iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြဟာတစ္ကိုယ္ေရသန္႔ရွင္းေရးအတြက္ နည္းလမ္းအမ်ဳိးမ်ဳိးကို လိုက္နာၾကပါတယ္။ အဲဒီနည္းလမ္းေတြက တကယ္ေရာ က်န္းမာေရးအတြက္ ေကာင္းက်ဳိးေပးနိုင္ရဲ့လား။ ေကာင္းက်ဳိးေပးနိုင္တဲ့အရာေတြ အျပင္ တစ္ကိုယ္ေရသန္႔ရွင္းေရးဆိုေပမယ့္ က်န္းမာေရးအတြက္ အႏၱရာယ္ေပးနိုင္တဲ့ အခ်က္ေတြလည္း ရိွေနပါတယ္။


ခံတြင္းအနံ႔ဆိုးကို လ်စ္လ်ဴရွဳျခင္း
◘ အႏၱရာယ္ ျဖစ္နိုင္

ခံတြင္းအနံ႔ဆိုးတာက စိတ္မသက္မသာျဖစ္ဖြယ္ရာ ျပႆနာတစ္ရပ္ျဖစ္ရံုသာမက ကူးစက္ပိုးဝင္တာလို အေျခခံက်န္းမာေရးျပႆနာတစ္ခုရဲ့ လကၡဏာတစ္ရပ္ျဖစ္နိုင္ပါတယ္။ ခံတြင္းအနံ႔ဆိုးထြက္တာ ကင္းေစဖို႔ အစာစားျပီးတိုင္းပလုတ္က်င္းတာ၊ သြားတိုက္တာ၊ ေရကိုမ်ားမ်ား ေသာက္တာေတြကို လိုက္နာပါ။ ဒါ့အျပင္ အေျခခံက်န္းမာေရးျပႆနာရိွ၊ မရိွ ဆန္းစစ္ပါ။

ဆံပင္ေဆးဆိုးျခင္း
◘ အႏၱရာယ္ ျဖစ္နိုင္

ဆံပင္ဆိုးေဆးေတြထဲမွာ ဓာတုပစၥည္း ၅ဝဝဝ နီးပါးရိွျပီး တခ်ဳိ႕အမ်ဳိးအစားေတြက တိရစၧာန္ေတြမွာ ကင္ ဆာျဖစ္ေစနိုင္ေၾကာင္း ဆိုထားပါတယ္။ ေလ့လာမႈတစ္ခုအရ ဆံပင္ညွပ္ဆရာေတြဟာ ဆီးအိတ္ကင္ဆာျဖစ္နိုင္ေျခ ျမင့္တက္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ အမ်ဳိးသားကင္ဆာ တကၠသိုလ္ရဲ့ေလ့လာမႈအရ ဆံပင္ေဆးဆိုးတာနဲ႔ ကင္ဆာအၾကားဆက္စပ္မႈဟာ သိသာထင္ရွားမႈ မရိွေသးဘူးလို႔ ဆိုထားျပန္ပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ အလြန္အမင္းအေရာင္ဆိုးတာေၾကာင့္ ဆံပင္သားထိ ခိုက္ပ်က္စီးမႈကို ျဖစ္ေစနိုင္ပါတယ္။

လက္သည္းညွပ္ျခင္း
☺ ေကာင္းက်ဳိးရိွ

လက္သည္း၊ ေျခသည္းေတြကို သပ္သပ္ရပ္ရပ္ ညွပ္တာေၾကာင့္ လွပတင့္တယ္မႈရိွရံုသာမက လက္သည္း ကိုက္တာ၊ လက္သည္းနဲ႔ ကုတ္ျခစ္တာတို႔ေၾကာင့္ဖန္းဂပ္စ္မိႈစဲြမႈ မျဖစ္ေအာင္လည္း တြန္းလွန္ေပးနိုင္ပါ တယ္။

ေရေမႊးအလြန္အမင္း သံုးျခင္း
◘ အႏၱရာယ္ရိွ

ေရေမႊးကို အလြန္အမင္း ဆြတ္တဲ့အခါ သင့္ဝန္းက်င္က လူေတြေရာ သင့္ကိုပါ ထိခိုက္ေစနိုင္ပါတယ္။ တခ်ဳိ႕လူေတြက ေရေမႊးေၾကာင့္ အေရျပားမွာ ယားယံတဲ့ အနီျပင္ထတာလို ျပႆနာ ျဖစ္ေပၚတတ္တာ
ေၾကာင့္ပါ။ အေရျပားက ထိလြယ္ခိုက္လြယ္ရင္ ဓာတ္မတည့္မႈကိုေရွာင္ရွားနိုင္ဖို႔ ေရေမႊးမသံုးပါနဲ႔။

