iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္ခရီးလမ္းတစ္ခုမွာ အျငင္းအခံုဆုိတာ ေရွာင္လႊဲမရႏုိင္တဲ့ အရာပါ။ မိန္းမဆုိတာမ်ိဳးဟာ အျငင္းအခံုျဖစ္ေနခ်ိန္မွာ ဖိႏွိပ္လို႕မရေကာင္းတဲ့ အမ်ိဳးအစားလည္းျဖစ္တယ္။ သူတုိ႕ရဲ႕ စကားလံုးေတြနဲ႕ သင့္ကို ေသခ်င္စိတ္ေပါက္သြားေအာင္ ေျပာဆုိႏုိင္စြမ္းရွိၾကပါတယ္။ သင့္အေနနဲ႕ကလည္း ငါးမန္း တစ္ေကာင္လို ထိုးစစ္ဆင္မွ အသက္ရႈေခ်ာင္ႏုိင္လိမ့္မယ္လို႕ ထင္ခ်င္စရာရွိတယ္။
ဒါေပမယ့္လည္း ျငင္းခံုေနၾကခ်ိန္မွာ ေသြးၾကြတဲ့စကားလံုးေတြ ထပ္ေပါင္းထည့္လုိက္တဲ့အခါ ျပန္လည္အဆင္ေျပဖုိ႕ ရာခိုင္ႏႈန္းက သုညကို က်ဆင္းသြားပါလိမ့္မယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြနဲ႕ ျငင္းတဲ့အခါမ်ိဳးမွာေပါ့။ ဒီေတာ့ သင့္ကိုအေကာင္းဆံုးအႀကံေပးခ်င္တာက မစခင္က တည္းက ရပ္လုိက္ပါ။ ဒါေပမယ့္ စမိေနၿပီဆုိရင္ေတာ့ အရွိန္မရခင္မွာ ဒီအခ်က္ေလးေတြကို လိုက္နာမိဖို႕ အားထုတ္ၾကည့္ပါ။

(၁) လက္ရွိအရာကိုပဲ ေျဖရွင္းပါ မေက်နပ္တဲ့အရာေတြကို စိတ္ထဲမွာ လအတန္အၾကာ အစုလုိက္အပံုလုိက္ျဖစ္ေအာင္ မ်ိဳသိပ္ထားတတ္တဲ့ အေလ့အထ အမ်ိဳးသမီးေတြမွာ ရွိတတ္ၾကပါတယ္။ မိုက္မဲတဲ့ ဆံုးျဖတ္ခ်က္တစ္ခုနဲ႕ သူမက ျပႆနာရွာေနခ်ိန္မွာ လက္ရွိအေၾကာင္းအရင္းက ဆက္လက္ အျငင္းအခံုျပဳဖုိ႕ မလံုေလာက္ေတာ့မွန္း သိလိုက္ခ်ိန္မွာ သူမအေနနဲ႕ ရင္ထဲမွာမ်ိဳသိပ္ထားတဲ့ အနာေဟာင္းေတြကို ျပန္ဆြပါေတာ့မယ္။ ဒီလိုမ်ိဳး အတိတ္ကိုတူးဆြဖို႕ ေျခလွန္းျပင္ေနခ်ိန္မွာ သင့္အေနနဲ႔ လက္ရွိ ျပႆနာကိုပဲ အာရံုစိုက္ဖို႕အတြက္ လိမၼာပါးနပ္စြာ ျပန္လည္ေခၚေဆာင္လာႏုိင္ ရပါမယ္။ ဒီနည္းလမ္းသံုးလုိက္ျခင္းျဖင့္ သူမမွာ ေရြးခ်ယ္စရာမရွိေတာ့ဘဲ လက္ရွိ အေၾကာင္းျပခ်က္ဟာ အျငင္းအခံု ဆက္ျဖစ္ေနဖုိ႕ မခိုင္လံုေတာ့မွန္း လက္ခံလုိက္ရပါလိမ့္မယ္။

