လူအမ်ားက ခ်က္ေဆး လို႔ ေခၚတဲ့ ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္က က်န္းမာေရးအတြက္
အလြန္႔အလြန္ ေကာင္းမြန္တာကို အားလံုးသိၿပီးသားလို႔ ထင္ပါတယ္။ အသားအေရအတြက္
ရွားေစာင္းလက္ပတ္ကို အေရျပားေပၚတင္ လိမ္းေပးရုံနဲ႔ ဒီေလာက္
လွသြားေစႏိုင္တယ္ဆိုရင္ ရွားေစာင္းလက္ပတ္အႏွစ္ကိုသာ
အရည္ေဖ်ာ္ေသာက္မယ္ဆိုရင္ေတာ့ ေျပာစရာကို မလိုေတာ့ပါဘူး။
ရွားေစာင္းလက္ပတ္အႏွစ္နဲ႔ပဲ က်ိဳခ်က္ရင္ ဂ်ယ္လီေလးလို အိအိေလး
ျဖစ္သြားပါတယ္။ ေရာင္းမယ့္သူေတြကေတာ့ ခ်က္ေဆးကို ရွားေစာင္းအႏွစ္နဲ႔ပဲ
ခ်က္ရင္ မကိုက္တဲ့အတြက္ အခြံေတြပါ ထည့္က်ိဳခ်က္ၾကပါတယ္။
ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္အတြက္
လိုအပ္တဲ့အရာေတြကေတာ့ ရွားေစာင္းလက္ပတ္ တစ္ပင္၊ ထန္းလ်က္ရည္ (၄၀) သား၊
ႏွမ္းဆီ (၂၅) က်ပ္သား၊ ပ်ားရည္ (၁၀) က်ပ္သားရယ္ပဲ လိုပါမယ္။
ေဖ်ာ္ပံုေဖ်ာ္နည္းကေတာ့
ရွားေစာင္းလက္ပတ္ ေဘးႏွစ္ဘက္က ဆူးေလးေတြကို ဓားေလးနဲ႔ အရင္ ျဖတ္ရမယ္။
ၿပီးရင္ တစ္ရက္ေလာက္ ေထာင္ထားပါ။ ထြက္လာတဲ့ အဝါေရာင္အရည္ေတြကို
ဖယ္ပစ္လိုက္ပါ။ ဒီအဝါရည္ေတြကို မဖယ္ဘဲ က်ိဳမယ္ဆိုရင္
ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ေစႏိုင္ပါတယ္။
ၿပီးရင္ အခံြတစ္ဖက္ကို ဓားနဲ႔
အေပၚယံေလးတင္ လွီးဖယ္လိုက္မယ္။ အႏွစ္ကို ဇြန္း (သို႔) ဓားနဲ႔
ျခစ္ခ်လိုက္ရင္ အရည္ေတြ အမ်ားၾကီးထြက္လာမွာျဖစ္ျပီး အဲဒီ အရည္တစ္ဝက္ေလာက္ဘဲ
က်န္တဲ့အထိ အခ်ိန္အေတာ္ၾကာ က်ိဳထားရပါမယ္။ ထန္းလ်က္ခဲေတြကို
သက္သက္အရည္က်ိဳထားၿပီး ထန္းလ်က္ရည္မွာ ပါလာတဲ့ အနယ္ေတြကို ပိတ္စနဲ႔
ျဖစ္ျဖစ္ စစ္ေပးရမယ္။
ၿပီးရင္
ထန္းလ်က္ရည္က်ိဳထားတာကို ေစာေစာက ရွားေစာင္းလက္ပတ္က်ိဳထားတဲ့အရည္ထဲကို
ထည့္လိုက္ပါ။ ခဏေနရင္ ႏွမ္းဆီေလး နည္းနည္းပဲ ထည့္ျပီး ေမႊေပးပါ။ ေရခမ္းစ
ျပဳလာၿပီဆိုရင္ ပ်ားရည္ေလးထည့္ၿပီး ေမႊလိုက္မယ္။ က်ိဳေနရင္း အိုးမကပ္ေအာင္
