အသည္းကြဲျခင္းဟာ သင္႔ကိုအေနရခက္၊ အခံရခက္ေစမယ္႔ ခံစားခ်က္မ်ိဳးျဖစ္ၿပီး
ဒီလိုအေတြ႔အႀကံဳမ်ိဳးကို ဘယ္သူမွ လိုခ်င္ၾကမွာ မဟုတ္ပါဘူး။ ဒါေပမယ္႔
လူငယ္ေတြၾကားမွာေတာ႔ အသည္းကြဲျခင္းဟာ ျဖစ္ေလ႔ျဖစ္ထရွိတဲ႔
အျဖစ္အပ်က္ေလးတစ္ခုျဖစ္တာမို႔ ဒီလိုအခ်ိန္ေတြကို ဘယ္လိုေက်ာ္ျဖတ္မလဲဆိုတဲ႔
အႀကံဉာဏ္အခ်ိဳ႕ကို သင္႔အတြက္ လက္ေဆာင္ေပးလိုက္ပါတယ္။
၁ - သီခ်င္းေတြနားေထာင္ပါ
သီခ်င္းဆိုတာ
အသည္းကြဲသီခ်င္းေတြကို ေျပာတာမဟုတ္ပါဘူး။ အသည္းကြဲသီခ်င္းေတြက
သင္႔ခံစာခ်က္ေတြကို ပိုမိုတိုးျမင္႔ေစတာမို႔၊ သီခ်င္းျမဴးျမဴးေလးေတြ၊
ေရာ႔ခ္သီခ်င္းေတြ၊ အခ်စ္အေၾကာင္း သိပ္ၿပီး မ်ားမာ်းစားစား ဖြဲ႔ႏြဲ႔ထားတာ
မဟုတ္တဲ႔ သီခ်င္းမ်ိဳးေတြကို ေရြးခ်ယ္နားေထာင္ပါ။ သီခ်င္းေတြဟာ
သင္႔ရဲ႕စိတ္ခံစားခ်က္အေပၚ လႊမ္းမိုးႏုိင္စြမ္း ရွိပါတယ္။
၂ - တစ္ေယာက္ထဲမေနပါနဲ႔
အသည္းကြဲေနခ်ိန္မွာ
အခန္းထဲမွာ တစ္ေယာက္ထဲေနျခငး္က သင္႔ကို ပိုမိုအထီးက်န္ေစပါတယ္။
သင္႔ရဲ႕ခံစားခ်က္ေတြကို သင္႔အရင္းႏွီးဆံုး သူငယ္ခ်င္းေတြထံ ရင္ဖြင္႔ရင္း၊
သူတို႔နဲ႔အတူ ရယ္ရႊင္ဖြယ္ရာ အခ်ိန္ေလးေတြ ဖန္တီးလိုက္ပါ။
၃ - သန္႔ရွင္းေရးလုပ္ပါ
သင္႔အိမ္
(သို႔မဟုတ္) သင္ေနတဲ႔ အခန္းကို သန္႔ရွင္းေရးလုပ္ရင္း အခ်ိန္ေတြကို
ကုန္ဆံုးလိုက္ပါ။ ဒါဟာ သင္႔အတြက္ တစ္ခ်က္ခုတ္၊ ႏွစ္ခ်က္ျပတ္ အက်ိဳးရွိတဲ႔
နည္းလမ္းေလးပါပဲ။ သန္႔ရွင္းေရးအျပင္ သင္႔ပတ္၀န္းက်င္ေလး လွပဖို႔
ပန္းခ်ီကားေလးေတြ ၀ယ္ကပ္တာမ်ိဳး၊ အိမ္အလွဆင္ မြမ္းမံတာမ်ိဳးေလးေတြ
လုပ္ႏိုင္ပါတယ္။
၄ - ပံုေဟာငး္ေတြ၊ အမွတ္တရေဟာင္းေတြကို ျပန္မၾကည္႔ပါနဲ႔
လူမႈ႔ကြန္ယက္ေပၚက
သင္တို႔ ၂ ေယာက္ရဲ႕ အမွတ္တရပံုေတြ၊ Message ေတြကို ျပန္မဖတ္ပါနဲ႔။
အတိတ္ရဲ႕ မွတ္ဉာဏ္ေတြဟာ သင္႔အတြက္ ေကာင္းက်ိဳးမရွိေတာ႔ပါဘူး။ ဒီေတာ႔
အတိတ္ကို ေဖ်ာက္ဖ်က္ႏိုင္ဖို႔သာ သင္စဥ္းစားထားသင္႔ပါတယ္။ ထို႔အတူ သူနဲ႔
အမွတ္တရေတြရွိခဲ႔တဲ႔ ေနရာေလးေတြကိုလညး္ ျပန္မသြားပါနဲ႔။
