iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက်္ားေလးေတြဟာ သူတို႔အတြက္ အမ်ဳိးသမီးေတြ ဝတ္စားဆင္ယင္ေနၾကတာလုိ႔ ယူဆၾကပါတယ္။ ဟုတ္ပါသလား။ စိတ္ပညာရွင္ေတြေတာင္ အမ်ဳိးသမီးေတြ မွန္ေရွ႕မွာ အခ်ိန္ၾကာျမင့္စြာ ကုန္ဆုံးေစတဲ့အေၾကာင္းအရင္းကို စူးစမ္းလုိစိတ္ျဖစ္လာၾကပါတယ္။ ဒါေၾကာင့္ စစ္တမ္းတစ္ခုလုပ္ဖုိ႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ယင္းစစ္တမ္းေကာက္ေလ့လာမႈမွာ အရြယ္မ်ဳိးစုံနဲ႔ အမ်ဳိးသမီး ၂,၀၀၀ ေက်ာ္ ပါဝင္ေမးျမန္းခံခဲ့ၾကပါတယ္။ အမ်ားစုမွာ ၁၈ နဲ႔ ၃၀ ၾကားရိွသူေတြ ျဖစ္ပါတယ္။ စစ္တမ္းရလဒ္ေတြက အမ်ဳိးသားေတြကို အံ့ၾသမွင္သက္ျဖစ္ေစခဲ့ပါတယ္။

၁။ မိန္းကေလးေတြ အခ်ိန္ ၈၀ ရာခုိင္ႏႈန္းကို အျခားမိန္းကေလးေတြ စိတ္၀င္စားေစဖုိ႔  အလွဆင္ၾကတယ္လုိ႔ ဝန္ခံၾကပါတယ္။

ပထမတစ္ခ်က္က ရုပ္ရည္သားနားေအာင္ ထိန္းသိမ္းမႈ ဘာအတြက္ သူတုိ႔ လုပ္ၾကလဲဆုိတာ မ်ဳိးသမီးေတြသာ နားလည္ပါတယ္။ ဒုတိယတစ္ခ်က္က အမ်ဳိးသမီးေတြ သူတို႔အခ်င္းခ်င္း ခ်ီးမြမ္းေျပာဆုိဖို႔ ဘယ္ေတာ့မွ မေမ့ၾကပါဘူး။

၂။ ေနာက္ အံ့အားသင့္စရာ အခ်က္တစ္ခုက အမ်ဳိးသားေတြ လမ္းေလွ်ာက္ေနရင္း မိန္းကေလးမွန္သမွ်ၾကည့္သြားၾကပါတယ္။ ဒါေပမယ့္ အံ့ၾသစရာက မိန္းကေလးေတြ မိန္းကေလးအခ်င္းခ်င္းေတာင္ ျပန္ၾကည့္ၾကတာပါပဲ။

ဟုတ္ပါတယ္။ စစ္တမ္းမွာ မိန္းကေလးအမ်ားစု အျခားမိန္းကေလးေတြကို ဆံပင္ပုံစံ၊ အဝတ္အစား၊ အလွျပင္ဆင္မႈနဲ႔ ဖိနပ္ေတြကို အထူးသတိထားၾကည့္ၾကတယ္လုိ႔ သိရပါတယ္။ 

၃။ သူတုိ႔အတြက္ သူတုိ႔ အလွျပင္ဝတ္စားယင္ဆင္ၾကတာလုိ႔ မိန္းကေလးအခ်ဳိ႕ ဝန္ခံေျပာဆိုၾကပါတယ္။ ဒီအခ်က္က အထူးသျဖင့္ အသည္းကြဲျပီးေနာက္ပုိင္း သိပ္မွန္ပါတယ္။

ဒီလုိအေျခအေနမ်ဳိးမွာ အမ်ဳိးသမီးတစ္ေယာက္ဟာ သတိၱနဲ႔ မိမိကုိယ္ကုိယ္ယုံၾကည္မႈနဲ႔ မျပိဳမလဲ ရပ္တည္ခ်င္ၾကပါတယ္။ ကိုယ္ကာယေလ့က်င့္ခန္းျပဳလုပ္ျခင္းနဲ႔ ဝတ္စားဆင္ယင္မႈတုိ႔က ေန႔စဥ္ပုံမွန္အလုပ္ျဖစ္လာခဲ့ပါတယ္။ ေကာင္းစြာ ျပင္ဆင္ဝတ္စားျခင္းက စိတ္ေကာင္းရေစသလုိ အျပဳသေဘာေဆာင္တဲ့ စိတ္ေနသေဘာထားကို ေပးပါတယ္။