(၂) အျပန္အလွန္ အျပစ္တင္ၾကတဲ့ ကစားနည္းမဟုတ္ပါဘူး သင့္အေနနဲ႕ သူမရဲ႕ အျပစ္မွန္သမွ်ကို စာရင္းျပဳစုခ်ျပၿပီး ျငင္းခံုပြဲကို အျပတ္အသတ္ အႏုိင္ယူလိုက္လုိ႕ ရပါတယ္။ ဒါက အဲ့ဒီအခ်ိန္အေတာအတြင္းမွာေတာ့ အေတာ္ေလးကို ေက်ေက်နပ္နပ္ ခံစားလုိက္ရေပမယ့္ ေရရွည္ၾကည့္ရင္ေတာ့ ျပႆနာကို သယ္ေဆာင္သြားတာပါပဲ။ ကိုယ့္ကို အျပစ္ရွိသူတစ္ေယာက္လို စြပ္စြဲတဲ့ ေယာက္်ားမ်ိဳးကို ဘယ္မိန္းကေလးမွ မလုိခ်င္ပါဘူး။ သူမမွားေၾကာင္း သူမကိုယ္သူမသိေနႏုိင္ပါတယ္။ ဒါေပမယ့္ “မွားေနတဲ့သူတစ္ေယာက္ပါ”လုိ႕ေတာ့ လက္ညွိဳးထိုးမခံခ်င္ပါဘူး။

(၃) အရြယ္ေရာက္ၿပီးသား သူေတြလို ျပဳမူဆက္ဆံပါ ေအးေဆးစြာ ေျပာဆုိေဆြးေႏြးျခင္းဟာ ေအာ္ဟစ္ျငင္းခံု ေပါက္ကြဲေနၾကတာထက္ ေကာင္းတယ္ဆုိတာ တကမၻာလံုး လက္ခံၾကပါတယ္။ တုိက္ခိုက္ၾကမယ့္အစား ေဆြးေႏြးပါ။ လက္ပါေျခပါျဖစ္ျခင္းကို အထူးေရွာင္က်ဥ္ဖုိ႕ အႀကံေပးခ်င္ပါတယ္။ ေဒါသကိုဖြင့္ထုတ္လုိက္မယ့္ အစား စိတ္ေလ်ာ့ၿပီး အသက္၀၀တစ္ခ်က္ ရႈလုိက္ပါ။

(၄) ေႏြးေထြးတဲ့အျပဳအမူတစ္ခ်ိဳ႕ ျပသပါ။ သူမဟာ သင့္ရဲ႕ ဘ၀ထဲက အခ်စ္ရဆံုးသူတစ္ဦးျဖစ္ေနမွေတာ့ ဘာေၾကာင့္ဒီလုိမ်ိဳး မျပဳမူႏုိင္ရမွာလဲ ။ ျငင္းခံုေနျခင္းရဲ႕ အရွိန္ကို ရုတ္တရက္ေလ်ာ့ခ်လိုက္ဖို႕ အေကာင္းဆံုးနည္းလမ္း ကေတာ့ အခုေျပာတဲ့နည္းလမ္းပါပဲ။ သူမကို အဆံုးရံႈးမခံႏုိင္ဘူးဆုိရင္ေတာ့ သင္သူမကို ခ်စ္ေနေသးေၾကာင္း ေႏြးေထြးတဲ့အျပဳအမူတစ္ခ်ိဳ႕ ျပသၿပီး ေပးသိလိုက္ပါ။

(၅) ျငင္းခံုျခင္းကို အိပ္ရာထဲတြင္ အဆံုးသတ္ပါ ဒီ့ထက္ေကာင္းတဲ့နည္းလမ္းမရွိပါဘူး။ အတူေနလိုက္တဲ့အခ်ိန္ဟာ ျပႆနာအားလံုးကို ေျဖရွင္းသြားေစႏုိင္ပါတယ္။ ဒီလုိအဆံုးသတ္လုိက္ျခင္းျဖင့္ အျငင္းအခံုေတြဟာ သိပ္ႀကီးခက္ခဲတာမ်ိဳး မျဖစ္ေတာ့ပါဘူး။ သိထားရမွာက ဒီလိုလုပ္ဖို႕ ဖိအားမေပးဘဲနဲ႕ အဲဒီအေျခအေန ေရာက္သြားေအာင္ ညင္သာစြာ ေခၚေဆာင္ပါ။ အဲဒီအခ်ိန္ဟာ သင္သူ႕ကို ဘယ္ေလာက္ခ်စ္ေၾကာင္း ေျပာျပဖို႕ အသင့္ေတာ္ဆံုးအခ်ိန္ပါပဲ။ အတြဲေတြဟာ အိပ္ရာေပၚမွာ ဘယ္ေတာ့မွ ရန္မျဖစ္တတ္ၾကပါဘူး။

