iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ႕ ကေလးငယ္ေတြဟာ တည္တည္ၿငိမ္ၿငိမ္ ၊ လိမၼာေရးျခား နဲ႔ ထူးခၽြန္ေနတာကို ေတြ႔ရင္ သူတို႔ အေမေတြ ဘယ္လို ထိန္းေက်ာင္းခဲ့လဲ မသိဘူးလို႔ သင္ေတြးမိမွာပါ။ ကၽြမ္းက်င္သူေတြရဲ ႔ ေျပာၾကားခ်က္အရေတာ့ ေကာင္းတဲ့အမူအက်င့္ ရွိျခင္းဟာ ကေလးေတြကို လိမၼာ ထူးခၽြန္လာေစဖို႔ သင္ၾကားရာမွ အဓိက ေသာ့ခ်က္တစ္ခုျဖစ္တယ္လို႔ ဆိုၾကပါတယ္။ တစ္ကယ္လို႔ သင့္အေနနဲ႔လည္း ကိုယ့္ ကေလးငယ္ကို သင္ၾကားရာမွာ အခက္အခဲ ျဖစ္ေနတယ္ဆိုရင္ေတာ့ ကေလးကို အျပစ္မတင္ပါနဲ႔။ ကိုယ့္ဆီမွာ အားနည္းခ်က္ရွိေနတယ္လို႔သာ ေတြးပါ။ ဒါဆိုရင္ လိမၼာေရးျခားရွိတဲ့ ကေလးငယ္ေတြရဲ ႔ မိခင္ေတြအေနနဲ႔ သူတို႔ရဲ ႔ ကေလးငယ္ေတြကို ဘယ္လို ထိန္းေက်ာင္းခဲ့လဲ ဆိုတဲ့ လွ်ိဳ႕၀ွက္ခ်က္ေလးေတြကို ေလ့လာၾကည့္ၾကရေအာင္။
 
၁။ယဥ္ေက်းမႈ ဆိုတာဟာ အတုျမင္အတတ္သင္ျခင္းက စပါတယ္
 
ကေလးငယ္ေတြရဲ ႔ စိတ္ထဲမွာ ယဥ္ေက်းမႈ ဆိုတာကို အတုယူျခင္းနဲ႔ သင္ၾကားၾကပါတယ္။ မိခင္ျဖစ္သူ အေနနဲ႔ ကိုယ့္ရဲ ႔ ခင္ပြန္းသည္ ၊ မိသားစု ေဆြမ်ိဳးမ်ား ၊ ကေလးထိန္း ၊ အိမ္နီးခ်င္း စတဲ့သူေတြနဲ႔ ေျပာဆိုဆက္ဆံတဲ့အခါမွာ ယဥ္ေက်းစြာ ျပဳမူမယ္ဆိုရင္ ကိုယ့္ကေလးငယ္ဟာလည္း အဲဒီ ယဥ္ေက်းတဲ့ အျပဳအမူေတြကို အတုယူမိပါလိမ့္မယ္။ 
 
၂။ ကေလးငယ္ေတြကိုလည္း ေလးစားစြာ ေျပာဆိုဆက္ဆံပါ
 
ကေလးငယ္ေတြရဲ ႔ စိတ္ေနစိတ္ထား မာေက်ာခက္ထန္လာျခင္းဟာ မိဘေတြရဲ ႔ အမိန္႔ေပးျခင္း ၊ အာဏာျပျခင္း တို႔ရဲ ႔ ေနာက္ဆက္တြဲေတြပဲ ျဖစ္ပါတယ္။ ေခ်ာ့တစ္လွည့္ ၊ ေျခာက္တစ္လွည့္ ေျပာရတယ္ဆိုေပမယ့္လည္း ေျခာက္ ၿပီး ေျပာရတဲ့အခါမ်ိဳးေတြမွာ အမိန္႔ေပး ေစခိုင္းတာမ်ိဳးထက္ ၊ ေအးေအးေဆးေဆး နားလည္ေအာင္ေျပာျပၿပီး သင္ၾကားတာမ်ိဳးသာျပဳလုပ္သင့္ပါတယ္။ 
 
၃။ ကိုယ့္ကေလးကို အျပင္လူ ျဖစ္မသြားပါေစနဲ႔
 
သင္ဟာ ကေလးမရွိေသးတဲ့ သူငယ္ခ်င္းေတြနဲ႔ ေကာ္ဖီဆိုင္သြားၿပီး စကားေျပာၿပီ ဆိုပါစို႔။ အဲဒီလို အခိုက္အတန္႔ဟာ သင့္ကေလးကို လစ္လ်ဴရႈထားသလို ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကေလးေရွ႕မွာ တစ္ျခား အရြယ္ေရာက္ၿပီးသူ မိတ္ေဆြ ၊ အသိ ေတြနဲ႔ စကားေျပာေတာ့မယ္ ဆိုရင္ ကိုယ့္ကေလးကိုလည္း အဲဒီ စကားေျပာဆိုမႈ(conversation) နဲ႔ သက္ဆိုင္တယ္လို႔ ခံစားခြင့္ေပးဖို႔လိုပါတယ္။
 
