အခ်စ္ဆုိတာကို လူေတြက အဓိပၸါယ္အမ်ိဳးမ်ိဳးနဲ႔ မိမိတုိ႔ နားလည္သလုိ သေဘာေပါက္ လက္ခံၿပီး၊ အဲဒီလက္ခံထားတဲ့ အတုိင္းလည္း တစ္စုံတစ္ေယာက္ကို ခ်စ္ဖုိ႔ ႀကိဳးစားၾကပါတယ္။ အဲဒီလုိ လက္ခံထားသူေတြထဲမွာ သ၀န္တုိတာ အခ်စ္ပဲ-လုိ႔ လက္ခံတဲ့ သူေတြလည္း ရွိႏုိင္ပါတယ္။ ဒီေတာ့ အဲဒီလုိ သ၀န္တုိတတ္တဲ့ ခ်စ္သူရွိေနရင္ သိထားသင့္တဲ့ အခ်က္ကေလး
ေတြကုိ Shwemom က ေဖာ္ျပေပးလုိက္ပါတယ္။
(၁) တန္ဖုိးထားေၾကာင္း သူသိပါေစ
ကုိယ္က သူ႕ကို ဘယ္ေလာက္ တန္ဖုိးထားေၾကာင္း၊ ဘယ္ေလာက္ ဂ႐ုစုိက္ေၾကာင္း၊ ဘယ္ေလာက္အေရးေပးေၾကာင္း သူသိပါေစ။ ဒီလုိ သူကုိယ္တုိင္က သိရင္ သူရဲ႕ သ၀န္တုိစိတ္ေတာင္ ဘယ္ကစၿပီး သ၀န္တုိရမွန္းမသိတဲ့အထိ ျဖစ္သြားပါလိမ့္မယ္။ တကယ္လုိ႔ မရ ရတဲ့နည္းနဲ႔ သ၀န္တုိရင္လည္း သင္က သည္းခံေပးပါ။
(၂) ခံစားခ်က္အမွန္အတုိင္း ဆက္ဆံပါ
သ၀န္တုိတတ္သူေတြ ေတာ္ေတာ္မ်ားမ်ားက ကုိယ္တုိင္က မဟုတ္တာ မလုပ္သလုိ၊ ကုိယ့္ခ်စ္သူက မ႐ုိးမသားျဖစ္ေနတာမ်ိဳးဆုိရင္လည္း လက္မခံခ်င္ၾကပါဘူး။ ေပါက္ကြဲတတ္ပါတယ္။ ဒီေတာ့ သူတုိ႔ကို ကုိယ္က ဆက္ဆံမယ္ဆုိရင္ ကုိယ္ရဲ႕ ခံစားခ်က္အမွန္ကုိ သူ သိဖုိ႔လုိသလုိ၊ ကိုယ္ကုိယ္တုိင္က အမွန္အတုိင္း ေနတတ္ဖုိ႔လည္း လုိအပ္ပါတယ္။
(၃) ကိုယ္ဘယ္ေလာက္ခ်စ္ေၾကာင္း သူသိပါေစ
သ၀န္တုိတဲ့သူေတြဟာ ဘယ္ေသာအခါမွ သူတုိ႔အခ်စ္ထက္ သာေအာင္လြန္ေအာင္ ခ်စ္ႏုိင္တဲ့သူ ရွိတယ္လုိ႔ မထင္ပါဘူး။ ဒီေတာ့ သင္အေနနဲ႔ အခ်စ္ခ်င္းၿပိဳင္ေနရင္လည္း ရႈံးေနမွာပါ။ ဒါေပမယ့္ ကိုယ့္ရဲ႕အခ်စ္ဟာ ဘယ္ေလာက္အတုိင္းအတာထိ နက္႐ိႈင္းတယ္ဆုိတာကိုေတာ့ သူ သိေနပါေစ။
(၄) ျပႆနာတစ္ခုကုိ ဦးတည္မႈမျဖစ္ေစနဲ႔
ျပႆနာတစ္ခုကုိ ခ်စ္သူဘ၀မွာ ေပ်ာ္ေစလုိ႔ပဲ ျဖစ္ျဖစ္၊ တမင္သက္သက္ သူ သ၀န္တုိေအာင္ပဲျဖစ္ျဖစ္ မဖန္တီးတာ အ
ေကာင္းဆုံးပါ။ ျပႆနာမရွာပဲ တစ္ျခား ေပ်ာ္ရႊင္တဲ့ နည္းေတြလည္း ရွိေနပါေသးတယ္။ ဒီေတာ့ သူက ျပႆနာရွာဖုိ႔ ႀကိဳးစားတဲ့အခါ ကုိယ္က ေရွာင္ထြက္ႏုိင္ဖုိ႔ လုိသလုိ၊ ကုိယ္တုိင္ကလည္း ျပႆနာ မရွာပါနဲ႔။
(၅) တစ္ျခားတစ္ေယာက္မရွိေၾကာင္း ယုံၾကည္ပါေစ
ကုိယ့္ရင္ဘတ္ထဲမွာ သူကလြဲၿပီး တစ္ျခားတစ္ေယာက္ မရွိေၾကာင္း သူ ယုံၾကည္ဖုိ႔ လုိပါတယ္။ ဒါဟာ သ၀န္တုိတတ္တဲ့ ခ်စ္သူနဲ႔ ခ်စ္သူသက္တမ္း ၾကာရွည္ေအာင္ ထိန္းသိမ္းေပးတဲ့ အခ်က္လည္း ျဖစ္ပါတယ္။ သင့္ရင္ဘတ္ထဲမွာ သူ မရွိ
ေၾကာင္း၊ သင့္ရဲ႕ အခ်စ္ေတြဟာ အတုအေယာင္သာ ျဖစ္ေၾကာင္း သူတုိ႔သိတဲ့ေန႔ဟာ … ျပႆဒါးေန႔လည္း ျဖစ္သြား