၅ - ကိုယ္လက္ေလ႔က်င္႔ခန္းလုပ္ပါ
ဒါဟာသင္႔က်န္းမာေရးအတြက္လည္း
အေထာက္အကူျဖစ္ၿပီး၊ သင္႔စိတ္ကို ပိုမိုၾကည္လင္လန္းဆန္းေစတယ္ဆိုတာ
ေဆးပညာအေထာက္အထားမ်ားစြာ ရွိပါတယ္။ မနက္ခင္းေလ႔က်င္႔ခန္းမ်ား၊ အိမ္တြင္းမွာ
တစ္ကိုယ္ေရေလ႔က်င္႔ခန္းမ်ား ျပဳလုပ္ရင္း သင္႔ရဲ႕အခ်ိန္ေတြကို
ျဖတ္သန္းလိုက္ပါ။
၆ - သင္႔ရဲ႕ခံစားခ်က္ေတြကို ခ်ေရးလိုက္ပါ
တစ္ခါတစ္ရံမွာ
အျပင္လူကို ရင္ဖြင္႔လို႔မရတဲ႔ ရင္ထဲကအေၾကာင္းအရာေတြ ရွိပါလိမ္႔မယ္။
အဲ႔ဒါေတြကို သင္႔ရဲ႕သီးသန္႔ဒိုင္ယာရီစာအုပ္ေလးထဲမွာ ရင္ဖြင္႔လိုက္ပါ။
သင္ေပါက္ကြဲထြက္လုိက္တဲ႔ စကားလံုးေတြေၾကာင္႔ အနညး္ငယ္ေတာ႔ စိတ္သက္သာရာ
ရေစမွာပါ။
Credit : momolay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
အသည်းကွဲခြင်းဟာ သင့်ကိုအနေရခက်၊ အခံရခက်စေမယ့် ခံစားချက်မျိုးဖြစ်ပြီး ဒီလိုအတွေ့အကြုံမျိုးကို ဘယ်သူမှ လိုချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လူငယ်တွေကြားမှာတော့ အသည်းကွဲခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်လေးတစ်ခုဖြစ်တာမို့ ဒီလိုအချိန်တွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ အကြံဉာဏ်အချို့ကို သင့်အတွက် လက်ဆောင်ပေးလိုက်ပါတယ်။
၁ - သီချင်းတွေနားထောင်ပါ
သီချင်းဆိုတာ အသည်းကွဲသီချင်းတွေကို ပြောတာမဟုတ်ပါဘူး။ အသည်းကွဲသီချင်းတွေက သင့်ခံစာချက်တွေကို ပိုမိုတိုးမြင့်စေတာမို့၊ သီချင်းမြူးမြူးလေးတွေ၊ ရော့ခ်သီချင်းတွေ၊ အချစ်အကြောင်း သိပ်ပြီး များမာျးစားစား ဖွဲ့နွဲ့ထားတာ မဟုတ်တဲ့ သီချင်းမျိုးတွေကို ရွေးချယ်နားထောင်ပါ။ သီချင်းတွေဟာ သင့်ရဲ့စိတ်ခံစားချက်အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။
၂ - တစ်ယောက်ထဲမနေပါနဲ့
အသည်းကွဲနေချိန်မှာ အခန်းထဲမှာ တစ်ယောက်ထဲနေခြင်းက သင့်ကို ပိုမိုအထီးကျန်စေပါတယ်။ သင့်ရဲ့ခံစားချက်တွေကို သင့်အရင်းနှီးဆုံး သူငယ်ချင်းတွေထံ ရင်ဖွင့်ရင်း၊ သူတို့နဲ့အတူ ရယ်ရွှင်ဖွယ်ရာ အချိန်လေးတွေ ဖန်တီးလိုက်ပါ။