သြားၾကားပြတ္ၾကိဳးသံုးျခင္း
☺ ေကာင္းက်ဳိးရိွ

သြားၾကားပြတ္ၾကိဳးသံုးတာက က်န္းမာေရးအတြက္ ေကာင္းပါတယ္။ ပံုမွန္သြားၾကားပြတ္ၾကိဳးနဲ႔ သန္႔စင္တာေၾကာင့္သြားတိုက္လို႔ မစင္နိုင္တဲ့ သြားၾကားထဲကသြားေခ်းဖတ္ေတြနဲ႔ စားၾကြင္း
စားက်န္ေတြကို ကင္းစင္ေစ ပါတယ္။ ေလ့လာမႈမ်ားစြာအရ ခံတြင္းျပႆနာေတြဟာနွလံုးေရာဂါကို ခန္႔မွန္းနိုင္ျပီး သြားၾကားပြတ္ၾကိဳး ထိုးတာေၾကာင့္ သြားဖံုးေရာင္ရမ္းမႈကို ေလ်ာ့က်ေစေၾကာင္း သိရပါတယ္။

နွာေခါင္းထဲက အေမြးအမွင္မ်ားကိုညွပ္ျခင္း၊ နုတ္ျခင္း
◘ အႏၱရာယ္ ျဖစ္နိုင္

နွာေခါင္းထဲက အေမြးအမွင္ေတြကိုမညွပ္ခင္၊ မနုတ္ခင္မွာ တစ္ၾကိမ္ ထပ္စဥ္းစားပါ။ နွာေခါင္းထဲ အေမြးအ မွင္ေတြ မရိွရင္ ဘက္တီးရီယားပိုးေတြနဲ႔ အေမြးအိတ္တို႔ ထိေတြ႕မႈ ျဖစ္ကာ ပိုးဝင္ကူးစက္မႈကို ျဖစ္ေစနိုင္ပါ တယ္။ ဒါ့အျပင္ အသက္ရွဴသြင္းတဲ့အခါတိုင္း ဖုန္မႈန္႔နဲ႔ အမိႈက္ေတြကို ပိုမိုရွဴသြင္းျဖစ္ျပီး နာမက်န္းမႈကို ျဖစ္ေစနိုင္ပါတယ္။ နွာေခါင္းထဲက အေမြးေတြက ရွည္လ်ားျပီး အျပင္ဘက္ထြက္ေနရင္ အဖ်ားကို ခပ္ပါးပါးတိေပးနိုင္ပါတယ္။

သြားတိုက္ျခင္း
☺ ေကာင္းက်ဳိးရိွ

သြားတိုက္တာက ေန႔စဥ္ ျပဳလုပ္သင့္တဲ့ အေလ့အထ တစ္ရပ္ပါ။ သြားတိုက္တဲ့အတြက္ ခံတြင္းအနံ႔ဆိုး ကင္းေစတဲ့အျပင္ သြားပိုးစားတာနဲ႔ သြားဖံုးေရာင္တာလို သြားဖံုးေရာဂါေတြကို ကာကြယ္ေပးနိုင္
ပါတယ္။ အေမရိကန္ သြားနွင့္ ခံတြင္းဘက္ဆိုင္ရာ အဖဲြ႔အစည္းက တစ္ေန႔ နွစ္ၾကိမ္ သြားတိုက္ဖို႔၊ သြားတိုက္ရာမွာ အေပၚေအာက္ ညင္ညင္သာသာပြတ္တိုက္သန္႔စင္ဖို႔နဲ႔ သံုး-ေလးလၾကာတိုင္း သြားတိုက္တံ အသစ္လဲဖို႔လို အပ္ေၾကာင္း အၾကံျပဳထားပါတယ္။

