iMyanmarHouse.com - Best Property Website for Myanmar
×

နႈတ္ခမ္းသားမည္းျခင္းကို ထိေရာက္စြာ ကုသေပးနိုင္မယ့္ အိမ္တြင္းနည္းလမ္းေကာင္းမ်ား

ပန္းနုေရာင္သမ္းတဲ့ နႈတ္ခမ္းကို အမ်ိဳးသမီးတိုင္း အလိုရွိၾကသလို အမ်ဳိးသားေတြလည္း ၾကိဳက္နွစ္သက္ၾကတာ မဆန္းပါဘူး ။ ကိုယ့္နႈတ္ခမ္းက မည္းေနတယ္ဆိုရင္ ခ်ိဳ႕ယြင္းခ်က္တစ္ခုသဖြယ္ ျဖစ္ေနမွာပါပဲ ။

နႈတ္ခမ္းမည္းရတဲ့ အဓိက အေၾကာင္းအရင္းေတြကေတာ့ ေနေရာင္ျခည္နဲ႔တုိက္ရိုက္ထိေတြ႕ျခင္း ၊ အရည္အေသြးနိမ့္ေသာ နႈတ္ခမ္းနီမ်ား သံုးျခင္း ၊ ေဆးလိပ္ေသာက္ျခင္း ၊ ကဖိန္းဓါတ္မ်ားျခင္း ုနွင့္ ေဟာ္မုန္းညီညြတ္မႈ မရွိျခင္းတို႔ေၾကာင့္ ျဖစ္ပါတယ္ ။ နႈတ္ခမ္းကို သဘာဝအတုိင္း ပန္းနုေရာင္သမ္းေစမယ့္ နည္းလမ္းေတြထဲကမွ အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္ ။

သံပုယိုသီးအသံုးျပဳနည္း

-    သံပုယိုသီးကို အရည္ညွစ္၍ နႈတ္ခမ္းေပၚသို႔ ညအိပ္ရာဝင္တုိင္း သုတ္လိမ္းေပးပါ ။ တစ္လ ၊ နွစ္လခန္႔ၾကည္သည္အထိ ေန႔စဥ္ ပံုမွန္ျပဳလုပ္ေပးပါ ။
-    ေနာက္တစ္နည္းကေတာ့ သံပုယိုသီးကုိ ခပ္ပါးပါးလီွးျပီး သၾကားတို႔ကာ နႈတ္ခမ္းေပၚကို လိမ္းေပးပါ ။ ဤသို႔ျပဳလုပ္ျခင္းျဖင့္ နႈတ္ခမ္းေပၚရွိ ဆဲလ္ေသမ်ားကို ဖယ္ရွားေပးနိုင္ျပီး ညိဳမည္းျခင္းကင္းကာ လွပေစမွာပါ။

သံလြင္ဆီအသံုးျပဳနည္း

-    ညအိပ္ရာဝင္ခါနီးတိုင္း သံလြင္ဆီ တစ္စက္ ၊နွစ္စက္ခန္႔ကို နႈတ္ခမ္းေပၚတင္ျပီး ညွင္သာစြာ နွိပ္နယ္ေပးပါ ။ ေန႔စဥ္ ပံုမွန္ ျပဳလုပ္ေပးျခင္းျဖင့္ လွပေသာ နႈတ္ခမ္းသားကို ရရွိေစမွာပါ။
-    ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ သံလြင္ဆီကို သၾကားအနည္းငယ္ေရာ၍ နႈတ္ခမ္းကို scrub သေဘာမ်ိဳး ျပဳလုပ္ေပးရမွာပါ ။ ပံုမွန္ ျပဳလုပ္မယ္ဆို ၁လ ၊ ၂လအတြင္း အက်ိဳးရလဒ္ကို ျမင္ေတြ႕ရမွာပါ ။

သၾကားအသံုးျပဳနည္း

သၾကားဟာ ဆဲလ္ေသေတြကို ဖယ္ရွားေပးနိုင္တဲ့ အစြမ္းရွိျပီး သူ႕ခ်ညး္ပဲ နႈတ္ခမ္းေပၚကို ပြတ္ေပးလွ်င္လည္း နႈတ္ခမ္းသားကို မည္းျခင္းကင္းေဝးျပီး လွေပေစမွာပါ ။ ပိုျပီး အက်ိဳးေက်းဇူး ထူးခ်င္လွ်င္ေတာ့ ေအာက္ပါ နည္းလမ္း နွစ္ခုကို အသံဳးျပဳနို္င္ပါသည္။
-    သၾကား ၃ဇြန္း ၊ ေထာပတ္ ၂ ဇြန္းခန္႔ကို ေရာေနွာျပီး နႈတ္ခမ္းေပၚသို႔ ပြတ္တိုက္ေပးပါ ။ တစ္ေန႔တစ္ၾကိမ္ ပံုမွန္ ျပဳလုပ္ေပးျခင္းျဖင့္ ရက္သတၱပါတ္ၾကာတဲ့အခါမွာ နႈတ္ခမ္းအေရာင္ ေျပာင္းလဲမႈကို ေတြ႕ရမွာပါ။
-    ပ်ားရည္ ၁ဇြန္း ၊ သၾကား ၁ဇြန္း ၊ဗာဒံေစ့ အဆီ အနညး္ငယ္ခန္႔ ေရာေနွာျပီး နႈတ္ခမ္းသားကို scrub သေဘာမ်ိဳး ပြတ္တိုက္ေပးပါ ။ အနည္းဆံုး တစ္ပါတ္တစ္ၾကိမ္ ျပဳလုပ္ေပးရမွာပါ။

