iMyanmarHouse.com - Best Property Website for Myanmar
×

လူအေတာ္မ်ားမ်ားဟာ ဘြဲ႕ရၿပီးၿပီဆုိရင္ ထုိသူကုိပညာတတ္လုိ႔ သတ္မွတ္ေလ့ရွိၾကပါတယ္။ ထုိဘြဲ႕ရ ၿပီးသူဟာလည္း သူ႔ကုိယ္သူပညာတတ္ၿပီဟု ထင္ေလ့ရွိၾကပါတယ္။ ေနာက္ေတာ့ အလုပ္ေခၚစာရွာ ၾကည့္ၾကၿပီး တစ္ခုၿပီးတစ္ခု လုိက္ေလွ်ာက္ေလ့ရွိၾကတယ္။ ကုိယ္ယူထားတဲ့ ဘာသာရပ္ကတျခား၊ ကုိယ့္လုပ္ငန္းခြင္မွာ လုပ္ေနရတာကတျခား ျဖစ္ေနတတ္တယ္။ (ဥပမာ-ယူထားတဲ့ဘာသာရပ္က ဘူမိေဗဒ၊ လုပ္ေနရတာက အေရာင္းကုိယ္စားလွယ္) ဘယ္လုိမွ မအပ္စပ္ပါဘူး။ ဒါေပမဲ့ တစ္ထြာဝမ္း ေရးအတြက္ ပညာရပ္နဲ႔ အလုပ္မခြဲျုခားႏုိင္ေတာ့ဘူး။ ဘူမိေဗဒနဲ႔ပတ္သက္တဲ့ ကုမၸဏီတစ္ခုခုမွာ ေလွ်ာက္ၾကည့္ရင္မရဘူးလားလုိ႔ဆုိေတာ့ ရႏုိင္ပါတယ္။ လစာလည္းေကာင္းေကာင္း ေပးပါတယ္။ ဒါေပမဲ့ ေရနံတူးေဖာ္ေရးလုိ ေနရာမွာလုပ္ရမွာမုိ႔ မလုပ္ရဲလုိ႔ ျပန္လာၾကတယ္။ ဘာေၾကာင့္ မလုပ္ရဲတာ လဲဆုိေတာ့ ႏုိင္ငံျခားသားေတြနဲ႔ စကားေျပာဖုိ႔က မေျပာတတ္ဘူး။ ေနာက္ပညာရပ္ပုိင္း တကယ္က ဘာမွမတတ္ခဲ့တာတဲ့။

တကယ္တမ္းေတာ့ ကၽြႏု္ပ္တုိ႔မိဘေတြဟာ တကၠသုိလ္ပုိ႔ ေက်ာင္းထားၾကတယ္။ ဒီလုိထားတဲ့ေနရာမွာ အရပ္ထဲေျပာေနက်စကားက ဘယ္ေက်ာင္းကေက်ာင္းၿပီးရင္း အလုပ္လြယ္တယ္။ ေမဂ်ာဆုိရင္လည္း ဘယ္ေမဂ်ာကၿပီးရင္ အလုပ္လြယ္တယ္။ အထူးသျဖင့္ ျမန္မာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ႐ူပ၊ ဓာတုစတဲ့ ေမဂ်ာေတြကုိ ယူခုိင္းတတ္ၾကတာေပါ့။ ဘာေၾကာင့္ယူခုိင္းတာလဲဆုိေတာ့ ေက်ာင္းၿပီးလုိ႔အလုပ္မရရင္ ေတာင္ နဝမတန္း၊ တကၠသုိလ္ဝင္တန္းစတဲ့အတန္းေတြကုိ က်ဴရွင္ဖြင့္၊ ဝုိင္းဖြင့္ စာသင္လုိ႔ရတယ္တဲ့။