နွာေခါင္းထဲ လက္နိႈက္ျခင္း

◘ အႏၱရာယ္ ျဖစ္နိုင္

နွာေခါင္းထဲ လက္နိႈက္ျပီး ေဆးေၾကာသန္႔စင္မႈမလုပ္ဘဲ အဲဒီလက္နဲ႔ အစာစားတဲ့အခါ ပိုးဝင္ကူးစက္မႈ ဒါမွ မဟုတ္ နာမက်န္းျဖစ္နိုင္ေျခမ်ားျပီး က်န္းမာေရး ထိခိုက္ေစနိုင္ပါတယ္။ နွာေခါင္းထဲက နွပ္ေခ်းဖတ္တို႔ ကင္းရွင္းေစဖို႔ အစိုဓာတ္ထိန္းတဲ့ ဂဲ်လ္နဲ႔ သန္႔စင္ေပးပါ။

မ်က္နွာကို အလြန္အမင္း သန္႔စင္ျခင္း

◘ အႏၱရာယ္ ျဖစ္နိုင္

မ်က္နွာကို အလြန္အမင္း သန္႔စင္တာ၊ ေၾကးခြ်တ္တာကို လုပ္ေဆာင္ရင္အေရျပားအဆီေတြကို ကင္းစင္ေစျပီးအဖုအပိမ့္အျပစ္အနာအဆာ ျဖစ္ေပၚေစတဲ့အျပင္ အဆီထြက္ရိွမႈ ျမင့္မားေစပါတယ္။ မ်က္နွာအေရျပားရိွ အဆီနဲ႔အညစ္အေၾကးတို႔ ကင္းစင္ေစဖို႔ တစ္ေန႔နွစ္ၾကိမ္မ်က္နွာသန္႔စင္ေဆးနဲ႔ ညင္ညင္သာသာ သန္႔စင္ပါ။

မမွန္ကန္ေသာနည္းျဖင့္ အေမြးရိတ္ျခင္း

◘ အႏၱရာယ္ ျဖစ္နိုင္

ျဖစ္တဲ့နည္းနဲ႔ အေမြးရိတ္တဲ့အခါအေမြးအမွင္ေအာက္က အေရျပားကိုပါထိခိုက္ေစနိုင္ပါတယ္။ အရင္ဆံုး ၾကက္သီးေႏြးေရသံုးျပီး အေမြးေတြကို ေပ်ာ့ေပ်ာင္းစိုျပည္ေအာင္ လုပ္ေဆာင္ပါ။ ဒါဆိုရင္ အေမြးအမွင္ေတြ ကို ရိတ္ရ လြယ္ကူေစပါတယ္။ အေမြးရိတ္တဲ့ ဂဲ်လ္လိမ္းျပီး ထပ္မံစိုျပည္ေအာင္ လုပ္ကာ ဘလိတ္ဓားနဲ႔ အေမြးေပါက္ရာ လမ္းေၾကာင္းအတိုင္း ေစာင္းျပီးရိတ္ေပးပါ။ ဒါမွသာ အေရျပား စပ္ဖ်ဥ္းဖ်ဥ္းျဖစ္မႈနဲ႔ ဘလိတ္ ဓားေၾကာင့္အဖုအပိမ့္ထကာ အပူေလာင္မႈ ကင္းစင္ေစမွာပါ။

Credit:ဇြန္ခိုင္ဦး (ေဆး၀ါးတကၠသိုလ္)

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတွေဟာတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် နည်းလမ်းအမျိုးမျိုးကို လိုက်နာကြပါတယ်။ အဲဒီနည်းလမ်းတွေက တကယ်ရော ကျန်းမာရေးအတွက် ကောင်းကျိုးပေးနိုင်ရဲ့လား။ ကောင်းကျိုးပေးနိုင်တဲ့အရာတွေ အပြင် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုပေမယ့် ကျန်းမာရေးအတွက် အန္တရာယ်ပေးနိုင်တဲ့ အချက်တွေလည်း ရှိနေပါတယ်။


ခံတွင်းအနံ့ဆိုးကို လျစ်လျူရှုခြင်း
◘ အန္တရာယ် ဖြစ်နိုင်

ခံတွင်းအနံ့ဆိုးတာက စိတ်မသက်မသာဖြစ်ဖွယ်ရာ ပြဿနာတစ်ရပ်ဖြစ်ရုံသာမက ကူးစက်ပိုးဝင်တာလို အခြေခံကျန်းမာရေးပြဿနာတစ်ခုရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးထွက်တာ ကင်းစေဖို့ အစာစားပြီးတိုင်းပလုတ်ကျင်းတာ၊ သွားတိုက်တာ၊ ရေကိုများများ သောက်တာတွေကို လိုက်နာပါ။ ဒါ့အပြင် အခြေခံကျန်းမာရေးပြဿနာရှိ၊ မရှိ ဆန်းစစ်ပါ။