၃ - သန့်ရှင်းရေးလုပ်ပါ
သင့်အိမ် (သို့မဟုတ်) သင်နေတဲ့ အခန်းကို သန့်ရှင်းရေးလုပ်ရင်း အချိန်တွေကို ကုန်ဆုံးလိုက်ပါ။ ဒါဟာ သင့်အတွက် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် အကျိုးရှိတဲ့ နည်းလမ်းလေးပါပဲ။ သန့်ရှင်းရေးအပြင် သင့်ပတ်ဝန်းကျင်လေး လှပဖို့ ပန်းချီကားလေးတွေ ဝယ်ကပ်တာမျိုး၊ အိမ်အလှဆင် မွမ်းမံတာမျိုးလေးတွေ လုပ်နိုင်ပါတယ်။
၄ - ပုံဟောင်းတွေ၊ အမှတ်တရဟောင်းတွေကို ပြန်မကြည့်ပါနဲ့
လူမှု့ကွန်ယက်ပေါ်က သင်တို့ ၂ ယောက်ရဲ့ အမှတ်တရပုံတွေ၊ Message တွေကို ပြန်မဖတ်ပါနဲ့။ အတိတ်ရဲ့ မှတ်ဉာဏ်တွေဟာ သင့်အတွက် ကောင်းကျိုးမရှိတော့ပါဘူး။ ဒီတော့ အတိတ်ကို ဖျောက်ဖျက်နိုင်ဖို့သာ သင်စဉ်းစားထားသင့်ပါတယ်။ ထို့အတူ သူနဲ့ အမှတ်တရတွေရှိခဲ့တဲ့ နေရာလေးတွေကိုလည်း ပြန်မသွားပါနဲ့။
၅ - ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
ဒါဟာသင့်ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်ပြီး၊ သင့်စိတ်ကို ပိုမိုကြည်လင်လန်းဆန်းစေတယ်ဆိုတာ ဆေးပညာအထောက်အထားများစွာ ရှိပါတယ်။ မနက်ခင်းလေ့ကျင့်ခန်းများ၊ အိမ်တွင်းမှာ တစ်ကိုယ်ရေလေ့ကျင့်ခန်းများ ပြုလုပ်ရင်း သင့်ရဲ့အချိန်တွေကို ဖြတ်သန်းလိုက်ပါ။
၆ - သင့်ရဲ့ခံစားချက်တွေကို ချရေးလိုက်ပါ
တစ်ခါတစ်ရံမှာ အပြင်လူကို ရင်ဖွင့်လို့မရတဲ့ ရင်ထဲကအကြောင်းအရာတွေ ရှိပါလိမ့်မယ်။ အဲ့ဒါတွေကို သင့်ရဲ့သီးသန့်ဒိုင်ယာရီစာအုပ်လေးထဲမှာ ရင်ဖွင့်လိုက်ပါ။ သင်ပေါက်ကွဲထွက်လိုက်တဲ့ စကားလုံးတွေကြောင့် အနည်းငယ်တော့ စိတ်သက်သာရာ ရစေမှာပါ။
Credit : momolay
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
လမ္းခြဲၿပီးတဲ႔ေနာက္ နာက်င္မႈနည္းေအာင္ ဘယ္လိုေနထိုင္မလဲ?
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။