ဒီေတာ့ေက်ာင္းသားမိဘေတြကုိယ္တုိင္က လုပ္ငန္းတစ္ခုလုပ္ဖုိ႔အတြက္ ဘြဲ႕တစ္ခုရရွိေရးေၾကာင့္ တကၠသုိလ္ပညာကုိ သင္ယူခုိင္းေနၾကတာလား။ ေက်ာင္းသားအမ်ားစုစိတ္မွာလည္း ကုိယ္တကယ္ကုိ စိတ္ပါဝင္စားလုိ႔ ပညာရပ္ကုိ ေစ့ေစ့စပ္စပ္ေလ့လာဆည္းပူးရေအာင္ တကၠသုိလ္ကုိတက္ေရာက္ခဲ့ၾက တာဟုတ္ၾကရဲ႕လား။ ေက်ာင္းသားေတြဟာ ေသခ်ာစဥ္းစားဖုိ႔ အေရးႀကီးပါတယ္။ ကုိယ္တက္ေရာက္ ေနတဲ့ပညာရပ္ဟာ ကုိယ္တကယ္စိတ္ပါဝင္စားၿပီး တက္ေရာက္သင္ယူတာပဲ ျဖစ္သင့္တယ္။ မဟုတ္ ရင္လည္း ကုိယ္တက္ေရာက္ေနၿပီျဖစ္တဲ့ ဘာသာရပ္အေပၚမွာ အမွတ္တကယ္တတ္ေျမာက္ေအာင္ ေလ့လာဆည္းပူးသင့္တယ္။ (ဥပမာ-ကၽြန္မတုိ႔ဟာ ေရွးေဟာင္းပညာဘာသာရပ္က ဆုိပါစုိ႔။ ပုဂံက ေရႊ စည္းခုံဘုရားကုိ ဘယ္သူတည္သလဲလုိ႔ အျပင္ကလူေတြ ေမးလာလုိ႔မသိရင္၊ မေျဖႏုိင္ရင္ ကုိယ္တကၠ သုိလ္တက္ ပညာသင္တာ ဘာအဓိပၸာယ္ရွိေတာ့မလဲ။ ပတ္ဝန္းက်င္ကလူေတြကလည္း ကုိယ့္အေပၚ ဘယ္လုိသတ္မွတ္ၾကမလဲ။ ကုိယ္တက္ခဲ့တဲ့ တကၠသုိလ္ရဲ႕ဂုဏ္သိကၡာ၊ ကုိယ့္ကုိသင္ျပေပးခဲ့တဲ့ ဆရာ သမားေတြရဲ႕ ဂုဏ္သိကၡာအလုိုလိုခ်ရာ ေရာက္တာေပါ့။)

တကၠသုိလ္ဆုိတာ အဆင့္ျမင့္ပညာမ်ားကုိ သင္ၾကားပုိ႔ခ်ရာေနရာဟု ျမန္မာ့စြယ္စုံက်မ္းမွာ ေဖာ္ျပထား တယ္။ ထုိအဆင့့္ျမင့္ပညာကုိ သင္ယူဖုိ႔အတြက္ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ အေျခခံပညာအ တန္းေတြကုိ ျဖတ္သန္းေအာင္ျမင္ၿပီးမွသာ အဆင့္ျမင့္ပညာေတြကုိ တက္ေရာက္ဆည္းပူးသင္ယူၾကရ ပါတယ္။ ထုိသုိ႔သင္ယူတဲ့အခါမွာ ေက်ာင္းသားေတြအေနနဲ႔လည္း အေျခခံအတန္းေတြလုိ ဘြဲ႕လက္ မွတ္တစ္ခုရ႐ုံနဲ႔ ဆရာ၊ ဆရာမသင္ေပးသြားတဲ့ သင္ခန္းစာေလးကုိ အလြတ္က်က္ေျဖေနရင္ေတာ့ ကုိယ္ပုိင္ဘာပညာ၊ ဘာစာမွတတ္ေျမာက္လာမွာ မဟုတ္ပါဘူး။

ကုိယ္ပုိင္အေတြးအေခၚ၊ ကုိယ္ပုိင္စဥ္းစားဉာဏ္ကုိ ပ်ဳိးေထာင္ရမယ့္အခ်ိန္မွာ ဆရာ၊ ဆရာမေတြအေန နဲ႔လည္း ေက်ာင္းသား၊ ေက်ာင္းသူေတြကုိ ပ်ဳိးေထာင္သင္ၾကားေပးသင့္ပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူေတြကလည္း ဆရာ၊ ဆရာမေတြကုိခ်ည္း အားကုိးေနရင္ ဘြဲ႕လက္မွတ္ေတြ ဘယ္ေလာက္ ပင္ထပ္ေနပါေစ ပညာတတ္ျဖစ္လာမွာ မဟုတ္ပါဘူး။ ပညာတတ္ဆုိတာ ကုိယ္ယူထားတဲ့ဘာသာရပ္ ကုိ ကုိယ္ဘယ္ေလာက္ကၽြမ္းက်င္ပုိင္ႏုိင္သလဲ။ ကိုယ္ဘယ္ေလာက္ ပုိင္ပုိင္ႏုိင္ႏုိင္ အသုံးခ်ႏုိင္သလဲဆုိ တာနဲ႔သာ တုိင္းတာသင့္ပါတယ္။

