iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳေမေတာ္ေတာ္မ်ားမ်ားဟာ မဂၤလာခန္းမႀကီးထဲ မ၀င္ခင္ေန႔ေတြမွာ အျပင္းအထန္ ၀ိတ္ေလွ်ာ့ထားႏိုင္မယ္ဆုိင္ သတုိ႔သမီးဟာ ဓာတ္ပံုရိုက္တဲ့အခါ အရမ္းလွေနေတာ့မယ္လုိ႔ ထင္ျမင္ယူဆတတ္ၾကပါတယ္။ အမ်ားအျမင္မွာလည္း အရင္ကထက္ ပိုၾကည့္ေကာင္းသြားႏိုင္တယ္ေပါ့။ ဒီအခ်က္နဲ႔ ပတ္သက္ျပီး ၀ိတ္ေလွ်ာ့ျခင္းနဲ႔ပတ္သက္တဲ့ အႀကံေပးတစ္ဦးလည္း ျဖစ္သလို စိတ္ပိုင္းဆုိင္ရာ အထူးကု ဆရာ၀န္လည္း ျဖစ္တဲ့ Hilary Silver က ျဖစ္သင့္တာေတြကို ခုလို ေျပာျပေပးသြားပါတယ္။ ဒီအခ်က္ေတြကို ဖတ္ၾကည့္လိုက္တာနဲ႔ မဂၤလာခန္းမထဲ မ၀င္ခင္ရက္ေတြမွာ ဘာ့ေၾကာင့္ ၀ိတ္မေလွ်ာ့သင့္သလဲဆိုတာ သင္သိသြားပါလိမ့္မယ္။

၁။မဂၤလာ၀တ္စံုကို အထပ္ထပ္အခါခါ fitting ခ်ေနရတာ စိတ္ပ်က္စရာပါ။

အစပိုင္းကတည္းက စီစဥ္ျပီးသား၊ ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ ကြက္တိျဖစ္ေအာင္ ခ်ဳပ္ျပီးကာမွ ၀ိတ္ေတြခ်လိုက္၊ ၀တ္စံုအတြက္ fitting သြားျပန္ခ်လိုက္ လုပ္ေနမယ္ဆုိရင္ သင့္ဒီဇိုင္နာလည္း ေတာ္ေတာ္စိတ္ပ်က္သြားမွာပါ။

၂။သင္ကုိယ္တုိင္အတြက္လညး္ အိပ္မက္ဆိုးႀကီး တစ္ခုလုိ ခံစားေနရပါလိမ့္မယ္။

ေပ်ာ္ေတာ့ ေပ်ာ္ေနပါရဲ႕ ဒါေပမယ့္ အၿမဲတမ္း ဗိုက္ဆာ၊ ဗိုက္ဟာတာတာ ျဖစ္ေနတဲ့ သတို႔သမီးမ်ိဳး ဘယ္သူမွ မဆံုဖူးၾကပါဘူး။ ဗိုက္ဆာတာကို မစားရရင္ ေဒါသထြက္တယ္ဆုိတာပဲ ရွိတာကိုး။

၃။သင့္အိမ္ေထာင္ဖက္လည္း သင့္အတြက္ စိတ္ပင္ပန္းေနရပါလိမ့္မယ္။

ကိုယ္ခ်စ္ရတဲ့သူ ၀ိတ္ခ်ဖုိ႔ အေသအလဲ လံုးပန္းေနတာမုိ႔ သူ ခံစားေနရတဲ့ ေ၀ဒနာေတြကို ၾကည့္ျပီး သနားေနရတာမ်ိဳး၊ က်န္းမာေနရဲ႕သားနဲ႔ေတာင္ ခုလို ေရြးခ်ယ္မႈေတြ လုပ္ေနရတဲ့အတြက္ စိတ္ပ်က္ေနရတာမ်ိဴး စတဲ့ခံစားခ်က္ေတြ သင့္လက္တြဲေဖာ္ ခံစားေနရပါလိမ့္မယ္။

၄။စိတ္ဖိစီးမႈေတြက အတုိင္းထက္ အလြန္ပါပဲ။

မဂၤလာေဆာင္မယ့္ သူႏွစ္ေယာက္အတြက္ ဖိတ္စာကိစၥေတြ၊ တက္ေရာက္မယ့္လူအေရအတြက္နဲ႔ ခံုေနရာခ်ထားဖုိ႔ ကိစၥေတြ၊ သတုိ႔သား၊ သတုိ႔သမီးအရံကိစၥ၊ ဟန္းနီးမြန္းစတာေတြနဲ႔ စိတ္ဖိစီးမႈေတြက ရွိေနျပီးသားပါ။ ဒါကို ခုလို ၀ိတ္ေလွ်ာ့ခ်ဖုိ႔ လုပ္မယ္ဆုိရင္ေတာ့ သင့္အတြက္ အလြန္ကို စိတ္ပင္ပန္းရဦးမွာပါ။