ႏုိင္ပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အချစ်ဆိုတာကို လူတွေက အဓိပ္ပါယ်အမျိုးမျိုးနဲ့ မိမိတို့ နားလည်သလို သဘောပေါက် လက်ခံပြီး၊ အဲဒီလက်ခံထားတဲ့ အတိုင်းလည်း တစ်စုံတစ်ယောက်ကို ချစ်ဖို့ ကြိုးစားကြပါတယ်။ အဲဒီလို လက်ခံထားသူတွေထဲမှာ သဝန်တိုတာ အချစ်ပဲ-လို့ လက်ခံတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ ဒီတော့ အဲဒီလို သဝန်တိုတတ်တဲ့ ချစ်သူရှိနေရင် သိထားသင့်တဲ့ အချက်ကလေး
တွေကို Shwemom က ဖော်ပြပေးလိုက်ပါတယ်။
(၁) တန်ဖိုးထားကြောင်း သူသိပါစေ
ကိုယ်က သူ့ကို ဘယ်လောက် တန်ဖိုးထားကြောင်း၊ ဘယ်လောက် ဂရုစိုက်ကြောင်း၊ ဘယ်လောက်အရေးပေးကြောင်း သူသိပါစေ။ ဒီလို သူကိုယ်တိုင်က သိရင် သူရဲ့ သဝန်တိုစိတ်တောင် ဘယ်ကစပြီး သဝန်တိုရမှန်းမသိတဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ မရ ရတဲ့နည်းနဲ့ သဝန်တိုရင်လည်း သင်က သည်းခံပေးပါ။
(၂) ခံစားချက်အမှန်အတိုင်း ဆက်ဆံပါ
သဝန်တိုတတ်သူတွေ တော်တော်များများက ကိုယ်တိုင်က မဟုတ်တာ မလုပ်သလို၊ ကိုယ့်ချစ်သူက မရိုးမသားဖြစ်နေတာမျိုးဆိုရင်လည်း လက်မခံချင်ကြပါဘူး။ ပေါက်ကွဲတတ်ပါတယ်။ ဒီတော့ သူတို့ကို ကိုယ်က ဆက်ဆံမယ်ဆိုရင် ကိုယ်ရဲ့ ခံစားချက်အမှန်ကို သူ သိဖို့လိုသလို၊ ကိုယ်ကိုယ်တိုင်က အမှန်အတိုင်း နေတတ်ဖို့လည်း လိုအပ်ပါတယ်။
(၃) ကိုယ်ဘယ်လောက်ချစ်ကြောင်း သူသိပါစေ
သဝန်တိုတဲ့သူတွေဟာ ဘယ်သောအခါမှ သူတို့အချစ်ထက် သာအောင်လွန်အောင် ချစ်နိုင်တဲ့သူ ရှိတယ်လို့ မထင်ပါဘူး။ ဒီတော့ သင်အနေနဲ့ အချစ်ချင်းပြိုင်နေရင်လည်း ရှုံးနေမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့အချစ်ဟာ ဘယ်လောက်အတိုင်းအတာထိ နက်ရှိုင်းတယ်ဆိုတာကိုတော့ သူ သိနေပါစေ။
(၄) ပြဿနာတစ်ခုကို ဦးတည်မှုမဖြစ်စေနဲ့
ပြဿနာတစ်ခုကို ချစ်သူဘဝမှာ ပျော်စေလို့ပဲ ဖြစ်ဖြစ်၊ တမင်သက်သက် သူ သဝန်တိုအောင်ပဲဖြစ်ဖြစ် မဖန်တီးတာ အ
ကောင်းဆုံးပါ။ ပြဿနာမရှာပဲ တစ်ခြား ပျော်ရွှင်တဲ့ နည်းတွေလည်း ရှိနေပါသေးတယ်။ ဒီတော့ သူက ပြဿနာရှာဖို့ ကြိုးစားတဲ့အခါ ကိုယ်က ရှောင်ထွက်နိုင်ဖို့ လိုသလို၊ ကိုယ်တိုင်ကလည်း ပြဿနာ မရှာပါနဲ့။
(၅) တစ်ခြားတစ်ယောက်မရှိကြောင်း ယုံကြည်ပါစေ
ကိုယ့်ရင်ဘတ်ထဲမှာ သူကလွဲပြီး တစ်ခြားတစ်ယောက် မရှိကြောင်း သူ ယုံကြည်ဖို့ လိုပါတယ်။ ဒါဟာ သဝန်တိုတတ်တဲ့ ချစ်သူနဲ့ ချစ်သူသက်တမ်း ကြာရှည်အောင် ထိန်းသိမ်းပေးတဲ့ အချက်လည်း ဖြစ်ပါတယ်။ သင့်ရင်ဘတ်ထဲမှာ သူ မရှိ
ကြောင်း၊ သင့်ရဲ့ အချစ်တွေဟာ အတုအယောင်သာ ဖြစ်ကြောင်း သူတို့သိတဲ့နေ့ဟာ … ပြဿဒါးနေ့လည်း ဖြစ်သွား
နိုင်ပါတယ်။
Credit:Shwemom
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
သဝန္တိုတတ္တဲ့ခ်စ္သူရထားရင္ သိထားသင့္တဲ့အခ်က္(၅)ခ်က္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။