မီးေအးေအးနဲ႔ တည္ေပးရမွာပါ။ က်ိဳထားတဲ့အရည္ထဲမွာ ေရက်န္ေနရင္
မႈိတက္တတ္တဲ့အတြက္ ေရခမ္းသည္ထိ ေမႊထားၿပီး က်ိဳေပးပါ။ က်န္တဲ့အရည္အႏွစ္ေတြက
ဂ်ယ္လီေလးလိုပဲ ေတာ္ေတာ္ႀကီး စားေကာင္းတဲ့
ရွားေစာင္းလက္ပတ္ေဖ်ာ္ရည္ရပါၿပီ။
အေရးၾကီးတာက
ရွားေစာင္းလက္ပတ္ပင္ကို ေရြးတဲ့အခါမွာ အပင္ သက္တမ္း အနည္းဆံုး (၂) ႏွစ္နဲ႔
အထက္ရွိတဲ့အပင္ေတြကို ေရြးရမွာပါ။ သက္တမ္း (၂) ႏွစ္နဲ႔
အထက္ရွိတဲ့အပင္ေတြမွာပဲ ထူးျခားေကာင္းမြန္တဲ့ ေဆးဖက္ဝင္ အစြမ္းသတၲိေတြ
ပါဝင္တာေၾကာင့္ပါ။ အရမ္းကို လွသြားေစတယ္ဆိုၿပီး တစ္ခ်ိန္လံုး
ေဖ်ာ္ေသာက္လို႔ေတာ့ မသင့္ေတာ္ပါဘူး။ တစ္လမွာ (၂) ႀကိမ္ေလာက္ ေသာက္ရုံနဲ႔
အူမၾကီးကို သန္႔စင္ေပးတာမို႔ ဆီး၊ ဝမ္း၊ ေလ ကိုမွန္ေစပါတယ္။
ကိုယ္အေလးခ်ိန္က်ေအာင္ဆိုၿပီး အလုအယက္ မွာဝယ္ေနၾကတဲ့ ခ်က္ေဆးဆိုတာ
ဒီရွားေစာင္းအႏွစ္ကို က်ိဳထားတာပါပဲ။
Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
လူအများက ချက်ဆေး လို့ ခေါ်တဲ့ ရှားစောင်းလက်ပတ်ဖျော်ရည်က ကျန်းမာရေးအတွက် အလွန့်အလွန် ကောင်းမွန်တာကို အားလုံးသိပြီးသားလို့ ထင်ပါတယ်။ အသားအရေအတွက် ရှားစောင်းလက်ပတ်ကို အရေပြားပေါ်တင် လိမ်းပေးရုံနဲ့ ဒီလောက် လှသွားစေနိုင်တယ်ဆိုရင် ရှားစောင်းလက်ပတ်အနှစ်ကိုသာ အရည်ဖျော်သောက်မယ်ဆိုရင်တော့ ပြောစရာကို မလိုတော့ပါဘူး။ ရှားစောင်းလက်ပတ်အနှစ်နဲ့ပဲ ကျိုချက်ရင် ဂျယ်လီလေးလို အိအိလေး ဖြစ်သွားပါတယ်။ ရောင်းမယ့်သူတွေကတော့ ချက်ဆေးကို ရှားစောင်းအနှစ်နဲ့ပဲ ချက်ရင် မကိုက်တဲ့အတွက် အခွံတွေပါ ထည့်ကျိုချက်ကြပါတယ်။
ရှားစောင်းလက်ပတ်ဖျော်ရည်အတွက် လိုအပ်တဲ့အရာတွေကတော့ ရှားစောင်းလက်ပတ် တစ်ပင်၊ ထန်းလျက်ရည် (၄၀) သား၊ နှမ်းဆီ (၂၅) ကျပ်သား၊ ပျားရည် (၁၀) ကျပ်သားရယ်ပဲ လိုပါမယ်။
