iMyanmarHouse.com - Best Property Website for Myanmar
×

စိတ္ဖိစီးမႈေတြနဲ႔ လႈပ္ရွားရုန္းကန္ရတဲ့ ဘ၀ၾကီးမွာ လူတိုင္းကိုယ္စီ စိတ္မခ်မ္းေျမ႔မႈ ေလးေတြ ၾကံဳရစျမဲပါ။ ဒါေပမယ့္ ထိုခဏတာ စိတ္မၾကည္လင္ မႈေလးေတြက အခ်ိန္ယူျပီး ေျဖေဖ်ာက္ လိုက္ရင္ ေပ်ာက္ကြယ္ သြားတတ္ပါတယ္။ Depression ဆိုတဲ့ စိတ္က်ေ၀ဒနာကေတာ့ ပိုျပီးျပင္းထန္ တဲ့ စိတ္ခံစားမႈမ်ိဳးပါ။

လူတေယာက္ဟာ စိတ္က်ျခင္းေ၀ဒနာကို ခံစားရျပီဆိုရင္ အလိုအေလ်ာက္ ၀မ္းနည္းေနတတ္မယ္၊ မိမိကိုယ္ကို ယံုၾကည္မႈေတြလည္း နည္းပါးလာမယ္၊ ကုိယ္ေန႔တဓူ၀ လုပ္ေနတဲ့ အလုပ္ေတြမွာလည္း စိတ္၀င္စားမႈ ေလ်ာ့ပါးလာမယ္။ ကိုယ့္ကိုကိုယ္လည္း တန္ဖိုးမရွိတဲ့ လူသားတစ္ေယာက္လို႔ ျမင္လာျပီး အဲလိုစိတ္ခံစားမႈေလး ေတြကို ရက္ေပါင္းလေပါင္းမ်ားစြာ ခံစားေနရျပီဆိုရင္ Depression ေခၚ စိတ္က်ျခင္းေ၀ဒနာကို ခံစားေနရျပီလို႔ ဆိုႏိုင္ပါတယ္။

စိတ္က်ေ၀ဒနာ ခံစားရျခင္းနဲ႔ ဦးေႏွာက္နဲ႔ ဘယ္လိုဆက္ႏြယ္ေနမလဲ

လူ႔ဦးေႏွာက္ထဲမွာ nerve ေၾကာလို႔ ေခၚတဲ့ အာရံုေၾကာေလးေတြ အခ်င္းခ်င္းၾကား သတင္း အခ်က္အလက္ ေလးေတြေပးပို႔ေနတဲ့ neurotransmitter ေလးေတြ ပါရွိပါတယ္။ အခ်ိဳ႔ေသာ neurotransmitter ေလးေတြဟာ လူတေယာက္ရဲ႔ စိတ္ခံစားမႈေလးေတြကို ထိန္းညွိေပးပါတယ္။ ၄င္း neurotransmitter ေလးေတြ ေႏွးေကြးစြာ လႈပ္ရွားမႈေၾကာင့္ လူေတြမွာ ေဒါသထြက္ စိတ္တုိ လြယ္ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း ေတြျဖစ္ေစတယ္လို႔ ေဆးပညာအရ ဆိုပါတယ္။

စိတ္ဓာတ္က်ျခင္းကို သိပၸံနည္းက် ၾကည့္မယ္ဆိုရင္

စိတ္က်ေ၀ဒနာ ခံစားရျခင္းကို ေနထိုင္မႈပံုစံေလးေတြ ေျပာင္းလဲေပးၿပီး ေ၀ဒနာ ေလ်ာ့ပါးေအာင္ လုပ္ေပးႏုိင္တဲ့ နည္းလမ္းေတြ ရွိပါတယ္။

စိတ္က်ေ၀ဒနာ ခံစားရျခင္းအတြက္ ဘယ္လိုကုထံုးေလးေတြရွိမလဲ

စိတ္က်ျခင္းေ၀ဒနာဟာ စိတ္ေပါ့သြပ္ျပီး ရူးသြပ္ျခင္းနဲ႔ အေျခအေနခ်င္း ကြာျခားပါတယ္။ Depression ျဖစ္တာနဲ႔ Crazy ျဖစ္ေနတယ္လို႔ ေျပာလို႔မရပါဘူး။ နားလည္ တတ္ကၽြမ္းတဲ့ စိတ္က်န္းမာေရး ပညာရွင္ေတြနဲ႔ အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြးမႈေလးေတြ လုပ္မယ္၊ ကိုယ္ခံစားေနရတာေတြကို ဖြင့္ဟတိုင္ပင္ ႏိုင္တဲ့ Talk Therapy ေလးေတြ လုပ္ေပးမယ္ ဆိုရင္ နဂိုမူလ အရင္လို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျပန္ေနႏို္င္မွာပါ။ Anti-depressant လို႔ေခၚတဲ့ ေဆးေလးေတြကိုလည္း စိတ္က်ေ၀ဒနာ ခံစားရသူေတြကို ဆရာ၀န္ညႊန္ၾကားခ်က္နဲ႔ မွီ၀ဲခိုင္း ႏိုင္ပါတယ္။

အေရးၾကီးတာကေတာ့ စိတ္က်ေ၀ဒနာ ခံစားေနရသူကို ပစ္ပယ္မထားဘဲ သူ႔ကို အားေပး ေဆြးေႏြး အၾကံေပးတာေလးေတြကို အခ်ိန္မွီ လုပ္ေပးႏိုင္ဖုိ႔ပါ။ ဒီေ၀ဒနာဟာ ကုသလို႔ မေပ်ာက္တဲ့ ေရာဂါမ်ိဳး မဟုတ္ပါဘူး။ တိုင္ပင္ေဆြးေႏြးႏိုင္မယ့္ သူမ်ိဳးနဲ႔ ေတြ႔ဆံုျပီး ကုထံုးေလးေတြ ခံယူမယ္ဆိုရင္ အရင္လို က်န္းမာေပ်ာ္ရႊင္တဲ့ ဘ၀မ်ိဳးကို ျပန္လည္ ရရွိႏိုင္မွာပါ။အားလံုးဘဲ က်န္းမာေပ်ာ္ရႊင္ေသာ လူမႈဘ၀ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။
Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode version