အခုပညာေခတ္ဆုိတာႀကီးထဲမွာ ဘြဲ႕ရေတြအလြန္မ်ားပါတယ္။ ဘြဲ႕သာရထားၾကေပမယ့္ မိမိဖုန္းထဲမွာ ပါတဲ့ အဂၤလိပ္စာက ဘာကုိေျပာတယ္။ ဘာဆုိလုိတယ္ဆုိတာ ဖတ္ႏုိင္၊ နားလည္ႏုိင္တဲ့သူနည္းပါ တယ္။ ဒါ့အျပင္ မိမိရဲ႕ညီ၊ ညီမ၊ တူ၊ တူမကုိ စာျပန္သင္ေပးႏုိင္တဲ့၊ အမွားဖတ္ေနရင္ အမွန္ျပင္ေပးႏုိင္ တဲ့သူ အေတာ္နည္းပါတယ္။ ကုိယ္တုိင္လည္း တိတိက်က်မတတ္ခဲ့ေတာ့ သူမ်ားကုိလည္း အမွားျပင္ မေပးႏုိင္ေတာ့တဲ့ အေျခအေန ေရာက္သြားပါတယ္။

ဘြဲ႕လက္မွတ္တစ္ခုရဖုိ႔အတြက္ အနည္းဆုံး သုံးႏွစ္၊ ေလးႏွစ္ ျဖတ္သန္းခဲ့ၾကရပါတယ္။ ေငြေၾကးအ ေျမာက္အျမား ကုန္က်ခဲ့ၾကရပါတယ္။ ထုိကုန္က်တာေတြနဲ႔ညီမွ်တဲ့ ပညာကုိေတာ့ သင္ယူတတ္ ေျမာက္သြားဖုိ႔ လုိအပ္ပါတယ္။ ဘြဲ႕တစ္ခုရၿပီး ပညာတတ္သူရွိသလုိ ပညာမတတ္သူေတြလည္း တစ္ပုံ တစ္ပင္ရွိပါတယ္။ သက္ဆုိင္ရာတကၠသုိလ္အသီးသီးမွ ပါေမာကၡခ်ဳပ္ဆရာႀကီးေတြဟာ ဘြဲ႕ႏွင္းသဘင္ မွာဘြဲ႕ခ်ီးျမႇင့္ေပးအပ္ေသာအခါ-

‘ေကာင္းစြာသင္ယူတတ္ေျမာက္ၿပီဟု ယူဆေသာေၾကာင့္ ေမာင္တုိ႔၊ မယ္တုိ႔အား ထုိက္တန္ေသာ ဘြဲ႕ လက္မွတ္ကုိ အသိအမွတ္ျပဳေပးအပ္လုိက္သည္’ ဟု မိန္႔ခြန္းေႁခြေလ့ ရွိပါတယ္။ ပါေမာကၡခ်ဳပ္ဆရာ ႀကီးေျပာၾကားတဲ့အတုိင္း ကုိယ့္ဘဝခရီးလမ္းကုိ ေလွ်ာက္လွမ္းတဲ့အခါ ကုိယ့္ဘာသာကုိယ္သင္ယူခဲ့တဲ့ ပညာရပ္ကုိ အမွန္တကယ္တတ္ေျမာက္ခဲ့တယ္ဆုိတာ လိပ္ျပာလုံလုံ ကုိယ့္ကုိယ္ကုိယ္ ယုံၾကည္ႏုိင္တဲ့ ဘြဲ႕ရပညာတတ္ စစ္စစ္ေတြျဖစ္ၾကပါရဲ႕လား။ တကၠသုိလ္ေပါင္းစုံက တစ္ႏွစ္တစ္ႏွစ္ ေမြးထုတ္ေပး လုိက္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူ ဘယ္ႏွေယာက္ဟာ အမွန္တကယ္ပညာတတ္ေျမာက္သူေတြ ျဖစ္ လာၾကပါသလဲ။

