်ထောင်ဖက်ကို သစ္စာမဖောက်ဘူးကွာလို့ ဆုံးဖြတ်လိုက်ရင်တော့ အကောင်းဆုံး
နည်းလမ်းက သင်နှစ်သက်မိနေတဲ့ တစ်ယောက်ကို ဝေးဝေးက ရှောင်ပါ။အချိန်တန်ရင် သူလည်း သူ့ဘဝနဲ့သူဖြစ်သွားပါလိမ့်မယ်။ဒါအပြင် သင်နှစ်သက်မိနေတဲ့တစ်ယောက်ကို သင့်ဇနီးနဲ့ အမှတ်တမဲ့တွေ့ဆုံ မိ
သွားအောင် လုပ်ပေးလို့လည်းရပါတယ်။


၃။သစ္စာဖောက်ခြင်း၊လိမ်လည်ခြင်းတွေရဲ့ရေရှည်အကျိုးဆက်တွေကို သိရှိလက်ခံထားပါ။

သင်သစ္စာဖောက်လိုက်မှ တစ်သက်လုံးပျော်မယ်လို့ယုံကြည်နေရင်တော့ ဆက်လုပ်ပါ။ဒါပေမဲ့ တဒင်္ဂသာယာမှုအတွက် သင့်အိမ်ထောင်ဖက်ကို သစ္စာဖောက်လိမ်လည်မယ်ဆိုရင် သင့်အနေနဲ့ အိမ်ထောင်ရေးကို
အန္တရာယ်ကြားထဲ တွန်းပို့နေမိတယ်ဆိုတာကို လက်ခံထားဖို့ လိုအပ်ပါတယ်။ချစ်လို့ယူခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုဟာ နှစ်တွေ ကြာလာတဲ့အခါ သင့်လုပ်ရပ်ကြောင့် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ မြင်ယောင်ထားဖို့လိုအပ်ပါတယ်။မိမိမှာ ရင်သွေးလေးတွေရှိရင်လည်း ဒီရင်သွေးတွေ ကြီးလာရင် မိမိရဲ့လုပ်ရပ်ကြောင့် ဘာတွေဖြစ်သွားမလဲဆိုတာကို ကြိုတင်မြင်ထားဖို့လည်း လိုအပ်ပါတယ်။

၄။ စိတ်ချယုံကြည်ရတဲ့ သူငယ်ချင်းကို ရင်ဖွင့်ပါ။

သင်အိမ်ထောင်ဖက်ထက် ပိုပြီးနှစ်သက်စရာကောင်းတဲ့ သူတစ်ယောက်ရဲ့ ဆွဲဆောင်မှုတွေအောက်မှာ
သင်ရုန်းကန်နေရတယ်ဆိုရင်တော့ သင်ယုံကြည်ရတဲ့ သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်တိုင်ပင်ဖို့လိုအပ်ပါတယ်။သင်ရဲ့အခက်အခဲအတွက် ခံစားနားလည်ပေးနိုင်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရင်ဖွင့်တိုင်ပင်ပြီးသင့်အိမ်ထောင်ရေး တည်တံ့ဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတဲ့ အမြင်တွေကို တောင်းခံသင့်ပါတယ်။

၅။သင့်အိမ်ထောင်ဖက်နဲ့ ယုံကြည်မှု နားလည်မှုကို တည်ဆောက်ပါ။

သင့်ရဲ့ အိမ်ထောင်ရေးအပေါ် အာရုံစိုက်ထားပြီး သင်အိမ်ထောင်ဖက်အပေါ်မှာ ယုံကြည်မှုရှိပါ။အိမ်ထောင်ဖက်နဲ့ အကြောင်းအရာတွေကို သိုဝှက်ထားဖို့ မကြိုးစားပဲ ပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ။အိမ်ထောင်ရေး တည်မြဲစေဖို့အတွက် လုပ်ဆောင်သင့်တဲ့အရေးကြီးတဲ့အချက်က သင်နဲ့ သင်အိမ်ထောင်ဖက်တို့မှာ ပွင့်လင်းတဲ့ ဆက်သွယ်မှုတစ်ခု ရှိနေဖို့ပါပဲ။သင့်ဘယ်လိုခံစားနေရလဲ၊ဘာတွေလုပ်နေလဲဆိုတာကို သင့်အိမ်ထောင်ဖက်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြဖို့လိုအပ်ပါတယ်။ဒီလိုတိုင်ပင်ခြင်းဖြင့် ပြဿနာတစ်ခုကို သင်နဲ့ သင့်အိမ်ထောင်ဖက်အတွက် နှစ်ယောက်လုံးအဆင်ပြေစေမဲ့ အဖြေတစ်ခုကို အတူတူ ရှာကြံကြနိုင်မှာလည်း ဖြစ်ပါတယ်။
Credit :  (Shwemom)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top