iMyanmarHouse.com - Best Property Website for Myanmar
×

သူငယ္ခ်င္းေတြထဲမွာ ပိန္ပိန္ေလးေတြပါရင္ သြားၾကားထိုးတံဆုိၿပီး စၾက၊ ေနာက္ၾကတယ္မဟုတ္လား။ သြားၾကားထိုးတံကို ဝါးကေန အဓိကျပဳလုပ္ပါတယ္။ တစ္ခါသံုးၿပီး လႊင့္ပစ္လိုက္ရတာမို႔လို႔ ပလတ္စတစ္နဲဲ႔လုပ္ထားတဲ့ သြားၾကားထိုးတံေတြကို မသံုးသင့္ပါဘူး။ သြားၾကားထဲက ညပ္ေနတဲ့ အစာေဟာင္းေတြကို ဖယ္႐ွား႐ံုတင္မက တျခားေနရာေတြမွာပါ အသံုးခ်လို႔ရတယ္ဆုိတာ ေျပာျပမယ္ေလ။

၁။ စာဖတ္ေနရင္း တစ္ခုခု လုပ္စရာေပၚလာလို႔ ဖတ္လက္စေနရာကို မွတ္မယ္ဆုိ စာရြက္ကိုေခါက္ၿပီး မမွတ္လိုက္ပါနဲ႔။ စာအုပ္ပ်က္စီးရပါတယ္။ စာအုပ္ၾကားညႇပ္တဲ့ (book mark)ကို အသံုးျပဳပါ။ ဒါမွမဟုတ္ရင္ သြားၾကားထုိးတံေလးညႇပ္ထားလိုက္လုိ႔ရပါတယ္။

၂။ တိပ္ေခြေတြကိုလည္း အစျပန္႐ွာရလြယ္ကူေအာင္ သြားၾကားထိုးတံနဲ႔ ညႇပ္ၿပီး မွတ္ထားလို႔ရတယ္ေလ။

၃။ သံပရာသီး၊ သံပ႐ိုသီးေတြကို တစ္ျခမ္းပဲသံုးၿပီး က်န္တဲ့တစ္ျခမ္းကို သိမ္းမယ္ဆို ဒီနည္းကိုသံုးပါ။ သံပရာသီးကို အလယ္ကေန ကန္႔လန္႔ျဖတ္ လွီးၿပီးသံုးကာ ထိပ္ႏွစ္ဘက္ကို သြားၾကားထိုးတံေလးနဲ႔ စိုက္ၿပီး တြဲထားေပးမယ္ဆုိ က်န္တဲ့တစ္ျခမ္းကလည္း ၾကာၾကာ အထားခံပါလိမ့္မယ္။

၄။ ပဲျပဳတ္တာ၊ ဆန္ျပဳတ္တာဆိုရင္ အိုးထဲမွာ အျမႇဳပ္ေတြေဝလာပါတယ္။ ဒီလိုမျဖစ္ခ်င္ဘူးဆုိရင္ အိုးကို နည္းနည္းဟၿပီး အဖံုးနဲ႔အိုးရဲ႕ၾကားမွာ သြားၾကားထိုးတံေလး ခံထားေပးလိုက္မယ္ဆုိ အျမႇဳပ္ေတြလွ်ံမလာေတာ့ပါဘူး။

၅။ ေခ်ာင္ႀကိဳေခ်ာင္ၾကားက ေၾကး (ဂ်ီး)ေတြကိုလည္း သြားၾကားထိုးတံေလးနဲ႔ ဖယ္႐ွားႏိုင္ပါတယ္။ အိုးေတြ၊ ခြက္ေတြရဲ႕ ေဘာင္မွာ ကပ္ေနတ့ဲ ေၾကးေတြလိုမ်ိဳးေပါ့။

၆။ နားၾကပ္တဲ့ဂြမ္းတံ ကုန္သြားၿပီဆုိ သြားၾကားထိုးတံထိပ္မွာ ဂြမ္းစေလးလိပ္ၿပီး သံုးလို႔ရတယ္ေလ။ ထိပ္ပိုင္းက ခၽြန္ေနတာဆုိေတာ့ အခၽြန္ေတြကို ခ်ိဳးလိုက္ဖုိ႔ေတာ့ မေမ့ပါနဲ႔။

၇။ ပန္းအိုးေတြမွာ ေရခမ္းေနလား၊ စိုေနလား ဆုိတာကို သိရဖုိ႔ သြားၾကားထုိးတံေလးနဲ႔ ေျမႀကီးထဲ ထိုးစိုက္ၿပီး စမ္းၾကည့္ပါ။ သြားၾကားထိုးတံေလးက စိုမေနဘူးဆုိရင္ ပန္းပင္ေလးကို ေရေလာင္းေပးဖုိ႔ လိုအပ္ေနပါၿပီ။

Credit : Duwun


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...