သၾကားသံုးတဲ့ နည္းလမ္းကို ေရြးခ်ယ္သူမ်ားအတြက္ သိေစခ်င္တာက သၾကားကို အမႈန္႔မသံုးဘဲ အေစ့ပံု သၾကားကိုသာ သံုးပါ။ သၾကားမႈန္႔သံုးရင္ လြယ္လြယ္ကူကူ ေပ်ာ္သြားနိုင္လို႔ပါ။


Credit: (ေရႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နှုတ်ခမ်းသားမည်းခြင်းကို ထိရောက်စွာ ကုသပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းများ

ပန်းနုရောင်သမ်းတဲ့ နှုတ်ခမ်းကို အမျိုးသမီးတိုင်း အလိုရှိကြသလို အမျိုးသားတွေလည်း ကြိုက်နှစ်သက်ကြတာ မဆန်းပါဘူး ။ ကိုယ့်နှုတ်ခမ်းက မည်းနေတယ်ဆိုရင် ချို့ယွင်းချက်တစ်ခုသဖွယ် ဖြစ်နေမှာပါပဲ ။

နှုတ်ခမ်းမည်းရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ခြင်း ၊ အရည်အသွေးနိမ့်သော နှုတ်ခမ်းနီများ သုံးခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ ကဖိန်းဓါတ်များခြင်း ုနှင့် ဟော်မုန်းညီညွတ်မှု မရှိခြင်းတို့ကြောင့် ဖြစ်ပါတယ် ။ နှုတ်ခမ်းကို သဘာဝအတိုင်း ပန်းနုရောင်သမ်းစေမယ့် နည်းလမ်းတွေထဲကမှ အချို့ကို ဖော်ပြပေးလိုက်ပါတယ် ။

သံပုယိုသီးအသုံးပြုနည်း

-    သံပုယိုသီးကို အရည်ညှစ်၍ နှုတ်ခမ်းပေါ်သို့ ညအိပ်ရာဝင်တိုင်း သုတ်လိမ်းပေးပါ ။ တစ်လ ၊ နှစ်လခန့်ကြည်သည်အထိ နေ့စဉ် ပုံမှန်ပြုလုပ်ပေးပါ ။
-    နောက်တစ်နည်းကတော့ သံပုယိုသီးကို ခပ်ပါးပါးလှီးပြီး သကြားတို့ကာ နှုတ်ခမ်းပေါ်ကို လိမ်းပေးပါ ။ ဤသို့ပြုလုပ်ခြင်းဖြင့် နှုတ်ခမ်းပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားပေးနိုင်ပြီး ညိုမည်းခြင်းကင်းကာ လှပစေမှာပါ။

သံလွင်ဆီအသုံးပြုနည်း

-    ညအိပ်ရာဝင်ခါနီးတိုင်း သံလွင်ဆီ တစ်စက် ၊နှစ်စက်ခန့်ကို နှုတ်ခမ်းပေါ်တင်ပြီး ညှင်သာစွာ နှိပ်နယ်ပေးပါ ။ နေ့စဉ် ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် လှပသော နှုတ်ခမ်းသားကို ရရှိစေမှာပါ။
-    နောက်ထပ်နည်းလမ်းတစ်ခုကတော့ သံလွင်ဆီကို သကြားအနည်းငယ်ရော၍ နှုတ်ခမ်းကို scrub သဘောမျိုး ပြုလုပ်ပေးရမှာပါ ။ ပုံမှန် ပြုလုပ်မယ်ဆို ၁လ ၊ ၂လအတွင်း အကျိုးရလဒ်ကို မြင်တွေ့ရမှာပါ ။

သကြားအသုံးပြုနည်း

သကြားဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိပြီး သူ့ချည်းပဲ နှုတ်ခမ်းပေါ်ကို ပွတ်ပေးလျှင်လည်း နှုတ်ခမ်းသားကို မည်းခြင်းကင်းဝေးပြီး လှပေစေမှာပါ ။ ပိုပြီး အကျိုးကျေးဇူး ထူးချင်လျှင်တော့ အောက်ပါ နည်းလမ်း နှစ်ခုကို အသုံးပြုနိုင်ပါသည်။
-    သကြား ၃ဇွန်း ၊ ထောပတ် ၂ ဇွန်းခန့်ကို ရောနှောပြီး နှုတ်ခမ်းပေါ်သို့ ပွတ်တိုက်ပေးပါ ။ တစ်နေ့တစ်ကြိမ် ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် ရက်သတ္တပါတ်ကြာတဲ့အခါမှာ နှုတ်ခမ်းအရောင် ပြောင်းလဲမှုကို တွေ့ရမှာပါ။
-    ပျားရည် ၁ဇွန်း ၊ သကြား ၁ဇွန်း ၊ဗာဒံစေ့ အဆီ အနည်းငယ်ခန့် ရောနှောပြီး နှုတ်ခမ်းသားကို scrub သဘောမျိုး ပွတ်တိုက်ပေးပါ ။ အနည်းဆုံး တစ်ပါတ်တစ်ကြိမ် ပြုလုပ်ပေးရမှာပါ။

သကြားသုံးတဲ့ နည်းလမ်းကို ရွေးချယ်သူများအတွက် သိစေချင်တာက သကြားကို အမှုန့်မသုံးဘဲ အစေ့ပုံ သကြားကိုသာ သုံးပါ။ သကြားမှုန့်သုံးရင် လွယ်လွယ်ကူကူ ပျော်သွားနိုင်လို့ပါ။


Credit: (ရွှေအင်းလေး)



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top