စိတ်ဖိစီးမှုတွေနဲ့ လှုပ်ရှားရုန်းကန်ရတဲ့ ဘဝကြီးမှာ လူတိုင်းကိုယ်စီ စိတ်မချမ်းမြေ့မှု လေးတွေ ကြုံရစမြဲပါ။ ဒါပေမယ့် ထိုခဏတာ စိတ်မကြည်လင် မှုလေးတွေက အချိန်ယူပြီး ဖြေဖျောက် လိုက်ရင် ပျောက်ကွယ် သွားတတ်ပါတယ်။ Depression ဆိုတဲ့ စိတ်ကျဝေဒနာကတော့ ပိုပြီးပြင်းထန် တဲ့ စိတ်ခံစားမှုမျိုးပါ။

လူတယောက်ဟာ စိတ်ကျခြင်းဝေဒနာကို ခံစားရပြီဆိုရင် အလိုအလျောက် ဝမ်းနည်းနေတတ်မယ်၊ မိမိကိုယ်ကို ယုံကြည်မှုတွေလည်း နည်းပါးလာမယ်၊ ကိုယ်နေ့တဓူ၀ လုပ်နေတဲ့ အလုပ်တွေမှာလည်း စိတ်ဝင်စားမှု လျော့ပါးလာမယ်။ ကိုယ့်ကိုကိုယ်လည်း တန်ဖိုးမရှိတဲ့ လူသားတစ်ယောက်လို့ မြင်လာပြီး အဲလိုစိတ်ခံစားမှုလေး တွေကို ရက်ပေါင်းလပေါင်းများစွာ ခံစားနေရပြီဆိုရင် Depression ခေါ် စိတ်ကျခြင်းဝေဒနာကို ခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။

စိတ်ကျဝေဒနာ ခံစားရခြင်းနဲ့ ဦးနှောက်နဲ့ ဘယ်လိုဆက်နွယ်နေမလဲ

လူ့ဦးနှောက်ထဲမှာ nerve ကြောလို့ ခေါ်တဲ့ အာရုံကြောလေးတွေ အချင်းချင်းကြား သတင်း အချက်အလက် လေးတွေပေးပို့နေတဲ့ neurotransmitter လေးတွေ ပါရှိပါတယ်။ အချို့သော neurotransmitter လေးတွေဟာ လူတယောက်ရဲ့ စိတ်ခံစားမှုလေးတွေကို ထိန်းညှိပေးပါတယ်။ ၎င်း neurotransmitter လေးတွေ နှေးကွေးစွာ လှုပ်ရှားမှုကြောင့် လူတွေမှာ ဒေါသထွက် စိတ်တို လွယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း တွေဖြစ်စေတယ်လို့ ဆေးပညာအရ ဆိုပါတယ်။

စိတ်ဓာတ်ကျခြင်းကို သိပ္ပံနည်းကျ ကြည့်မယ်ဆိုရင်

စိတ်ကျဝေဒနာ ခံစားရခြင်းကို နေထိုင်မှုပုံစံလေးတွေ ပြောင်းလဲပေးပြီး ဝေဒနာ လျော့ပါးအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

စိတ်ကျဝေဒနာ ခံစားရခြင်းအတွက် ဘယ်လိုကုထုံးလေးတွေရှိမလဲ

စိတ်ကျခြင်းဝေဒနာဟာ စိတ်ပေါ့သွပ်ပြီး ရူးသွပ်ခြင်းနဲ့ အခြေအနေချင်း ကွာခြားပါတယ်။ Depression ဖြစ်တာနဲ့ Crazy ဖြစ်နေတယ်လို့ ပြောလို့မရပါဘူး။ နားလည် တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလေးတွေ လုပ်မယ်၊ ကိုယ်ခံစားနေရတာတွေကို ဖွင့်ဟတိုင်ပင် နိုင်တဲ့ Talk Therapy လေးတွေ လုပ်ပေးမယ် ဆိုရင် နဂိုမူလ အရင်လို ပျော်ပျော်ရွှင်ရွှင် ပြန်နေနိုင်မှာပါ။ Anti-depressant လို့ခေါ်တဲ့ ဆေးလေးတွေကိုလည်း စိတ်ကျဝေဒနာ ခံစားရသူတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ မှီဝဲခိုင်း နိုင်ပါတယ်။


အရေးကြီးတာကတော့ စိတ်ကျဝေဒနာ ခံစားနေရသူကို ပစ်ပယ်မထားဘဲ သူ့ကို အားပေး ဆွေးနွေး အကြံပေးတာလေးတွေကို အချိန်မှီ လုပ်ပေးနိုင်ဖို့ပါ။ ဒီဝေဒနာဟာ ကုသလို့ မပျောက်တဲ့ ရောဂါမျိုး မဟုတ်ပါဘူး။ တိုင်ပင်ဆွေးနွေးနိုင်မယ့် သူမျိုးနဲ့ တွေ့ဆုံပြီး ကုထုံးလေးတွေ ခံယူမယ်ဆိုရင် အရင်လို ကျန်းမာပျော်ရွှင်တဲ့ ဘဝမျိုးကို ပြန်လည် ရရှိနိုင်မှာပါ။အားလုံးဘဲ ကျန်းမာပျော်ရွှင်သော လူမှုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top