ပညာကုိအမွန္တကယ္ တတ္ေျမာက္သူဟုတ္၊ မဟုတ္ဆုိတာဟာ စာေမးပဲြေလးစစ္႐ုံနဲ႔ ျပည့္စုံႏုိင္ပါ့မ လား။ က်ဴရွင္ေတြ၊ စာသင္ဝုိင္းေတြ မႈိလုိေပါက္ေနတဲ့အခ်ိန္မွာ ဘာသာရပ္သင္ဆရာမေတြကုိယ္တုိင္ ကေမးခြန္းခ်ေပးသင္တာ၊ ထင္ေၾကးေမးခြန္းေပးသင္တာတုိ႔ စတာေတြျဖစ္ေနၾကေတာ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကုိ ဒီစာေမးပဲြေတြက တကယ့္ပညာတတ္ေတြအျဖစ္ ပ်ဳိးေထာင္ေပးႏုိင္ၾကပါမလားဆုိ တာကုိ ေသခ်ာေတြးေတာ အေျဖရွာႏုိင္ၾကေစဖုိ႔ ေဖာ္ျပလုိက္ရေၾကာင္းပါ။


Credit:စံေတာ္ခ်ိန္သတင္းစာ


ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူအတော်များများဟာ ဘွဲ့ရပြီးပြီဆိုရင် ထိုသူကိုပညာတတ်လို့ သတ်မှတ်လေ့ရှိကြပါတယ်။ ထိုဘွဲ့ရ ပြီးသူဟာလည်း သူ့ကိုယ်သူပညာတတ်ပြီဟု ထင်လေ့ရှိကြပါတယ်။ နောက်တော့ အလုပ်ခေါ်စာရှာ ကြည့်ကြပြီး တစ်ခုပြီးတစ်ခု လိုက်လျှောက်လေ့ရှိကြတယ်။ ကိုယ်ယူထားတဲ့ ဘာသာရပ်ကတခြား၊ ကိုယ့်လုပ်ငန်းခွင်မှာ လုပ်နေရတာကတခြား ဖြစ်နေတတ်တယ်။ (ဥပမာ-ယူထားတဲ့ဘာသာရပ်က ဘူမိဗေဒ၊ လုပ်နေရတာက အရောင်းကိုယ်စားလှယ်) ဘယ်လိုမှ မအပ်စပ်ပါဘူး။ ဒါပေမဲ့ တစ်ထွာဝမ်း ရေးအတွက် ပညာရပ်နဲ့ အလုပ်မခွဲြုခားနိုင်တော့ဘူး။ ဘူမိဗေဒနဲ့ပတ်သက်တဲ့ ကုမ္ပဏီတစ်ခုခုမှာ လျှောက်ကြည့်ရင်မရဘူးလားလို့ဆိုတော့ ရနိုင်ပါတယ်။ လစာလည်းကောင်းကောင်း ပေးပါတယ်။ ဒါပေမဲ့ ရေနံတူးဖော်ရေးလို နေရာမှာလုပ်ရမှာမို့ မလုပ်ရဲလို့ ပြန်လာကြတယ်။ ဘာကြောင့် မလုပ်ရဲတာ လဲဆိုတော့ နိုင်ငံခြားသားတွေနဲ့ စကားပြောဖို့က မပြောတတ်ဘူး။ နောက်ပညာရပ်ပိုင်း တကယ်က ဘာမှမတတ်ခဲ့တာတဲ့။

တကယ်တမ်းတော့ ကျွနု်ပ်တို့မိဘတွေဟာ တက္ကသိုလ်ပို့ ကျောင်းထားကြတယ်။ ဒီလိုထားတဲ့နေရာမှာ အရပ်ထဲပြောနေကျစကားက ဘယ်ကျောင်းကကျောင်းပြီးရင်း အလုပ်လွယ်တယ်။ မေဂျာဆိုရင်လည်း ဘယ်မေဂျာကပြီးရင် အလုပ်လွယ်တယ်။ အထူးသဖြင့် မြန်မာ၊ အင်္ဂလိပ်စာ၊ သချၤာ၊ ရူပ၊ ဓာတုစတဲ့ မေဂျာတွေကို ယူခိုင်းတတ်ကြတာပေါ့။ ဘာကြောင့်ယူခိုင်းတာလဲဆိုတော့ ကျောင်းပြီးလို့အလုပ်မရရင် တောင် နဝမတန်း၊ တက္ကသိုလ်ဝင်တန်းစတဲ့အတန်းတွေကို ကျူရှင်ဖွင့်၊ ဝိုင်းဖွင့် စာသင်လို့ရတယ်တဲ့။

