iMyanmarHouse.com - Best Property Website for Myanmar
×

"ဒီအသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းသစ္မွာ ဝင္ေငြရရုံမက စိတ္ေပ်ာ္ရႊင္ေက်နပ္မႈလည္း ရရိွေၾကာင္း" အသက္ ၃၄ ႏွစ္အရြယ္ Claudia de Marchi ဆုိသူက ေျပာပါတယ္။ ေရွ႕ေနေဟာင္းတစ္ဦးျဖစ္တဲ့ သူမဟာ  ဖြဲ႔စည္းပုံအေျခခံဥပေဒေရးရာမွာ ကြ်မ္းက်င္သူအျဖစ္ သူမရဲ႕ အလုပ္အကိုင္ကို စြန္႔လႊတ္ျပီး ျမိဳ႕ေတာ္ Brasilia ကို ေရြ႕ေျပာင္းကာ ၁ နာရီ ၁၅၀ ယူရိုနဲ႔ အမ်ဳိးသားေတြကို လိင္ဝန္ေဆာင္မႈေပးေနပါတယ္။

သူမ ဒီအလုပ္အကိုင္ ေျပာင္းလဲျခင္းေနာက္ကြယ္က အဓိကအေၾကာင္းအရင္းတစ္ခုဟာ ေယာက်္ားဆန္ဆန္ေတာင့္ေတာင့္ေတြ ႏွစ္သက္စြဲလမ္းမႈေၾကာင့္လုိ႔ သူမက ဆုိပါတယ္။ မိမိခႏၶာကိုယ္ကေန အက်ဳိးျမတ္ရယူျခင္းက လြတ္လပ္မႈတစ္မ်ဳိးျဖစ္တယ္လုိ႔ သူမက ရွင္းျပပါေသးတယ္။

အမ်ဳိးသမီးဝါဒဆိုတာ လြတ္လပ္မႈတစ္ခုျဖစ္တယ္၊ ဝတၱရားတစ္ခုမဟုတ္ဘူးလုိ႔ ယုံၾကည္ေၾကာင္း သူမ Mail Online ကို ေျပာျပပါတယ္။ ဆင္ျခင္တုံတရားရိွရိွစဥ္းစားရင္ အမ်ဳိးသားတစ္ေယာက္ကို လိင္ေပ်ာ္ပါးမႈေပးျခင္းနဲ႔ အမ်ဳိးသမီးဝါဒီျဖစ္ျခင္းႏွစ္ခုၾကား ဆန္႔က်င္မႈမရိွပါဘူး။ အမ်ဳိးသမီးေတြကို ညီညြတ္ျပီး သူတုိ႔ကိုယ္သူတုိ႔ တကယ္တန္ဖုိးထားေစခ်င္တယ္။

တစ္ည ယူရုိ ၆၅၀ ဝင္ေငြရတဲ့ ၃၄ ႏွစ္အရြယ္သူမအေနနဲ႔ ေငြအတြက္ဘာဆုိမလုပ္ဘူးလုိ႔ ရွင္းျပကာ သူမကုိယ္သူမ ျပည့္တန္ဆာတစ္ေယာက္ မဟုတ္ေၾကာင္း ရည္ညြန္းေျပာဆိုခဲ့ပါတယ္။

သူမ ပညာတတ္အမ်ဳိးသားေတြနဲ႔ပဲ လိင္ဆက္ဆံျပီး အေျပာအဆုိုညံ့ဖ်င္းတဲ့ ေဖာက္သည္ေတြ သို႔မဟုတ္ သူမရဲ႕ ႏုိင္ငံေရးအျမင္ လက္မခံသူေတြကို ပယ္ပါတယ္။ ေဖာက္သည္ေတြ သူမကို ယခင္က စိတ္ေက်နပ္မႈေပးမွသာ ဒုတိယအၾကိမ္လက္ခံတယ္လုိ႔ သူမက ဆိုပါတယ္။

သူမဘယ္သူဘယ္ဝါျဖစ္ေၾကာင့္ ကာကြယ္ဖုိ႔ အမည္ဝွက္သုံးမယ့္အစား သူမလုပ္ေဆာင္တဲ့အရာကို ဂုဏ္ယူဝင့္ၾကြားကာ အမည္ရင္းကိုပဲ ဆက္လက္အသုံးျပဳထားပါတယ္။ သူမမိခင္ျဖစ္ကလည္း သူမအလုပ္အကိုင္သစ္ကို ေထာက္ခံအားေပးတယ္လုိ႔ သိရပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