၅။တကယ္ေတာ့ ၀ိတ္ခ်လိုက္လုိ႔ မဂၤလာ၀တ္စံုမွာ ပိုလွသြားတယ္ဆိုတာ မရွိပါဘူး။

၀ိတ္ခ်ျပီဆုိရင္ ေပါင္ဘယ္ႏွစ္ေပါင္ေလ်ာ့သြားသလဲဆိုတာ ျဖစ္လာပါျပီ။ ဒါဟာ ေရဓာတ္ဆံုးရႈံးသြားျခင္းနဲ႔လည္း သက္ဆုိင္မႈေတြရွိေနပါတယ္။ ၾကြက္သားေတြ ၾကည့္ေကာင္းဦးမွာလား၊ သင့္လက္ေမာင္းကေရာ ေလ်ာ့တိေလ်ာ့ရြဲနဲ႔ ဆက္စီျဖစ္ပါ့ဦးမလား။ အစစအရာရာ စဥ္းစားၾကည့္ဖုိ႔လိုပါတယ္။

၆။ဓမၼတာလာေနက် ရက္ေတြ ေျပာင္းလဲသြားတတ္ပါတယ္။

၀ိတ္ခ်တဲ့အခါ ေဟာ္မုန္းအေျပာင္းအလဲေတြ ရွိႏိုင္ပါတယ္။ အဲ့ဒီေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ရာသီလာေနက်ရက္ထက္ ေစာတာမ်ိဳးေတြ အေျပာင္းအလဲရွိႏိုင္ပါတယ္။ ဒီေတာ့ စိတ္ပူစရာေကာင္းတာက မဂၤလာခန္းမထဲေရာက္မွ ဓမၼတာလာတာမ်ိဳး ႀကံဳရမွာကိုေပါ့။

၇။မဂၤလာေဆာင္ဓာတ္ပံုေတြ ရတဲ့အခါမွာလည္း ဓာတ္ပံုထဲ ပိန္မပိန္ကိုပဲ အာရံုစိုက္မိေနေတာ့မယ္။

မဂၤလာေဆာင္ခန္းမထဲက ဓာတ္ပံုေတြ ရတဲ့အခါ ဓာတ္ပံုထဲ ကိုယ္ဘယ္လိုျဖစ္ေနသလဲဆုိတာကိုပဲ အာရံုေရာက္ေနေတာ့မယ္။ ထင္သေလာက္လည္း မဟုတ္ဘူး၊ လက္ေမာင္းကလည္း ႀကီးေနတုန္းပဲ စသျဖင့္ မေက်နပ္တာေတြက ပိုမ်ားေနလိမ့္မယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
ပျိုမေတော်တော်များများဟာ မင်္ဂလာခန်းမကြီးထဲ မဝင်ခင်နေ့တွေမှာ အပြင်းအထန် ဝိတ်လျှော့ထားနိုင်မယ်ဆိုင် သတို့သမီးဟာ ဓာတ်ပုံရိုက်တဲ့အခါ အရမ်းလှနေတော့မယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။ အများအမြင်မှာလည်း အရင်ကထက် ပိုကြည့်ကောင်းသွားနိုင်တယ်ပေါ့။ ဒီအချက်နဲ့ ပတ်သက်ပြီး ဝိတ်လျှော့ခြင်းနဲ့ပတ်သက်တဲ့ အကြံပေးတစ်ဦးလည်း ဖြစ်သလို စိတ်ပိုင်းဆိုင်ရာ အထူးကု ဆရာဝန်လည်း ဖြစ်တဲ့ Hilary Silver က ဖြစ်သင့်တာတွေကို ခုလို ပြောပြပေးသွားပါတယ်။ ဒီအချက်တွေကို ဖတ်ကြည့်လိုက်တာနဲ့ မင်္ဂလာခန်းမထဲ မဝင်ခင်ရက်တွေမှာ ဘာ့ကြောင့် ဝိတ်မလျှော့သင့်သလဲဆိုတာ သင်သိသွားပါလိမ့်မယ်။

၁။မင်္ဂလာဝတ်စုံကို အထပ်ထပ်အခါခါ fitting ချနေရတာ စိတ်ပျက်စရာပါ။

အစပိုင်းကတည်းက စီစဉ်ပြီးသား၊ ခန္ဓာကိုယ်အချိုးအစားနဲ့ ကွက်တိဖြစ်အောင် ချုပ်ပြီးကာမှ ဝိတ်တွေချလိုက်၊ ဝတ်စုံအတွက် fitting သွားပြန်ချလိုက် လုပ်နေမယ်ဆိုရင် သင့်ဒီဇိုင်နာလည်း တော်တော်စိတ်ပျက်သွားမှာပါ။