ဒီတော့ကျောင်းသားမိဘတွေကိုယ်တိုင်က လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် ဘွဲ့တစ်ခုရရှိရေးကြောင့် တက္ကသိုလ်ပညာကို သင်ယူခိုင်းနေကြတာလား။ ကျောင်းသားအများစုစိတ်မှာလည်း ကိုယ်တကယ်ကို စိတ်ပါဝင်စားလို့ ပညာရပ်ကို စေ့စေ့စပ်စပ်လေ့လာဆည်းပူးရအောင် တက္ကသိုလ်ကိုတက်ရောက်ခဲ့ကြ တာဟုတ်ကြရဲ့လား။ ကျောင်းသားတွေဟာ သေချာစဉ်းစားဖို့ အရေးကြီးပါတယ်။ ကိုယ်တက်ရောက် နေတဲ့ပညာရပ်ဟာ ကိုယ်တကယ်စိတ်ပါဝင်စားပြီး တက်ရောက်သင်ယူတာပဲ ဖြစ်သင့်တယ်။ မဟုတ် ရင်လည်း ကိုယ်တက်ရောက်နေပြီဖြစ်တဲ့ ဘာသာရပ်အပေါ်မှာ အမှတ်တကယ်တတ်မြောက်အောင် လေ့လာဆည်းပူးသင့်တယ်။ (ဥပမာ-ကျွန်မတို့ဟာ ရှေးဟောင်းပညာဘာသာရပ်က ဆိုပါစို့။ ပုဂံက ရွှေ စည်းခုံဘုရားကို ဘယ်သူတည်သလဲလို့ အပြင်ကလူတွေ မေးလာလို့မသိရင်၊ မဖြေနိုင်ရင် ကိုယ်တက္က သိုလ်တက် ပညာသင်တာ ဘာအဓိပ္ပာယ်ရှိတော့မလဲ။ ပတ်ဝန်းကျင်ကလူတွေကလည်း ကိုယ့်အပေါ် ဘယ်လိုသတ်မှတ်ကြမလဲ။ ကိုယ်တက်ခဲ့တဲ့ တက္ကသိုလ်ရဲ့ဂုဏ်သိက္ခာ၊ ကိုယ့်ကိုသင်ပြပေးခဲ့တဲ့ ဆရာ သမားတွေရဲ့ ဂုဏ်သိက္ခာအလိုလိုချရာ ရောက်တာပေါ့။)

တက္ကသိုလ်ဆိုတာ အဆင့်မြင့်ပညာများကို သင်ကြားပို့ချရာနေရာဟု မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထား တယ်။ ထိုအဆင့့်မြင့်ပညာကို သင်ယူဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေဟာ အခြေခံပညာအ တန်းတွေကို ဖြတ်သန်းအောင်မြင်ပြီးမှသာ အဆင့်မြင့်ပညာတွေကို တက်ရောက်ဆည်းပူးသင်ယူကြရ ပါတယ်။ ထိုသို့သင်ယူတဲ့အခါမှာ ကျောင်းသားတွေအနေနဲ့လည်း အခြေခံအတန်းတွေလို ဘွဲ့လက် မှတ်တစ်ခုရရုံနဲ့ ဆရာ၊ ဆရာမသင်ပေးသွားတဲ့ သင်ခန်းစာလေးကို အလွတ်ကျက်ဖြေနေရင်တော့ ကိုယ်ပိုင်ဘာပညာ၊ ဘာစာမှတတ်မြောက်လာမှာ မဟုတ်ပါဘူး။

ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်စဉ်းစားဉာဏ်ကို ပျိုးထောင်ရမယ့်အချိန်မှာ ဆရာ၊ ဆရာမတွေအနေ နဲ့လည်း ကျောင်းသား၊ ကျောင်းသူတွေကို ပျိုးထောင်သင်ကြားပေးသင့်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကလည်း ဆရာ၊ ဆရာမတွေကိုချည်း အားကိုးနေရင် ဘွဲ့လက်မှတ်တွေ ဘယ်လောက် ပင်ထပ်နေပါစေ ပညာတတ်ဖြစ်လာမှာ မဟုတ်ပါဘူး။ ပညာတတ်ဆိုတာ ကိုယ်ယူထားတဲ့ဘာသာရပ် ကို ကိုယ်ဘယ်လောက်ကျွမ်းကျင်ပိုင်နိုင်သလဲ။ ကိုယ်ဘယ်လောက် ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်သလဲဆို တာနဲ့သာ တိုင်းတာသင့်ပါတယ်။