Unicode Version

သူငယ်ချင်းတွေထဲမှာ ပိန်ပိန်လေးတွေပါရင် သွားကြားထိုးတံဆိုပြီး စကြ၊ နောက်ကြတယ်မဟုတ်လား။ သွားကြားထိုးတံကို ဝါးကနေ အဓိကပြုလုပ်ပါတယ်။ တစ်ခါသုံးပြီး လွှင့်ပစ်လိုက်ရတာမို့လို့ ပလတ်စတစ်နဲ့လုပ်ထားတဲ့ သွားကြားထိုးတံတွေကို မသုံးသင့်ပါဘူး။ သွားကြားထဲက ညပ်နေတဲ့ အစာဟောင်းတွေကို ဖယ်ရှားရုံတင်မက တခြားနေရာတွေမှာပါ အသုံးချလို့ရတယ်ဆိုတာ ပြောပြမယ်လေ။

၁။ စာဖတ်နေရင်း တစ်ခုခု လုပ်စရာပေါ်လာလို့ ဖတ်လက်စနေရာကို မှတ်မယ်ဆို စာရွက်ကိုခေါက်ပြီး မမှတ်လိုက်ပါနဲ့။ စာအုပ်ပျက်စီးရပါတယ်။ စာအုပ်ကြားညှပ်တဲ့ (book mark)ကို အသုံးပြုပါ။ ဒါမှမဟုတ်ရင် သွားကြားထိုးတံလေးညှပ်ထားလိုက်လို့ရပါတယ်။

၂။ တိပ်ခွေတွေကိုလည်း အစပြန်ရှာရလွယ်ကူအောင် သွားကြားထိုးတံနဲ့ ညှပ်ပြီး မှတ်ထားလို့ရတယ်လေ။

၃။ သံပရာသီး၊ သံပရိုသီးတွေကို တစ်ခြမ်းပဲသုံးပြီး ကျန်တဲ့တစ်ခြမ်းကို သိမ်းမယ်ဆို ဒီနည်းကိုသုံးပါ။ သံပရာသီးကို အလယ်ကနေ ကန့်လန့်ဖြတ် လှီးပြီးသုံးကာ ထိပ်နှစ်ဘက်ကို သွားကြားထိုးတံလေးနဲ့ စိုက်ပြီး တွဲထားပေးမယ်ဆို ကျန်တဲ့တစ်ခြမ်းကလည်း ကြာကြာ အထားခံပါလိမ့်မယ်။

၄။ ပဲပြုတ်တာ၊ ဆန်ပြုတ်တာဆိုရင် အိုးထဲမှာ အမြှုပ်တွေဝေလာပါတယ်။ ဒီလိုမဖြစ်ချင်ဘူးဆိုရင် အိုးကို နည်းနည်းဟပြီး အဖုံးနဲ့အိုးရဲ့ကြားမှာ သွားကြားထိုးတံလေး ခံထားပေးလိုက်မယ်ဆို အမြှုပ်တွေလျှံမလာတော့ပါဘူး။

၅။ ချောင်ကြိုချောင်ကြားက ကြေး (ဂျီး)တွေကိုလည်း သွားကြားထိုးတံလေးနဲ့ ဖယ်ရှားနိုင်ပါတယ်။ အိုးတွေ၊ ခွက်တွေရဲ့ ဘောင်မှာ ကပ်နေတဲ့ ကြေးတွေလိုမျိုးပေါ့။

၆။ နားကြပ်တဲ့ဂွမ်းတံ ကုန်သွားပြီဆို သွားကြားထိုးတံထိပ်မှာ ဂွမ်းစလေးလိပ်ပြီး သုံးလို့ရတယ်လေ။ ထိပ်ပိုင်းက ချွန်နေတာဆိုတော့ အချွန်တွေကို ချိုးလိုက်ဖို့တော့ မမေ့ပါနဲ့။

၇။ ပန်းအိုးတွေမှာ ရေခမ်းနေလား၊ စိုနေလား ဆိုတာကို သိရဖို့ သွားကြားထိုးတံလေးနဲ့ မြေကြီးထဲ ထိုးစိုက်ပြီး စမ်းကြည့်ပါ။ သွားကြားထိုးတံလေးက စိုမနေဘူးဆိုရင် ပန်းပင်လေးကို ရေလောင်းပေးဖို့ လိုအပ်နေပါပြီ။

Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top