၂။သင်ကိုယ်တိုင်အတွက်လည်း အိပ်မက်ဆိုးကြီး တစ်ခုလို ခံစားနေရပါလိမ့်မယ်။

ပျော်တော့ ပျော်နေပါရဲ့ ဒါပေမယ့် အမြဲတမ်း ဗိုက်ဆာ၊ ဗိုက်ဟာတာတာ ဖြစ်နေတဲ့ သတို့သမီးမျိုး ဘယ်သူမှ မဆုံဖူးကြပါဘူး။ ဗိုက်ဆာတာကို မစားရရင် ဒေါသထွက်တယ်ဆိုတာပဲ ရှိတာကိုး။

၃။သင့်အိမ်ထောင်ဖက်လည်း သင့်အတွက် စိတ်ပင်ပန်းနေရပါလိမ့်မယ်။

ကိုယ်ချစ်ရတဲ့သူ ဝိတ်ချဖို့ အသေအလဲ လုံးပန်းနေတာမို့ သူ ခံစားနေရတဲ့ ဝေဒနာတွေကို ကြည့်ပြီး သနားနေရတာမျိုး၊ ကျန်းမာနေရဲ့သားနဲ့တောင် ခုလို ရွေးချယ်မှုတွေ လုပ်နေရတဲ့အတွက် စိတ်ပျက်နေရတာမျိူး စတဲ့ခံစားချက်တွေ သင့်လက်တွဲဖော် ခံစားနေရပါလိမ့်မယ်။

၄။စိတ်ဖိစီးမှုတွေက အတိုင်းထက် အလွန်ပါပဲ။

မင်္ဂလာဆောင်မယ့် သူနှစ်ယောက်အတွက် ဖိတ်စာကိစ္စတွေ၊ တက်ရောက်မယ့်လူအရေအတွက်နဲ့ ခုံနေရာချထားဖို့ ကိစ္စတွေ၊ သတို့သား၊ သတို့သမီးအရံကိစ္စ၊ ဟန်းနီးမွန်းစတာတွေနဲ့ စိတ်ဖိစီးမှုတွေက ရှိနေပြီးသားပါ။ ဒါကို ခုလို ဝိတ်လျှော့ချဖို့ လုပ်မယ်ဆိုရင်တော့ သင့်အတွက် အလွန်ကို စိတ်ပင်ပန်းရဦးမှာပါ။

၅။တကယ်တော့ ဝိတ်ချလိုက်လို့ မင်္ဂလာဝတ်စုံမှာ ပိုလှသွားတယ်ဆိုတာ မရှိပါဘူး။

ဝိတ်ချပြီဆိုရင် ပေါင်ဘယ်နှစ်ပေါင်လျော့သွားသလဲဆိုတာ ဖြစ်လာပါပြီ။ ဒါဟာ ရေဓာတ်ဆုံးရှုံးသွားခြင်းနဲ့လည်း သက်ဆိုင်မှုတွေရှိနေပါတယ်။ ကြွက်သားတွေ ကြည့်ကောင်းဦးမှာလား၊ သင့်လက်မောင်းကရော လျော့တိလျော့ရွဲနဲ့ ဆက်စီဖြစ်ပါ့ဦးမလား။ အစစအရာရာ စဉ်းစားကြည့်ဖို့လိုပါတယ်။

၆။ဓမ္မတာလာနေကျ ရက်တွေ ပြောင်းလဲသွားတတ်ပါတယ်။

ဝိတ်ချတဲ့အခါ ဟော်မုန်းအပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ အဲ့ဒီဟော်မုန်းအပြောင်းအလဲကြောင့် ရာသီလာနေကျရက်ထက် စောတာမျိုးတွေ အပြောင်းအလဲရှိနိုင်ပါတယ်။ ဒီတော့ စိတ်ပူစရာကောင်းတာက မင်္ဂလာခန်းမထဲရောက်မှ ဓမ္မတာလာတာမျိုး ကြုံရမှာကိုပေါ့။

၇။မင်္ဂလာဆောင်ဓာတ်ပုံတွေ ရတဲ့အခါမှာလည်း ဓာတ်ပုံထဲ ပိန်မပိန်ကိုပဲ အာရုံစိုက်မိနေတော့မယ်။

မင်္ဂလာဆောင်ခန်းမထဲက ဓာတ်ပုံတွေ ရတဲ့အခါ ဓာတ်ပုံထဲ ကိုယ်ဘယ်လိုဖြစ်နေသလဲဆိုတာကိုပဲ အာရုံရောက်နေတော့မယ်။ ထင်သလောက်လည်း မဟုတ်ဘူး၊ လက်မောင်းကလည်း ကြီးနေတုန်းပဲ စသဖြင့် မကျေနပ်တာတွေက ပိုများနေလိမ့်မယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top