အသည္းအဆီဖံုးျခင္း ၊ အသည္းေျခာက္ျခငး္ ၊ အသည္းၾကီးျခင္း စသျဖင့္
အသည္းေရာဂါေၾကာင့္ လူေပါင္းမ်ားစြာ ေသဆံုးေနၾကရပါတယ္ ။ အသည္းေရာဂါဟာ
အရက္ေသာက္တဲ့သူေတြမွာ အျဖစ္မ်ားေလ့ရွိေသာ္လည္း အရက္မေသာက္ဘဲနဲ႕လည္း မိမိရဲ႕
ေနထိုင္စားေသာက္ပံု မွားယြင္းမႈေၾကာင့္ အသည္းေရာဂါ ရနိုင္ပါတယ္ ။ ေအာက္ပါ
လကၡဏာရပ္ေတြ သင့္ဆီမွာ ရွိေနျပီဆိုလွ်င္ သင့္အသည္း ပ်က္စီးေနျပီဟု
ေျပာနိုင္ပါတယ္ ။
၁။ ပ်ိဳ႕ျခင္း ၊ အန္ျခင္း
လူအမ်ားစုဟာ
ပ်ိဳ႕အန္ျခင္းကို သာမန္ေလာက္ပဲ သေဘာထားတတ္ၾကပါတယ္ ။ ပံုမွန္အားျဖင့္
ပ်ိဳ႕အန္ျခင္းဟာ မူးေဝျခင္း ၊ အစာအဆိပ္သင့္ျခင္း ၊ ရင္ျပည့္ရင္ကယ္ျဖစ္ျခင္း
နွင့္ ကိုယ္ဝန္ရွိစအခ်ိန္ေတြမွာ အျဖစ္မ်ားေလ့ရွိေသာ္လည္း ေက်ာက္ကပ္ (သို႔)
အသည္း ပ်က္စီးေနလွ်င္လည္း ျဖစ္တတ္ပါတယ္ ။ အသည္းပ်က္စီးသူ ေတာ္ေတာ္မ်ားမ်ား
မၾကခဏ ပ်ိဳ႕အန္ေလ့ရွိၾကပါတယ္။ ဒီလိုျဖစ္လာျပီဆိုလွ်င္ ဆရာဝန္နွင့္
အျမန္ဆံု ျပသဖို႔ လိုအပ္ပါတယ္။
၂။ပင္ပန္းနံုးခ်ိျခင္း
ပင္ပင္ပန္းပန္းအလုပ္ေတြ
မလုပ္ရေသာ္ျငားလည္း လူက ေမာပန္းသလိုျဖစ္ေနရင္လည္း အသည္းရဲ႕
လုပ္ေဆာင္ခ်က္ေတြ မေကာင္းလို႔ ျဖစ္နိုင္ပါတယ္ ။ ေနရင္းထိုင္ရင္း
ေမာပန္းျခင္း ၊ နံုုးခ်ိျခင္း တို႔ မၾကာခဏ ျဖစ္တတ္ရင္ေတာ့
နားလည္တတ္ကြ်မ္းတဲ့ ဆရာဝန္နွင့္ တိုင္ပင္ကုသသင့္ပါတယ္။
၃။အစားစားလိုစိတ္နည္းလာျခင္း
အစားစာခ်င္စိတ္
နည္းလာျခင္းကလည္း အသည္း ေကာင္းမြန္စြာ အလုပ္မလုပ္နိုင္ျခင္းရဲ႕ အေစာဆံုး
လကၡဏာရပ္ပါပဲ ။ ေက်ာက္ကပ္ မေကာင္းျခင္းေၾကာင့္လည္း ျဖစ္နိုင္ပါတယ္ ။
အစားမစာလိုစိတ္ ၾကာရွည္စြာ ျဖစ္ေပၚေနရင္ေတာ့ ဆရာဝန္နွင္ ့အျမန္ဆံုး
ကုသသင့္ပါတယ္ ။
၄။အစာေျခစနစ္မေကာင္းမြန္ျခင္း
အသည္းမေကာင္းျခင္းေၾကာင့္
အစာေျခစနစ္္ကို လုပ္ေဆာင္ေပးမယ့္ သည္းေျခရည္ကို ေကာင္းမြန္စြာ
မထုတ္နိုင္ေတာ့ပါဘူး ။ ထိုအခါမွာ ဝမ္းပ်က္ျခင္း (သို႔) အစာမေၾကျခင္းေတြ
မၾကာခဏ ျဖစ္ေနနိုင္ပါတယ္ ။ ခဏခဏ အစာမေၾက ျဖစ္တတ္သူေတြ မေပါပါနွင့္ ။
က်န္းမာေရး စစ္ေဆးမႈမ်ား ျပလုပ္ေပးပါ။
၅။ဆီးအေရာင္ေျပာင္းလဲျခင္း
သင့္ရဲ႕ဆီးအေရာင္ဟာ
လိေမၼာ္ ၊ အညိဳ ၊ ေၾကးနီ ၊ ပယင္းေရာင္ ကဲ့သို႔ မဲညစ္ညစ္အေရာင္ေတြ
သြားေနျပီဆိုလွ်င္ အသည္းမွာ ျပႆနာရွိေနပါျပီ ။ ဒီလိုအေရာင္ေျပာင္းျခင္းဟာ
ေရဓါတ္နည္းျခင္း ၊ဗီတာမင္ဘီ သံုးစြဲျခင္ း ၊
ေဆးဝါးမ်ားေၾကာင့္ေဘးထြက္ဆိုးက်ိဳးျဖစ္ျခင္း ၊
ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းနွင့္ ေက်ာက္ကပ္ျပႆနာတို႔ေၾကာင့္လည္း
ျဖစ္နိင္ပါတယ္ ။
၆။အသားဝါျခင္း
အသည္းပ်က္စီးလွ်င္ အသားအေရ ၊