"ဒီအသက်မွေးဝမ်းကျောင်းလုပ်ငန်းသစ်မှာ ဝင်ငွေရရုံမက စိတ်ပျော်ရွှင်ကျေနပ်မှုလည်း ရရှိကြောင်း" အသက် ၃၄ နှစ်အရွယ် Claudia de Marchi ဆိုသူက ပြောပါတယ်။ ရှေ့နေဟောင်းတစ်ဦးဖြစ်တဲ့ သူမဟာ  ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာမှာ ကျွမ်းကျင်သူအဖြစ် သူမရဲ့ အလုပ်အကိုင်ကို စွန့်လွှတ်ပြီး မြို့တော် Brasilia ကို ရွေ့ပြောင်းကာ ၁ နာရီ ၁၅၀ ယူရိုနဲ့ အမျိုးသားတွေကို လိင်ဝန်ဆောင်မှုပေးနေပါတယ်။

သူမ ဒီအလုပ်အကိုင် ပြောင်းလဲခြင်းနောက်ကွယ်က အဓိကအကြောင်းအရင်းတစ်ခုဟာ ယောကျ်ားဆန်ဆန်တောင့်တောင့်တွေ နှစ်သက်စွဲလမ်းမှုကြောင့်လို့ သူမက ဆိုပါတယ်။ မိမိခန္ဓာကိုယ်ကနေ အကျိုးမြတ်ရယူခြင်းက လွတ်လပ်မှုတစ်မျိုးဖြစ်တယ်လို့ သူမက ရှင်းပြပါသေးတယ်။

အမျိုးသမီးဝါဒဆိုတာ လွတ်လပ်မှုတစ်ခုဖြစ်တယ်၊ ဝတ္တရားတစ်ခုမဟုတ်ဘူးလို့ ယုံကြည်ကြောင်း သူမ Mail Online ကို ပြောပြပါတယ်။ ဆင်ခြင်တုံတရားရှိရှိစဉ်းစားရင် အမျိုးသားတစ်ယောက်ကို လိင်ပျော်ပါးမှုပေးခြင်းနဲ့ အမျိုးသမီးဝါဒီဖြစ်ခြင်းနှစ်ခုကြား ဆန့်ကျင်မှုမရှိပါဘူး။ အမျိုးသမီးတွေကို ညီညွတ်ပြီး သူတို့ကိုယ်သူတို့ တကယ်တန်ဖိုးထားစေချင်တယ်။

တစ်ည ယူရို ၆၅၀ ဝင်ငွေရတဲ့ ၃၄ နှစ်အရွယ်သူမအနေနဲ့ ငွေအတွက်ဘာဆိုမလုပ်ဘူးလို့ ရှင်းပြကာ သူမကိုယ်သူမ ပြည့်တန်ဆာတစ်ယောက် မဟုတ်ကြောင်း ရည်ညွန်းပြောဆိုခဲ့ပါတယ်။

သူမ ပညာတတ်အမျိုးသားတွေနဲ့ပဲ လိင်ဆက်ဆံပြီး အပြောအဆိုညံ့ဖျင်းတဲ့ ဖောက်သည်တွေ သို့မဟုတ် သူမရဲ့ နိုင်ငံရေးအမြင် လက်မခံသူတွေကို ပယ်ပါတယ်။ ဖောက်သည်တွေ သူမကို ယခင်က စိတ်ကျေနပ်မှုပေးမှသာ ဒုတိယအကြိမ်လက်ခံတယ်လို့ သူမက ဆိုပါတယ်။

သူမဘယ်သူဘယ်ဝါဖြစ်ကြောင့် ကာကွယ်ဖို့ အမည်ဝှက်သုံးမယ့်အစား သူမလုပ်ဆောင်တဲ့အရာကို ဂုဏ်ယူဝင့်ကြွားကာ အမည်ရင်းကိုပဲ ဆက်လက်အသုံးပြုထားပါတယ်။ သူမမိခင်ဖြစ်ကလည်း သူမအလုပ်အကိုင်သစ်ကို ထောက်ခံအားပေးတယ်လို့ သိရပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top