ဖျော်ပုံဖျော်နည်းကတော့ ရှားစောင်းလက်ပတ် ဘေးနှစ်ဘက်က ဆူးလေးတွေကို ဓားလေးနဲ့ အရင် ဖြတ်ရမယ်။ ပြီးရင် တစ်ရက်လောက် ထောင်ထားပါ။ ထွက်လာတဲ့ အဝါရောင်အရည်တွေကို ဖယ်ပစ်လိုက်ပါ။ ဒီအဝါရည်တွေကို မဖယ်ဘဲ ကျိုမယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်ပါတယ်။
ပြီးရင် အခွံတစ်ဖက်ကို ဓားနဲ့ အပေါ်ယံလေးတင် လှီးဖယ်လိုက်မယ်။ အနှစ်ကို ဇွန်း (သို့) ဓားနဲ့ ခြစ်ချလိုက်ရင် အရည်တွေ အများကြီးထွက်လာမှာဖြစ်ပြီး အဲဒီ အရည်တစ်ဝက်လောက်ဘဲ ကျန်တဲ့အထိ အချိန်အတော်ကြာ ကျိုထားရပါမယ်။ ထန်းလျက်ခဲတွေကို သက်သက်အရည်ကျိုထားပြီး ထန်းလျက်ရည်မှာ ပါလာတဲ့ အနယ်တွေကို ပိတ်စနဲ့ ဖြစ်ဖြစ် စစ်ပေးရမယ်။
ပြီးရင် ထန်းလျက်ရည်ကျိုထားတာကို စောစောက ရှားစောင်းလက်ပတ်ကျိုထားတဲ့အရည်ထဲကို ထည့်လိုက်ပါ။ ခဏနေရင် နှမ်းဆီလေး နည်းနည်းပဲ ထည့်ပြီး မွှေပေးပါ။ ရေခမ်းစ ပြုလာပြီဆိုရင် ပျားရည်လေးထည့်ပြီး မွှေလိုက်မယ်။ ကျိုနေရင်း အိုးမကပ်အောင် မီးအေးအေးနဲ့ တည်ပေးရမှာပါ။ ကျိုထားတဲ့အရည်ထဲမှာ ရေကျန်နေရင် မှိုတက်တတ်တဲ့အတွက် ရေခမ်းသည်ထိ မွှေထားပြီး ကျိုပေးပါ။ ကျန်တဲ့အရည်အနှစ်တွေက ဂျယ်လီလေးလိုပဲ တော်တော်ကြီး စားကောင်းတဲ့ ရှားစောင်းလက်ပတ်ဖျော်ရည်ရပါပြီ။
အရေးကြီးတာက ရှားစောင်းလက်ပတ်ပင်ကို ရွေးတဲ့အခါမှာ အပင် သက်တမ်း အနည်းဆုံး (၂) နှစ်နဲ့ အထက်ရှိတဲ့အပင်တွေကို ရွေးရမှာပါ။ သက်တမ်း (၂) နှစ်နဲ့ အထက်ရှိတဲ့အပင်တွေမှာပဲ ထူးခြားကောင်းမွန်တဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်တာကြောင့်ပါ။ အရမ်းကို လှသွားစေတယ်ဆိုပြီး တစ်ချိန်လုံး ဖျော်သောက်လို့တော့ မသင့်တော်ပါဘူး။ တစ်လမှာ (၂) ကြိမ်လောက် သောက်ရုံနဲ့ အူမကြီးကို သန့်စင်ပေးတာမို့ ဆီး၊ ဝမ်း၊ လေ ကိုမှန်စေပါတယ်။ ကိုယ်အလေးချိန်ကျအောင်ဆိုပြီး အလုအယက် မှာဝယ်နေကြတဲ့ ချက်ဆေးဆိုတာ ဒီရှားစောင်းအနှစ်ကို ကျိုထားတာပါပဲ။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...