၄။ ကေလးငယ္ ေတြရဲ ႔ ေႏွာင့္ယွက္မႈကိုလည္း ပညာသားပါပါ ေလွ်ာ့ခ်ပါ
 
အေပၚမွာ ေျပာခဲ့သလိုပဲ မိခင္အေနနဲ႔ မိတ္ေဆြတစ္ေယာက္နဲ႔ စကားေျပာေနတယ္ ၊ အလုပ္ကိစၥနဲ႔ ေဆြးေႏြးေနတဲ့အခါမွာ ကေလးငယ္ အေနနဲ႔ အျပင္လူတစ္ေယာက္လို ခံစားလိုက္ရတဲ့အတြက္ မိခင္ကို ေသခ်ာ ေပါက္ လိုက္ေႏွာင့္ယွက္မွာပါ။ အဲဒီလို အခါမ်ိဳးမွာလည္း ေဒါသတႀကီးနဲ႔ ကိုယ့္ကေလးငယ္ကို မဆက္ဆံလိုက္ပါနဲ႔။ သူ႔ကို အခ်ိန္ေပးလိုက္ ၊ မိတ္ေဆြနဲ႔ စကားေျပာလိုက္နဲ႔ မွ်မွ်တတ ဆက္ဆံ ေပးဖို႔ လိုပါတယ္။
 
၅။ ကေလးေတြရဲ ႔ ေဆာ့ကစားခ်ိန္ကို လိုလိုလားလား သတ္မွတ္ေပးပါ
 
ကေလးတိုင္း ေမွ်ာ္လင့္ေနတာက သူတို႔ မိဘေတြနဲ႔ အတူ ေဆ့ာကစား ခြင့္ရဖို႔ပါ။ ကိုယ့္ကေလး ယဥ္ေက်းလိမ္မာလာဖို႔အတြက္ သူ႔ကို ဆံုးမေနဖို႔ပဲ မေတြးပါနဲ႔။ သူတို႔ေလးေတြနဲ႔ အတူ ေဆာ့ကစား ျခင္းဟာလည္း ကိုယ့္အေပၚထားတဲ့ သူတို႔ရဲ ႔ ခ်စ္ေၾကာက္ရိုေသ တဲ့ စိတ္ကို ပိုၿပီး ခ်ိၿမိန္လာေစပါတယ္။ တစ္ေန႔ကို ၄၅ မိနစ္ ၀န္းက်င္ေလာက္ေတာ့ သူတို႔ေလးေတြနဲ႔ အတူ ေဆာ့ကစားေပးပါ။
 
Credit: Trend Myanmar
 
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
တစ်ချို့ ကလေးငယ်တွေဟာ တည်တည်ငြိမ်ငြိမ် ၊ လိမ္မာရေးခြား နဲ့ ထူးချွန်နေတာကို တွေ့ရင် သူတို့ အမေတွေ ဘယ်လို ထိန်းကျောင်းခဲ့လဲ မသိဘူးလို့ သင်တွေးမိမှာပါ။ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရတော့ ကောင်းတဲ့အမူအကျင့် ရှိခြင်းဟာ ကလေးတွေကို လိမ္မာ ထူးချွန်လာစေဖို့ သင်ကြားရာမှ အဓိက သော့ချက်တစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။ တစ်ကယ်လို့ သင့်အနေနဲ့လည်း ကိုယ့် ကလေးငယ်ကို သင်ကြားရာမှာ အခက်အခဲ ဖြစ်နေတယ်ဆိုရင်တော့ ကလေးကို အပြစ်မတင်ပါနဲ့။ ကိုယ့်ဆီမှာ အားနည်းချက်ရှိနေတယ်လို့သာ တွေးပါ။ ဒါဆိုရင် လိမ္မာရေးခြားရှိတဲ့ ကလေးငယ်တွေရဲ့ မိခင်တွေအနေနဲ့ သူတို့ရဲ့ ကလေးငယ်တွေကို ဘယ်လို ထိန်းကျောင်းခဲ့လဲ ဆိုတဲ့ လျှို့ဝှက်ချက်လေးတွေကို လေ့လာကြည့်ကြရအောင်။

