iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ အလွအတြက္ အိပ္ခ်ိန္ေတြကို ထိထိေရာက္ေရာက္ အက်ိဳးရွိေအာင္ အသံုးခ် တတ္ပါရဲ႕လား။ လူ႔ဘဝရဲ႕ သံုးပံုတစ္ပံုခန္႔ အခ်ိန္ေတြကို အိပ္စက္ျခင္းနဲ႔ ကုန္ဆံုးေစတဲ့ အတြက္ အိပ္ခ်ိန္ေတြကိုပါ အက်ိဳးရွိေအာင္ အသံုးခ်သင့္ပါတယ္။ ဒါမွသာ မနက္ခင္း သင္ႏိုးထလာတဲ့အခါ လွလွပပနဲ႔ လန္းလန္းဆန္းဆန္း ႏိုးထလာမွာ ျဖစ္ပါတယ္။

အိပ္စက္တဲ့ ကိုယ္ေနဟန္ထား

အိပ္စက္စဥ္ ကိုယ္ဟန္အေနအထားက အေရးႀကီးပါတယ္။ ေမွာက္ခံု မအိပ္ပါနဲ႔။ သင့္အေရျပားအတြက္ေရာ၊ သင့္ခါးအတြက္ပါ မေကာင္းပါဘူး။ ပ်မ္းမွ်အားျဖင့္ လူတစ္ေယာက္ရဲ႕ ဦးေခါင္းဟာ ရွစ္ေပါင္ခန္႔ ေလးပါတယ္။ ေမွာက္ခံုအိပ္ရင္ အဲဒီအေလးခ်ိန္က သင့္မ်က္ႏွာေပၚကို ဖိစီးက်ေရာက္ေနပါလိမ့္မယ္။ ဒါေၾကာင့္ မနက္ခင္းႏိုးထလာတဲ့အခ်ိန္ သင့္မ်က္ႏွာမွာ အေရးေၾကာင္းေတြ ျဖစ္ေနပါလိမ့္မယ္။ ပက္လက္အိပ္တာကသာ သင့္အလွအပ အတြက္ အေကာင္းဆံုးပါပဲ။

မ်က္ႏွာေလး ႏုပ်ိဳေနေစဖို႔

တစ္ေန႔လံုး သင့္မ်က္ႏွာမွာ ကပ္ေနမယ့္ အညစ္အေၾကးေတြကို ညအိပ္ရာမဝင္ခင္ ဖယ္ရွားသန္႔စင္ေပးပါ။ ၿပီးရင္ ညအိပ္ရာဝင္ခ်ိန္ သင့္အေရျပားကို အစိုဓာတ္ ထိန္းေပးထားဖို႔အတြက္ Night Cream လိမ္းေပးပါ။ မ်က္လံုးေထာင့္က က်ီးေျခရာ အေရးေၾကာင္းေတြကို ေလ်ာ့ပါး သက္သာေစဖို႔အတြက္ Eye Cream ကို ညင္ညင္ သာသာ လိမ္းေပးပါ။

လက္ေခ်ာင္းေျခေခ်ာင္းေလးေတြ ေဖာ့ဖေယာင္းလို ေပ်ာ့ေပ်ာင္းေနေစဖို႔

သင့္ေျခေထာက္ေတြ ၾကမ္းတမ္း အက္ကြဲေနရင္ ညအိပ္ရာဝင္ခ်ိန္မွာ ဗက္ဆလင္း သုတ္လိမ္းၿပီး ခ်ည္သား ေျခအိတ္စြပ္ပါ။ အိပ္ရာဝင္ခ်ိန္ သင့္လက္သည္းက Cuticle ေတြေပၚမွာ သံလြင္ဆီ သုတ္လိမ္းေပးရင္ လက္သည္းေတြကို က်န္းမာလွပေစပါတယ္။ ႏိုးလာတဲ့အခါ သင့္လက္ေလး ေျခေထာက္ေလးေတြ ဘယ္ေလာက္ထိ ေျပာင္းလဲေနလဲဆိုတာကို ျမင္ၿပီး အံ့ၾသသြားပါလိမ့္မယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

သင့် အလှအတွက် အိပ်ချိန်တွေကို ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချ တတ်ပါရဲ့လား။ လူ့ဘဝရဲ့ သုံးပုံတစ်ပုံခန့် အချိန်တွေကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးစေတဲ့ အတွက် အိပ်ချိန်တွေကိုပါ အကျိုးရှိအောင် အသုံးချသင့်ပါတယ်။ ဒါမှသာ မနက်ခင်း သင်နိုးထလာတဲ့အခါ လှလှပပနဲ့ လန်းလန်းဆန်းဆန်း နိုးထလာမှာ ဖြစ်ပါတယ်။

အိပ်စက်တဲ့ ကိုယ်နေဟန်ထား

အိပ်စက်စဉ် ကိုယ်ဟန်အနေအထားက အရေးကြီးပါတယ်။ မှောက်ခုံ မအိပ်ပါနဲ့။ သင့်အရေပြားအတွက်ရော၊ သင့်ခါးအတွက်ပါ မကောင်းပါဘူး။ ပျမ်းမျှအားဖြင့် လူတစ်ယောက်ရဲ့ ဦးခေါင်းဟာ ရှစ်ပေါင်ခန့် လေးပါတယ်။ မှောက်ခုံအိပ်ရင် အဲဒီအလေးချိန်က သင့်မျက်နှာပေါ်ကို ဖိစီးကျရောက်နေပါလိမ့်မယ်။ ဒါကြောင့် မနက်ခင်းနိုးထလာတဲ့အချိန် သင့်မျက်နှာမှာ အရေးကြောင်းတွေ ဖြစ်နေပါလိမ့်မယ်။ ပက်လက်အိပ်တာကသာ သင့်အလှအပ အတွက် အကောင်းဆုံးပါပဲ။

မျက်နှာလေး နုပျိုနေစေဖို့

တစ်နေ့လုံး သင့်မျက်နှာမှာ ကပ်နေမယ့် အညစ်အကြေးတွေကို ညအိပ်ရာမဝင်ခင် ဖယ်ရှားသန့်စင်ပေးပါ။ ပြီးရင် ညအိပ်ရာဝင်ချိန် သင့်အရေပြားကို အစိုဓာတ် ထိန်းပေးထားဖို့အတွက် Night Cream လိမ်းပေးပါ။ မျက်လုံးထောင့်က ကျီးခြေရာ အရေးကြောင်းတွေကို လျော့ပါး သက်သာစေဖို့အတွက် Eye Cream ကို ညင်ညင် သာသာ လိမ်းပေးပါ။

လက်ချောင်းခြေချောင်းလေးတွေ ဖော့ဖယောင်းလို ပျော့ပျောင်းနေစေဖို့

သင့်ခြေထောက်တွေ ကြမ်းတမ်း အက်ကွဲနေရင် ညအိပ်ရာဝင်ချိန်မှာ ဗက်ဆလင်း သုတ်လိမ်းပြီး ချည်သား ခြေအိတ်စွပ်ပါ။ အိပ်ရာဝင်ချိန် သင့်လက်သည်းက Cuticle တွေပေါ်မှာ သံလွင်ဆီ သုတ်လိမ်းပေးရင် လက်သည်းတွေကို ကျန်းမာလှပစေပါတယ်။ နိုးလာတဲ့အခါ သင့်လက်လေး ခြေထောက်လေးတွေ ဘယ်လောက်ထိ ပြောင်းလဲနေလဲဆိုတာကို မြင်ပြီး အံ့သြသွားပါလိမ့်မယ်။


Credit:duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top