၄။ အထူးသျဖင့္ ေဟာေျပာမႈ၊ သင္ၾကားပုိ႔ခ်က္မႈတစ္ခုခု လုပ္ေတာ့မယ့္အခ်ိန္မွာ က်က်နန ျပင္ဆင္ဝတ္စားေၾကာင္း အမ်ဳိးသမီးတခ်ဳိ႕က ဆုိပါတယ္။

ဒီေနရာမွာ ရည္ရြယ္ခ်က္က အမ်ဳိးသားေတြ စိတ္စားမႈရေစဖုိ႔ မဟုတ္သလုိ အမ်ဳိးသမီးေတြအတြက္လည္း မပါပါဘူး။ ဒါေပမယ့္ သပ္ရပ္ေၾကာ့ရွင္းျပီး မိမိကုိယ္ကိုယ္ ယုံၾကည္မႈရိွကာ ၾသဇာတိကၠမနဲ႔ ျပည့္စုံေစဖုိ႔သာ ျဖစ္ပါတယ္။

၅။ စစ္တမ္းေကာက္ယူမႈမွာ အမ်ဳိးသမီး ၁၀ ရာခုိင္ႏႈန္းက ေယာက်္ားေလးေတြအတြက္ျဖစ္ျပီး အဲဒါကလည္း ပထမဆုံး ခ်ိန္းေတြ႔တဲ့အခ်ိန္မွာသာ သူတုိ႔အတြက္ ျပင္ဆင္ဝတ္စားတာလုိ႔ ဝန္ခံၾကပါတယ္။

က်န္တဲ့အခ်ိန္မွာ တျခားရည္ခ်က္အတြက္ (ေယာက်္ားေလးေတြအတြက္မဟုတ္) ဝတ္စားၾကပါသတဲ့။

၆။ သက္တူရြယ္တူေတြနဲ႔ လက္ေဖာ္ကိုက္ဖက္ေတြအဖုိ႔ ၾကည့္ေကာင္းျပီး ဖက္ရွင္က်ေခတ္ဆန္ဖုိ႔ ျပင္ဆင္ၾကဝတ္စားၾကတာလုိ႔ ၇၀% က ဆုိပါတယ္။

ဒီမွာ ဦးတည္ခ်က္က ကိုယ့္ကုိယ္ကုိ ၾကည့္လွဖုိ႔ျဖစ္ျပီး ဘယ္သူ႔မွ ဆြဲေဆာင္ဖုိ႔မဟုတ္ပါဘူး။

၇။ စိတ္ေက်နပ္မႈ ရဖုိ႔ ဝတ္ဆင္တာပါ။

ဘယ္သူ႔အတြက္မွ မဟုတ္ပါဘူးလုိ႔ အမ်ားစုက ဆုိပါတယ္။ စိတ္ေက်နပ္မႈ ရျခင္းက မိမိကုိယ္ကုိယ္ယုံၾကည္မႈ ရေစပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယောကျ်ားလေးတွေဟာ သူတို့အတွက် အမျိုးသမီးတွေ ဝတ်စားဆင်ယင်နေကြတာလို့ ယူဆကြပါတယ်။ ဟုတ်ပါသလား။ စိတ်ပညာရှင်တွေတောင် အမျိုးသမီးတွေ မှန်ရှေ့မှာ အချိန်ကြာမြင့်စွာ ကုန်ဆုံးစေတဲ့အကြောင်းအရင်းကို စူးစမ်းလိုစိတ်ဖြစ်လာကြပါတယ်။ ဒါကြောင့် စစ်တမ်းတစ်ခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ယင်းစစ်တမ်းကောက်လေ့လာမှုမှာ အရွယ်မျိုးစုံနဲ့ အမျိုးသမီး ၂,၀၀၀ ကျော် ပါဝင်မေးမြန်းခံခဲ့ကြပါတယ်။ အများစုမှာ ၁၈ နဲ့ ၃၀ ကြားရှိသူတွေ ဖြစ်ပါတယ်။ စစ်တမ်းရလဒ်တွေက အမျိုးသားတွေကို အံ့သြမှင်သက်ဖြစ်စေခဲ့ပါတယ်။

၁။ မိန်းကလေးတွေ အချိန် ၈၀ ရာခိုင်နှုန်းကို အခြားမိန်းကလေးတွေ စိတ်ဝင်စားစေဖို့  အလှဆင်ကြတယ်လို့ ဝန်ခံကြပါတယ်။