၁။ယဉ်ကျေးမှု ဆိုတာဟာ အတုမြင်အတတ်သင်ခြင်းက စပါတယ်

ကလေးငယ်တွေရဲ့ စိတ်ထဲမှာ ယဉ်ကျေးမှု ဆိုတာကို အတုယူခြင်းနဲ့ သင်ကြားကြပါတယ်။ မိခင်ဖြစ်သူ အနေနဲ့ ကိုယ့်ရဲ့ ခင်ပွန်းသည် ၊ မိသားစု ဆွေမျိုးများ ၊ ကလေးထိန်း ၊ အိမ်နီးချင်း စတဲ့သူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ယဉ်ကျေးစွာ ပြုမူမယ်ဆိုရင် ကိုယ့်ကလေးငယ်ဟာလည်း အဲဒီ ယဉ်ကျေးတဲ့ အပြုအမူတွေကို အတုယူမိပါလိမ့်မယ်။

၂။ ကလေးငယ်တွေကိုလည်း လေးစားစွာ ပြောဆိုဆက်ဆံပါ

ကလေးငယ်တွေရဲ့ စိတ်နေစိတ်ထား မာကျောခက်ထန်လာခြင်းဟာ မိဘတွေရဲ့ အမိန့်ပေးခြင်း ၊ အာဏာပြခြင်း တို့ရဲ့ နောက်ဆက်တွဲတွေပဲ ဖြစ်ပါတယ်။ ချော့တစ်လှည့် ၊ ခြောက်တစ်လှည့် ပြောရတယ်ဆိုပေမယ့်လည်း ခြောက် ပြီး ပြောရတဲ့အခါမျိုးတွေမှာ အမိန့်ပေး စေခိုင်းတာမျိုးထက် ၊ အေးအေးဆေးဆေး နားလည်အောင်ပြောပြပြီး သင်ကြားတာမျိုးသာပြုလုပ်သင့်ပါတယ်။

၃။ ကိုယ့်ကလေးကို အပြင်လူ ဖြစ်မသွားပါစေနဲ့

သင်ဟာ ကလေးမရှိသေးတဲ့ သူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်သွားပြီး စကားပြောပြီ ဆိုပါစို့။ အဲဒီလို အခိုက်အတန့်ဟာ သင့်ကလေးကို လစ်လျူရှုထားသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေးရှေ့မှာ တစ်ခြား အရွယ်ရောက်ပြီးသူ မိတ်ဆွေ ၊ အသိ တွေနဲ့ စကားပြောတော့မယ် ဆိုရင် ကိုယ့်ကလေးကိုလည်း အဲဒီ စကားပြောဆိုမှု(conversation) နဲ့ သက်ဆိုင်တယ်လို့ ခံစားခွင့်ပေးဖို့လိုပါတယ်။

၄။ ကလေးငယ် တွေရဲ့ နှောင့်ယှက်မှုကိုလည်း ပညာသားပါပါ လျှော့ချပါ

အပေါ်မှာ ပြောခဲ့သလိုပဲ မိခင်အနေနဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောနေတယ် ၊ အလုပ်ကိစ္စနဲ့ ဆွေးနွေးနေတဲ့အခါမှာ ကလေးငယ် အနေနဲ့ အပြင်လူတစ်ယောက်လို ခံစားလိုက်ရတဲ့အတွက် မိခင်ကို သေချာ ပေါက် လိုက်နှောင့်ယှက်မှာပါ။ အဲဒီလို အခါမျိုးမှာလည်း ဒေါသတကြီးနဲ့ ကိုယ့်ကလေးငယ်ကို မဆက်ဆံလိုက်ပါနဲ့။ သူ့ကို အချိန်ပေးလိုက် ၊ မိတ်ဆွေနဲ့ စကားပြောလိုက်နဲ့ မျှမျှတတ ဆက်ဆံ ပေးဖို့ လိုပါတယ်။

၅။ ကလေးတွေရဲ့ ဆော့ကစားချိန်ကို လိုလိုလားလား သတ်မှတ်ပေးပါ

ကလေးတိုင်း မျှော်လင့်နေတာက သူတို့ မိဘတွေနဲ့ အတူ ဆေ့ာကစား ခွင့်ရဖို့ပါ။ ကိုယ့်ကလေး ယဉ်ကျေးလိမ်မာလာဖို့အတွက် သူ့ကို ဆုံးမနေဖို့ပဲ မတွေးပါနဲ့။ သူတို့လေးတွေနဲ့ အတူ ဆော့ကစား ခြင်းဟာလည်း ကိုယ့်အပေါ်ထားတဲ့ သူတို့ရဲ့ ချစ်ကြောက်ရိုသေ တဲ့ စိတ်ကို ပိုပြီး ချိမြိန်လာစေပါတယ်။ တစ်နေ့ကို ၄၅ မိနစ် ဝန်းကျင်လောက်တော့ သူတို့လေးတွေနဲ့ အတူ ဆော့ကစားပေးပါ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top