အခုပညာခေတ်ဆိုတာကြီးထဲမှာ ဘွဲ့ရတွေအလွန်များပါတယ်။ ဘွဲ့သာရထားကြပေမယ့် မိမိဖုန်းထဲမှာ ပါတဲ့ အင်္ဂလိပ်စာက ဘာကိုပြောတယ်။ ဘာဆိုလိုတယ်ဆိုတာ ဖတ်နိုင်၊ နားလည်နိုင်တဲ့သူနည်းပါ တယ်။ ဒါ့အပြင် မိမိရဲ့ညီ၊ ညီမ၊ တူ၊ တူမကို စာပြန်သင်ပေးနိုင်တဲ့၊ အမှားဖတ်နေရင် အမှန်ပြင်ပေးနိုင် တဲ့သူ အတော်နည်းပါတယ်။ ကိုယ်တိုင်လည်း တိတိကျကျမတတ်ခဲ့တော့ သူများကိုလည်း အမှားပြင် မပေးနိုင်တော့တဲ့ အခြေအနေ ရောက်သွားပါတယ်။

ဘွဲ့လက်မှတ်တစ်ခုရဖို့အတွက် အနည်းဆုံး သုံးနှစ်၊ လေးနှစ် ဖြတ်သန်းခဲ့ကြရပါတယ်။ ငွေကြေးအ မြောက်အမြား ကုန်ကျခဲ့ကြရပါတယ်။ ထိုကုန်ကျတာတွေနဲ့ညီမျှတဲ့ ပညာကိုတော့ သင်ယူတတ် မြောက်သွားဖို့ လိုအပ်ပါတယ်။ ဘွဲ့တစ်ခုရပြီး ပညာတတ်သူရှိသလို ပညာမတတ်သူတွေလည်း တစ်ပုံ တစ်ပင်ရှိပါတယ်။ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်ဆရာကြီးတွေဟာ ဘွဲ့နှင်းသဘင် မှာဘွဲ့ချီးမြှင့်ပေးအပ်သောအခါ-

‘ကောင်းစွာသင်ယူတတ်မြောက်ပြီဟု ယူဆသောကြောင့် မောင်တို့၊ မယ်တို့အား ထိုက်တန်သော ဘွဲ့ လက်မှတ်ကို အသိအမှတ်ပြုပေးအပ်လိုက်သည်’ ဟု မိန့်ခွန်းခြွေလေ့ ရှိပါတယ်။ ပါမောက္ခချုပ်ဆရာ ကြီးပြောကြားတဲ့အတိုင်း ကိုယ့်ဘဝခရီးလမ်းကို လျှောက်လှမ်းတဲ့အခါ ကိုယ့်ဘာသာကိုယ်သင်ယူခဲ့တဲ့ ပညာရပ်ကို အမှန်တကယ်တတ်မြောက်ခဲ့တယ်ဆိုတာ လိပ်ပြာလုံလုံ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်တဲ့ ဘွဲ့ရပညာတတ် စစ်စစ်တွေဖြစ်ကြပါရဲ့လား။ တက္ကသိုလ်ပေါင်းစုံက တစ်နှစ်တစ်နှစ် မွေးထုတ်ပေး လိုက်တဲ့ ကျောင်းသား၊ ကျောင်းသူ ဘယ်နှယောက်ဟာ အမှန်တကယ်ပညာတတ်မြောက်သူတွေ ဖြစ် လာကြပါသလဲ။

ပညာကိုအမှန်တကယ် တတ်မြောက်သူဟုတ်၊ မဟုတ်ဆိုတာဟာ စာမေးပွဲလေးစစ်ရုံနဲ့ ပြည့်စုံနိုင်ပါ့မ လား။ ကျူရှင်တွေ၊ စာသင်ဝိုင်းတွေ မှိုလိုပေါက်နေတဲ့အချိန်မှာ ဘာသာရပ်သင်ဆရာမတွေကိုယ်တိုင် ကမေးခွန်းချပေးသင်တာ၊ ထင်ကြေးမေးခွန်းပေးသင်တာတို့ စတာတွေဖြစ်နေကြတော့ ကျောင်းသား၊ ကျောင်းသူတွေကို ဒီစာမေးပွဲတွေက တကယ့်ပညာတတ်တွေအဖြစ် ပျိုးထောင်ပေးနိုင်ကြပါမလားဆို တာကို သေချာတွေးတော အဖြေရှာနိုင်ကြစေဖို့ ဖော်ပြလိုက်ရကြောင်းပါ။


Credit:စံတော်ချိန်သတင်းစာ




ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top