Credit : Aungsanlin
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ချစ်ခရီးလမ်းတစ်ခုမှာ အငြင်းအခုံဆိုတာ ရှောင်လွှဲမရနိုင်တဲ့ အရာပါ။ မိန်းမဆိုတာမျိုးဟာ အငြင်းအခုံဖြစ်နေချိန်မှာ ဖိနှိပ်လို့မရကောင်းတဲ့ အမျိုးအစားလည်းဖြစ်တယ်။ သူတို့ရဲ့ စကားလုံးတွေနဲ့ သင့်ကို သေချင်စိတ်ပေါက်သွားအောင် ပြောဆိုနိုင်စွမ်းရှိကြပါတယ်။ သင့်အနေနဲ့ကလည်း ငါးမန်း တစ်ကောင်လို ထိုးစစ်ဆင်မှ အသက်ရှုချောင်နိုင်လိမ့်မယ်လို့ ထင်ချင်စရာရှိတယ်။
ဒါပေမယ့်လည်း ငြင်းခုံနေကြချိန်မှာ သွေးကြွတဲ့စကားလုံးတွေ ထပ်ပေါင်းထည့်လိုက်တဲ့အခါ ပြန်လည်အဆင်ပြေဖို့ ရာခိုင်နှုန်းက သုညကို ကျဆင်းသွားပါလိမ့်မယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ငြင်းတဲ့အခါမျိုးမှာပေါ့။ ဒီတော့ သင့်ကိုအကောင်းဆုံးအကြံပေးချင်တာက မစခင်က တည်းက ရပ်လိုက်ပါ။ ဒါပေမယ့် စမိနေပြီဆိုရင်တော့ အရှိန်မရခင်မှာ ဒီအချက်လေးတွေကို လိုက်နာမိဖို့ အားထုတ်ကြည့်ပါ။

(၁) လက်ရှိအရာကိုပဲ ဖြေရှင်းပါ မကျေနပ်တဲ့အရာတွေကို စိတ်ထဲမှာ လအတန်အကြာ အစုလိုက်အပုံလိုက်ဖြစ်အောင် မျိုသိပ်ထားတတ်တဲ့ အလေ့အထ အမျိုးသမီးတွေမှာ ရှိတတ်ကြပါတယ်။ မိုက်မဲတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ သူမက ပြဿနာရှာနေချိန်မှာ လက်ရှိအကြောင်းအရင်းက ဆက်လက် အငြင်းအခုံပြုဖို့ မလုံလောက်တော့မှန်း သိလိုက်ချိန်မှာ သူမအနေနဲ့ ရင်ထဲမှာမျိုသိပ်ထားတဲ့ အနာဟောင်းတွေကို ပြန်ဆွပါတော့မယ်။ ဒီလိုမျိုး အတိတ်ကိုတူးဆွဖို့ ခြေလှန်းပြင်နေချိန်မှာ သင့်အနေနဲ့ လက်ရှိ ပြဿနာကိုပဲ အာရုံစိုက်ဖို့အတွက် လိမ္မာပါးနပ်စွာ ပြန်လည်ခေါ်ဆောင်လာနိုင် ရပါမယ်။ ဒီနည်းလမ်းသုံးလိုက်ခြင်းဖြင့် သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ လက်ရှိ အကြောင်းပြချက်ဟာ အငြင်းအခုံ ဆက်ဖြစ်နေဖို့ မခိုင်လုံတော့မှန်း လက်ခံလိုက်ရပါလိမ့်မယ်။

