iMyanmarHouse.com - Best Property Website for Myanmar
×

ရမ္းသီးဟာ ကယ္လိုရီနည္းပါးစြာ ပါဝင္တဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ ဟင္းအျဖစ္နဲ႔သာ ခ်က္ျပဳတ္ျပင္ဆင္ စားေသာက္ၾကၿပီး အာဟာရဓာတ္လည္း ၾကြယ္ဝတဲ့အသီးပါ။ တကယ္လို႔မ်ား ဝိတ္ခ်ဖုိ႔အတြက္ ၾကံစည္ေနတယ္ဆုိရင္ ခရမ္းသီးကိုထည့္သြင္းစဥ္းစားဖုိ႔ အၾကံေပးလိုက္ပါရေစ။

ဘာေၾကာင့္လဲဆုိေတာ့ ခရမ္းသီးမွာ ပါဝင္တဲ့ အမွ်င္ဓာတ္နဲ႔ သတၱဳဓာတ္ေတြေၾကာင့္ပါပဲ။ ကိုလက္စထေရာ (cholesterol) လံုးဝ မပါဝင္ဘဲ ပိုတက္ဆီယံ (potassium) ၾကြယ္ဝစြာ ပါဝင္ေနပါတယ္။ အဓိကပါဝင္တဲ့ အမွ်င္ဓာတ္ဟာ ဆာေလာင္မႈေတြကို ေလ်ာ့က်ေစတယ္ေလ။ ဘယ္ေလာက္စားစား ဝိတ္မတက္တဲ့ ခရမ္းသီးကို ပံုစံမ်ိဳးစံုလုပ္စားၿပီး ကိုယ္အေလးခ်ိန္ ထိန္းသိမ္းထားလို႔ ရပါတယ္။ ခရမ္းသီးက အပူနဲ႔ထိေတြ႔တဲ့အခါ ခ်ိဳၿမိန္တဲ့အရသာ ပိုုမိုထြက္ေပၚလာေတာ့ စားခ်င္စဖြယ္လည္းေကာင္းပါတယ္။

က်န္းမာေရးေကာင္းက်ိဳးအေနနဲ႔ ေျပာရရင္ ဗီတာမင္ B6 လည္း ပါဝင္တာေၾကာင့္ အာ႐ံုေၾကာေတြကို အားေကာင္းေစပါတယ္။  ေသြးအားနည္းေရာဂါကိုလည္း သက္သာေစပါတယ္။ ေသြးအားနည္းေရာဂါရဲ႕ လကၡဏာေတြျဖစ္တဲ့ ေခါင္းတစ္ျခမ္းကိုက္တာ၊ ေမာပန္းႏံုးခ်ိတာ၊ အားနည္းတာ စတဲ့အရာေတြကိုလည္း ခရမ္းသီးစားျခင္းက သက္သာေပ်ာက္ကင္းေစႏိုင္မွာပါ။

Credit : Duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရမ်းသီးဟာ ကယ်လိုရီနည်းပါးစွာ ပါဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဟင်းအဖြစ်နဲ့သာ ချက်ပြုတ်ပြင်ဆင် စားသောက်ကြပြီး အာဟာရဓာတ်လည်း ကြွယ်ဝတဲ့အသီးပါ။ တကယ်လို့များ ဝိတ်ချဖို့အတွက် ကြံစည်နေတယ်ဆိုရင် ခရမ်းသီးကိုထည့်သွင်းစဉ်းစားဖို့ အကြံပေးလိုက်ပါရစေ။

ဘာကြောင့်လဲဆိုတော့ ခရမ်းသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်တွေကြောင့်ပါပဲ။ ကိုလက်စထရော (cholesterol) လုံးဝ မပါဝင်ဘဲ ပိုတက်ဆီယံ (potassium) ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အဓိကပါဝင်တဲ့ အမျှင်ဓာတ်ဟာ ဆာလောင်မှုတွေကို လျော့ကျစေတယ်လေ။ ဘယ်လောက်စားစား ဝိတ်မတက်တဲ့ ခရမ်းသီးကို ပုံစံမျိုးစုံလုပ်စားပြီး ကိုယ်အလေးချိန် ထိန်းသိမ်းထားလို့ ရပါတယ်။ ခရမ်းသီးက အပူနဲ့ထိတွေ့တဲ့အခါ ချိုမြိန်တဲ့အရသာ ပိုုမိုထွက်ပေါ်လာတော့ စားချင်စဖွယ်လည်းကောင်းပါတယ်။

ကျန်းမာရေးကောင်းကျိုးအနေနဲ့ ပြောရရင် ဗီတာမင် B6 လည်း ပါဝင်တာကြောင့် အာရုံကြောတွေကို အားကောင်းစေပါတယ်။  သွေးအားနည်းရောဂါကိုလည်း သက်သာစေပါတယ်။ သွေးအားနည်းရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာ၊ မောပန်းနုံးချိတာ၊ အားနည်းတာ စတဲ့အရာတွေကိုလည်း ခရမ်းသီးစားခြင်းက သက်သာပျောက်ကင်းစေနိုင်မှာပါ။

Credit : Duwun




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top