iMyanmarHouse.com - Best Property Website for Myanmar
×

အကယ်၍သင်က သင့်ရဲ့လက်ရှိအလုပ်ကနေထွက်ဖို့ စဉ်းစားနေတဲ့သူတစ်ယောက်ဆိုလျှင် အောက်ပါအချက်တွေကို သိရှိထားသင့်ပါတယ်။
(၁) ငွေရေးကြေးရေးအရ သင့်ရဲ့အနာဂတ်အတွက် စိတ်ချရမှုရှိပါစေ။ ဥပမာသင့်မှာ အကြွေးကင်းရှင်းမှုရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အလုပ်မထွက်ခင် သင့်လက်ထဲမှာ နောက်ထပ် (၆)လစာ သင့်ရဲ့ နေစရိတ်နဲ့ စားစရိတ်အတွက် လုံလုံလောက်လောက် ရှိနေဖို့ လိုအပ်ပါတယ်။

(၂) ကျန်းမာရေးစရိတ်အတွက် အပိုငွေရှိပါစေ။ ရုတ်တရက်ကျန်းမာရေးမကောင်းဖြစ်တဲ့ အခါမျိုးမှာ သုံးစွဲဖို့အတွက် အပိုငွေဆိုတာ ထားရှိသင့်ပါတယ်။
(၃) အလုပ်ပိုတစ်ခု ရှိနေပါစေ။ သင်အလုပ်ထွက်ပြီဆိုတာနဲ့ သင့်ရဲ့ဝင်ငွေလုံးဝမရှိတော့တာမျိုး မဖြစ်ရအောင် သင့်မှာ အချိန်ပိုင်းအလုပ် ဒါမှမဟုတ် online နဲ့ပတ်သက်တဲ့အလုပ် တစ်ခုခုမျိုး ရှိထားသင့်ပါတယ်။

(၄) သင့်ရဲ့လုပ်ဖော်ကိုင်ဘက်များကို သင်အလုပ်ထွက်မယ့်အကြောင်း ပြောပြပါ။ သင့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေကို ပြောပြဖို့က အလုပ်ရှင်တွေရဲ့တာဝန်ဆိုပေမယ့် တချို့သင်နဲ့ ရင်းနှီးတဲ့သူတွေက သင်ကိုယ်တိုင် ပြောပြတာကို ကြားချင်ကြပါတယ်။ ဒါမှသာ သူတို့နဲ့ သင့်ရဲ့ဆက်ဆံရေးကို အလုပ်အပြင်ဘက်မှာ ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
(၅) သင့်ရဲ့လက်ရှိအလုပ်ရှင်ကို ကောင်းမွန်စွာဆက်ဆံပါ။ ဒါကသိပ်ကိုအရေးကြီးပါတယ်။ တချို့အလုပ်ခေါ်မှုတွေက သင့်ရဲ့ အရင်အလုပ်ရှင် (သို့မဟုတ်) သင့်အထက်လူကြီးဆီကနေ ထောက်ခံစာ တွေ လိုပါတယ်။ ဒါ့အပြင် သင့်ရဲ့ နောက်အလုပ်ခွင်တွေမှာ သူတို့နဲ့ ပြန်မတွေ့နိုင်ဘူးလို့ မပြောနိုင်ပါဘူး။


Credit : momolay



ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top