(၂) အပြန်အလှန် အပြစ်တင်ကြတဲ့ ကစားနည်းမဟုတ်ပါဘူး သင့်အနေနဲ့ သူမရဲ့ အပြစ်မှန်သမျှကို စာရင်းပြုစုချပြပြီး ငြင်းခုံပွဲကို အပြတ်အသတ် အနိုင်ယူလိုက်လို့ ရပါတယ်။ ဒါက အဲ့ဒီအချိန်အတောအတွင်းမှာတော့ အတော်လေးကို ကျေကျေနပ်နပ် ခံစားလိုက်ရပေမယ့် ရေရှည်ကြည့်ရင်တော့ ပြဿနာကို သယ်ဆောင်သွားတာပါပဲ။ ကိုယ့်ကို အပြစ်ရှိသူတစ်ယောက်လို စွပ်စွဲတဲ့ ယောက်ျားမျိုးကို ဘယ်မိန်းကလေးမှ မလိုချင်ပါဘူး။ သူမမှားကြောင်း သူမကိုယ်သူမသိနေနိုင်ပါတယ်။ ဒါပေမယ့် “မှားနေတဲ့သူတစ်ယောက်ပါ”လို့တော့ လက်ညှိုးထိုးမခံချင်ပါဘူး။

(၃) အရွယ်ရောက်ပြီးသား သူတွေလို ပြုမူဆက်ဆံပါ အေးဆေးစွာ ပြောဆိုဆွေးနွေးခြင်းဟာ အော်ဟစ်ငြင်းခုံ ပေါက်ကွဲနေကြတာထက် ကောင်းတယ်ဆိုတာ တကမ္ဘာလုံး လက်ခံကြပါတယ်။ တိုက်ခိုက်ကြမယ့်အစား ဆွေးနွေးပါ။ လက်ပါခြေပါဖြစ်ခြင်းကို အထူးရှောင်ကျဉ်ဖို့ အကြံပေးချင်ပါတယ်။ ဒေါသကိုဖွင့်ထုတ်လိုက်မယ့် အစား စိတ်လျော့ပြီး အသက်၀၀တစ်ချက် ရှုလိုက်ပါ။

(၄) နွေးထွေးတဲ့အပြုအမူတစ်ချို့ ပြသပါ။ သူမဟာ သင့်ရဲ့ ဘဝထဲက အချစ်ရဆုံးသူတစ်ဦးဖြစ်နေမှတော့ ဘာကြောင့်ဒီလိုမျိုး မပြုမူနိုင်ရမှာလဲ ။ ငြင်းခုံနေခြင်းရဲ့ အရှိန်ကို ရုတ်တရက်လျော့ချလိုက်ဖို့ အကောင်းဆုံးနည်းလမ်း ကတော့ အခုပြောတဲ့နည်းလမ်းပါပဲ။ သူမကို အဆုံးရှုံးမခံနိုင်ဘူးဆိုရင်တော့ သင်သူမကို ချစ်နေသေးကြောင်း နွေးထွေးတဲ့အပြုအမူတစ်ချို့ ပြသပြီး ပေးသိလိုက်ပါ။

(၅) ငြင်းခုံခြင်းကို အိပ်ရာထဲတွင် အဆုံးသတ်ပါ ဒီ့ထက်ကောင်းတဲ့နည်းလမ်းမရှိပါဘူး။ အတူနေလိုက်တဲ့အချိန်ဟာ ပြဿနာအားလုံးကို ဖြေရှင်းသွားစေနိုင်ပါတယ်။ ဒီလိုအဆုံးသတ်လိုက်ခြင်းဖြင့် အငြင်းအခုံတွေဟာ သိပ်ကြီးခက်ခဲတာမျိုး မဖြစ်တော့ပါဘူး။ သိထားရမှာက ဒီလိုလုပ်ဖို့ ဖိအားမပေးဘဲနဲ့ အဲဒီအခြေအနေ ရောက်သွားအောင် ညင်သာစွာ ခေါ်ဆောင်ပါ။ အဲဒီအချိန်ဟာ သင်သူ့ကို ဘယ်လောက်ချစ်ကြောင်း ပြောပြဖို့ အသင့်တော်ဆုံးအချိန်ပါပဲ။ အတွဲတွေဟာ အိပ်ရာပေါ်မှာ ဘယ်တော့မှ ရန်မဖြစ်တတ်ကြပါဘူး။

Credit : Aungsanlin

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top