ပထမတစ်ချက်က ရုပ်ရည်သားနားအောင် ထိန်းသိမ်းမှု ဘာအတွက် သူတို့ လုပ်ကြလဲဆိုတာ မျိုးသမီးတွေသာ နားလည်ပါတယ်။ ဒုတိယတစ်ချက်က အမျိုးသမီးတွေ သူတို့အချင်းချင်း ချီးမွမ်းပြောဆိုဖို့ ဘယ်တော့မှ မမေ့ကြပါဘူး။

၂။ နောက် အံ့အားသင့်စရာ အချက်တစ်ခုက အမျိုးသားတွေ လမ်းလျှောက်နေရင်း မိန်းကလေးမှန်သမျှကြည့်သွားကြပါတယ်။ ဒါပေမယ့် အံ့သြစရာက မိန်းကလေးတွေ မိန်းကလေးအချင်းချင်းတောင် ပြန်ကြည့်ကြတာပါပဲ။

ဟုတ်ပါတယ်။ စစ်တမ်းမှာ မိန်းကလေးအများစု အခြားမိန်းကလေးတွေကို ဆံပင်ပုံစံ၊ အဝတ်အစား၊ အလှပြင်ဆင်မှုနဲ့ ဖိနပ်တွေကို အထူးသတိထားကြည့်ကြတယ်လို့ သိရပါတယ်။

၃။ သူတို့အတွက် သူတို့ အလှပြင်ဝတ်စားယင်ဆင်ကြတာလို့ မိန်းကလေးအချို့ ဝန်ခံပြောဆိုကြပါတယ်။ ဒီအချက်က အထူးသဖြင့် အသည်းကွဲပြီးနောက်ပိုင်း သိပ်မှန်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အမျိုးသမီးတစ်ယောက်ဟာ သတ္တိနဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုနဲ့ မပြိုမလဲ ရပ်တည်ချင်ကြပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ ဝတ်စားဆင်ယင်မှုတို့က နေ့စဉ်ပုံမှန်အလုပ်ဖြစ်လာခဲ့ပါတယ်။ ကောင်းစွာ ပြင်ဆင်ဝတ်စားခြင်းက စိတ်ကောင်းရစေသလို အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားကို ပေးပါတယ်။

၄။ အထူးသဖြင့် ဟောပြောမှု၊ သင်ကြားပို့ချက်မှုတစ်ခုခု လုပ်တော့မယ့်အချိန်မှာ ကျကျနန ပြင်ဆင်ဝတ်စားကြောင်း အမျိုးသမီးတချို့က ဆိုပါတယ်။

ဒီနေရာမှာ ရည်ရွယ်ချက်က အမျိုးသားတွေ စိတ်စားမှုရစေဖို့ မဟုတ်သလို အမျိုးသမီးတွေအတွက်လည်း မပါပါဘူး။ ဒါပေမယ့် သပ်ရပ်ကြော့ရှင်းပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိကာ သြဇာတိက္ကမနဲ့ ပြည့်စုံစေဖို့သာ ဖြစ်ပါတယ်။

၅။ စစ်တမ်းကောက်ယူမှုမှာ အမျိုးသမီး ၁၀ ရာခိုင်နှုန်းက ယောကျ်ားလေးတွေအတွက်ဖြစ်ပြီး အဲဒါကလည်း ပထမဆုံး ချိန်းတွေ့တဲ့အချိန်မှာသာ သူတို့အတွက် ပြင်ဆင်ဝတ်စားတာလို့ ဝန်ခံကြပါတယ်။

ကျန်တဲ့အချိန်မှာ တခြားရည်ချက်အတွက် (ယောကျ်ားလေးတွေအတွက်မဟုတ်) ဝတ်စားကြပါသတဲ့။

၆။ သက်တူရွယ်တူတွေနဲ့ လက်ဖော်ကိုက်ဖက်တွေအဖို့ ကြည့်ကောင်းပြီး ဖက်ရှင်ကျခေတ်ဆန်ဖို့ ပြင်ဆင်ကြဝတ်စားကြတာလို့ ၇၀% က ဆိုပါတယ်။

ဒီမှာ ဦးတည်ချက်က ကိုယ့်ကိုယ်ကို ကြည့်လှဖို့ဖြစ်ပြီး ဘယ်သူ့မှ ဆွဲဆောင်ဖို့မဟုတ်ပါဘူး။

၇။ စိတ်ကျေနပ်မှု ရဖို့ ဝတ်ဆင်တာပါ။

ဘယ်သူ့အတွက်မှ မဟုတ်ပါဘူးလို့ အများစုက ဆိုပါတယ်။ စိတ်ကျေနပ်မှု ရခြင်းက မိမိကိုယ်ကိုယ်ယုံကြည်မှု ရစေပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top