ဆံပင်ဆေးဆိုးခြင်း
◘ အန္တရာယ် ဖြစ်နိုင်

ဆံပင်ဆိုးဆေးတွေထဲမှာ ဓာတုပစ္စည်း ၅ဝဝဝ နီးပါးရှိပြီး တချို့အမျိုးအစားတွေက တိရစ္ဆာန်တွေမှာ ကင် ဆာဖြစ်စေနိုင်ကြောင်း ဆိုထားပါတယ်။ လေ့လာမှုတစ်ခုအရ ဆံပင်ညှပ်ဆရာတွေဟာ ဆီးအိတ်ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အမျိုးသားကင်ဆာ တက္ကသိုလ်ရဲ့လေ့လာမှုအရ ဆံပင်ဆေးဆိုးတာနဲ့ ကင်ဆာအကြားဆက်စပ်မှုဟာ သိသာထင်ရှားမှု မရှိသေးဘူးလို့ ဆိုထားပြန်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အလွန်အမင်းအရောင်ဆိုးတာကြောင့် ဆံပင်သားထိ ခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။

လက်သည်းညှပ်ခြင်း
☺ ကောင်းကျိုးရှိ

လက်သည်း၊ ခြေသည်းတွေကို သပ်သပ်ရပ်ရပ် ညှပ်တာကြောင့် လှပတင့်တယ်မှုရှိရုံသာမက လက်သည်း ကိုက်တာ၊ လက်သည်းနဲ့ ကုတ်ခြစ်တာတို့ကြောင့်ဖန်းဂပ်စ်မှိုစွဲမှု မဖြစ်အောင်လည်း တွန်းလှန်ပေးနိုင်ပါ တယ်။

ရေမွှေးအလွန်အမင်း သုံးခြင်း
◘ အန္တရာယ်ရှိ

ရေမွှေးကို အလွန်အမင်း ဆွတ်တဲ့အခါ သင့်ဝန်းကျင်က လူတွေရော သင့်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ တချို့လူတွေက ရေမွှေးကြောင့် အရေပြားမှာ ယားယံတဲ့ အနီပြင်ထတာလို ပြဿနာ ဖြစ်ပေါ်တတ်တာ
ကြောင့်ပါ။ အရေပြားက ထိလွယ်ခိုက်လွယ်ရင် ဓာတ်မတည့်မှုကိုရှောင်ရှားနိုင်ဖို့ ရေမွှေးမသုံးပါနဲ့။

သွားကြားပွတ်ကြိုးသုံးခြင်း
☺ ကောင်းကျိုးရှိ

သွားကြားပွတ်ကြိုးသုံးတာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ပုံမှန်သွားကြားပွတ်ကြိုးနဲ့ သန့်စင်တာကြောင့်သွားတိုက်လို့ မစင်နိုင်တဲ့ သွားကြားထဲကသွားချေးဖတ်တွေနဲ့ စားကြွင်း
စားကျန်တွေကို ကင်းစင်စေ ပါတယ်။ လေ့လာမှုများစွာအရ ခံတွင်းပြဿနာတွေဟာနှလုံးရောဂါကို ခန့်မှန်းနိုင်ပြီး သွားကြားပွတ်ကြိုး ထိုးတာကြောင့် သွားဖုံးရောင်ရမ်းမှုကို လျော့ကျစေကြောင်း သိရပါတယ်။

နှာခေါင်းထဲက အမွေးအမှင်များကိုညှပ်ခြင်း၊ နုတ်ခြင်း
◘ အန္တရာယ် ဖြစ်နိုင်

နှာခေါင်းထဲက အမွေးအမှင်တွေကိုမညှပ်ခင်၊ မနုတ်ခင်မှာ တစ်ကြိမ် ထပ်စဉ်းစားပါ။ နှာခေါင်းထဲ အမွေးအ မှင်တွေ မရှိရင် ဘက်တီးရီယားပိုးတွေနဲ့ အမွေးအိတ်တို့ ထိတွေ့မှု ဖြစ်ကာ ပိုးဝင်ကူးစက်မှုကို ဖြစ်စေနိုင်ပါ တယ်။ ဒါ့အပြင် အသက်ရှူသွင်းတဲ့အခါတိုင်း ဖုန်မှုန့်နဲ့ အမှိုက်တွေကို ပိုမိုရှူသွင်းဖြစ်ပြီး နာမကျန်းမှုကို ဖြစ်စေနိုင်ပါတယ်။ နှာခေါင်းထဲက အမွေးတွေက ရှည်လျားပြီး အပြင်ဘက်ထွက်နေရင် အဖျားကို ခပ်ပါးပါးတိပေးနိုင်ပါတယ်။

