Copyright:
Makeup
၎-အပေါ်ဘက်ကို ဖြီးပေးပါ။
Credit :Trend Myanmar
Unicode Version
Instagramမှာ ခေတ်စားနေတဲ့ ခပ်ထူထူမျက်ခုံးတွေက ဒီဘက်နှစ်မှာ ခေတ်မစားတော့ပါဘူး။ခပ်ထူထူ မျက်ခုံးတွေအစား သဘာဝကျကျ မျက်ခုံးတွေက ပြန်ပြီးနေရာယူလာပြန်ပါပြီ။ ခပ်ထူထူမျက်ခုံးတွေက သေချာပြင်ဆင်ထားတဲ့ မိတ်ကပ်မျိုးတွေနဲ့မှ လိုက်ဖက်တာ ဖြစ်တဲ့အတွက် နေ့စဉ် ဆွဲလို့လွယ်တဲ့ သဘာဝကျကျ မျက်ခုံးတွေက ပြန်ခေတ်စားလာတာဖြစ်ပါတယ်။ Over-Drawnဖြစ်တဲ့ မျက်ခုံးမွှေးဆွဲဖို့ကြိုးစားမယ့်အစား သင့်ရဲ့သဘာ၀ မျက်ခုံးကိုပိုလှသွားအောင် ဖန်တီးလို့ရပါတယ်။ ဒါကို အဆင့်ဆင့်ဖော်ပြပေးရရင်ဖြင့်
၁-သင့်ရဲ့မျက်ခုံးကို သဘာဝအတိုင်း ဂရုစိုက်ပါ။
နေ့စဉ် ထိန်းသိမ်းမှုဟာသင့်ရဲ့ မျက်ခုံးေ
၂-မျက်ခုံးမွှေးဆွဲတဲ့အခါထောင့်ချွန်ပုံစံDefinition Brushကိုသုံးပါ။
Copyright:
Makeup artist တွေအများစုက မျက်ခုံးမွှေးဆွဲတဲ့အခါ ပေါင်ဒါအပျော့စားပုံစံကို မျက်ခုံးအတွင်း ဖြည့်တဲ့နေရာအတွက် သုံးဖို့ အကြံပြုကြပါတယ် ။ဒီလို မျက်ခုံးအတွင်းကိုပေါင်ဒါနဲ့လိုက်ဖြည့်တဲ့အခါမှာ ထောင့်ချွန်ပါတဲ့ ဘရပ်ရှ်ကို သုံးပေးသင့်တယ်လို့လည်းဆိုပါတယ်။
၃-အောက်ခြေနားကနေ စဖြည့်ပါ။
သင့်ရဲ့မျက်ခုံးတွေကိုအရောင်လိုက်ဖြည့်တဲ့အခါ အောက်ခြေနားကနေ အပေါ်ကို လိုင်းဆွဲပြီးတော့ ဖြည့်သွားသင့်ပါတယ်။
၄-အပေါ်ဘက်ကို ဖြီးပေးပါ။
သင့်အနေနဲ့ အရောင်ဖြည့်တာတွေလုပ်ပြီးသွားပြီဆိုရင်တော့မျက်ခုံးမွှေးတွေကိုစနစ်တကျပုံသွင်းဖို့ပါပဲ။ မျက်ခုံးမွှေးကိုဖြီးတဲ့အခါ ရှေ့ဘက်နားကို ဘရပ်ရှ်နဲ့ဖွဖွလေးသဘာဝအတိုင်းပေါက်နေတဲ့ဲပုံစံဖြစ်အောင် ဖြီးပေးပါ။
၅-အရမ်းမနက်မှောင်စေပါနဲ့။
သင့်မှာ အရမ်းပါးနေတဲ့ မျက်ခုံးတွေရှိနေတယ်ဆိုရင်တောင် ပိုပြီးသပ်ရပ်တဲ့ပုံစံမျိုးဖြစ်အောင်ပဲ ဖန်တီးပါ။ အရမ်းကိုထူထဲပြီးထင်ရှားနေအောင်ဆွဲဖို့ မလိုအပ်ပါဘူး။သင့်နဂိုမျက်ခုံးမွှေးထက် နှစ်ရောင်လောက်ပဲရင့်တဲ့ အရောင်ကိုသုံးပေးရင်လုံလောက်ပါတယ်။
Credit :Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...