သွားတိုက်ခြင်း
☺ ကောင်းကျိုးရှိ

သွားတိုက်တာက နေ့စဉ် ပြုလုပ်သင့်တဲ့ အလေ့အထ တစ်ရပ်ပါ။ သွားတိုက်တဲ့အတွက် ခံတွင်းအနံ့ဆိုး ကင်းစေတဲ့အပြင် သွားပိုးစားတာနဲ့ သွားဖုံးရောင်တာလို သွားဖုံးရောဂါတွေကို ကာကွယ်ပေးနိုင်
ပါတယ်။ အမေရိကန် သွားနှင့် ခံတွင်းဘက်ဆိုင်ရာ အဖွဲ့အစည်းက တစ်နေ့ နှစ်ကြိမ် သွားတိုက်ဖို့၊ သွားတိုက်ရာမှာ အပေါ်အောက် ညင်ညင်သာသာပွတ်တိုက်သန့်စင်ဖို့နဲ့ သုံး-လေးလကြာတိုင်း သွားတိုက်တံ အသစ်လဲဖို့လို အပ်ကြောင်း အကြံပြုထားပါတယ်။

နှာခေါင်းထဲ လက်နှိုက်ခြင်း
◘ အန္တရာယ် ဖြစ်နိုင်

နှာခေါင်းထဲ လက်နှိုက်ပြီး ဆေးကြောသန့်စင်မှုမလုပ်ဘဲ အဲဒီလက်နဲ့ အစာစားတဲ့အခါ ပိုးဝင်ကူးစက်မှု ဒါမှ မဟုတ် နာမကျန်းဖြစ်နိုင်ခြေများပြီး ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ နှာခေါင်းထဲက နှပ်ချေးဖတ်တို့ ကင်းရှင်းစေဖို့ အစိုဓာတ်ထိန်းတဲ့ ဂဲျလ်နဲ့ သန့်စင်ပေးပါ။

မျက်နှာကို အလွန်အမင်း သန့်စင်ခြင်း
◘ အန္တရာယ် ဖြစ်နိုင်

မျက်နှာကို အလွန်အမင်း သန့်စင်တာ၊ ကြေးချွတ်တာကို လုပ်ဆောင်ရင်အရေပြားအဆီတွေကို ကင်းစင်စေပြီးအဖုအပိမ့်အပြစ်အနာအဆာ ဖြစ်ပေါ်စေတဲ့အပြင် အဆီထွက်ရှိမှု မြင့်မားစေပါတယ်။ မျက်နှာအရေပြားရှိ အဆီနဲ့အညစ်အကြေးတို့ ကင်းစင်စေဖို့ တစ်နေ့နှစ်ကြိမ်မျက်နှာသန့်စင်ဆေးနဲ့ ညင်ညင်သာသာ သန့်စင်ပါ။

မမှန်ကန်သောနည်းဖြင့် အမွေးရိတ်ခြင်း
◘ အန္တရာယ် ဖြစ်နိုင်

ဖြစ်တဲ့နည်းနဲ့ အမွေးရိတ်တဲ့အခါအမွေးအမှင်အောက်က အရေပြားကိုပါထိခိုက်စေနိုင်ပါတယ်။ အရင်ဆုံး ကြက်သီးနွေးရေသုံးပြီး အမွေးတွေကို ပျော့ပျောင်းစိုပြည်အောင် လုပ်ဆောင်ပါ။ ဒါဆိုရင် အမွေးအမှင်တွေ ကို ရိတ်ရ လွယ်ကူစေပါတယ်။ အမွေးရိတ်တဲ့ ဂဲျလ်လိမ်းပြီး ထပ်မံစိုပြည်အောင် လုပ်ကာ ဘလိတ်ဓားနဲ့ အမွေးပေါက်ရာ လမ်းကြောင်းအတိုင်း စောင်းပြီးရိတ်ပေးပါ။ ဒါမှသာ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်မှုနဲ့ ဘလိတ် ဓားကြောင့်အဖုအပိမ့်ထကာ အပူလောင်မှု ကင်းစင်စေမှာပါ။

Credit:ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top