မ်က္လံုး ၊ လက္သည္းခြံ ၊ လက္ေခ်ာင္းမ်ား နွင့္ လွ်ာ တို႔သည္ အဝါေရာင္ အျဖစ္
ေျပာင္းလဲတတ္ပါသည္ ။ ဒါဟာလည္း အသည္းပ်က္စီးျခင္းရဲ႕ ကနဦး လကၡဏာရပ္မ်ားပဲ
ျဖစ္ပါတယ္။
၇။ဝမ္းအေရာင္ေျပာင္းလဲလာျခင္း
ဝမ္းသြားတဲ့အခါ
သာမန္သြားေနက် အေရာင္မဟုတ္ဘဲ မီးခိုးေရာင္ ၊ ျဖဴေဖ်ာ့ေဖ်ာ့အရာင္ ၊
ညိဳညစ္ညစ္အေရာင္ေတြ သြားျပီဆိုလွ်င္ အသည္းပ်က္စီးေနတဲ့ လကၡဏာတစ္ခုပါပဲ ။
၈။ဝမ္းဗိုက္ပိုင္း နာၾကင္လာျခင္း
ေနာက္ထပ္
လကၡဏာတစ္ခုကေတာ့ ဝမ္းဗိုက္ပိုင္းေနရာတဝိုက္ ျပႆနာေတြ ရွိလာတာပါပဲ ။ မၾကာခဏ
ဗိုက္နာျခင္း ၊ ဗိုက္ေအာင့္ျခင္း နွင့္ ဗိုက္ပူလာျခင္းတို႔
ျဖစ္လာနုိင္ပါတယ္ ။ ေဆးပညာ ရႈေထာင့္အရ ဗိုက္ပူလာျခင္းဟာ
ေရဖ်ဥ္းဆြဲျခင္းလည္း ျဖစ္ေနနိုင္ပါတယ္ ။
၉။ေျခေထာက္မ်ားေဖာလာျခင္း
အသည္းလုပ္ေဆာင္ခ်က္
မေကာင္းေတာ့လ်င္ ေျခေထာက္နွင့္ ေျခက်င္းဝတ္တို႔တြင္ ေဖာျခင္း ၊
ေရာင္ယမ္းျခင္းမ်ား ျဖစ္လာပါသည္ ။ ေက်ာက္ကပ္ ၊ နွလံုး နွင့္
အျခားျပႆနာမ်ားေၾကာင့္လည္း ေဖာေရာင္ျခင္းမ်ား ျဖစ္နုိင္ပါသည္ ။
မည္သို႔ပင္ျဖစ္ေစ ဒီလိုလကၡဏာမ်ား ခံစားရလာလွ်င္ ဆရာဝန္ႏွင့္ အျမန္ဆံုး
ျပသင့္ပါသည္ ။
၁၀။အေရျပားထိခိုက္လြယ္ျခင္း
အေရျပား ယားယံျခင္း ၊
အေရျပား ပြန္းပဲ့ျခင္း ၊ ထိခိုက္မႈမရွိဘဲ အေရျပားအလႊာေလးမ်ား ကြာက်ျခင္း
စသျဖင့္ အေရျပားဆိုင္ရာမွာ ထိခိုက္လြယ္လာျပီဆိုရင္ေတာ့ ဒါေတြဟာ
အသည္းပ်က္စီးျခင္းရဲ႕ လကၡဏာရပ္ေတြပါပဲ ။ ပံုမွန္ အေရျပား ျပႆနာမ်ားကို skin
care လုပ္ျခင္းျဖင့္ ေျပလည္နိုင္ေသာ္လည္း အသည္းေၾကာင့္ဆိုရင္ေတာ့ မၾကာခဏ
ျဖစ္ေနနိုင္ပါတယ္ ။
Credit:(ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
အသည်းအဆီဖုံးခြင်း ၊ အသည်းခြောက်ခြင်း ၊ အသည်းကြီးခြင်း စသဖြင့် အသည်းရောဂါကြောင့် လူပေါင်းများစွာ သေဆုံးနေကြရပါတယ် ။ အသည်းရောဂါဟာ အရက်သောက်တဲ့သူတွေမှာ အဖြစ်များလေ့ရှိသော်လည်း အရက်မသောက်ဘဲနဲ့လည်း မိမိရဲ့ နေထိုင်စားသောက်ပုံ မှားယွင်းမှုကြောင့် အသည်းရောဂါ ရနိုင်ပါတယ် ။ အောက်ပါ လက္ခဏာရပ်တွေ သင့်ဆီမှာ ရှိနေပြီဆိုလျှင် သင့်အသည်း ပျက်စီးနေပြီဟု ပြောနိုင်ပါတယ် ။
၁။ ပျို့ခြင်း ၊ အန်ခြင်း
လူအများစုဟာ ပျို့အန်ခြင်းကို သာမန်လောက်ပဲ သဘောထားတတ်ကြပါတယ် ။ ပုံမှန်အားဖြင့် ပျို့အန်ခြင်းဟာ မူးဝေခြင်း ၊ အစာအဆိပ်သင့်ခြင်း ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း နှင့် ကိုယ်ဝန်ရှိစအချိန်တွေမှာ အဖြစ်များလေ့ရှိသော်လည်း ကျောက်ကပ် (သို့) အသည်း ပျက်စီးနေလျှင်လည်း ဖြစ်တတ်ပါတယ် ။ အသည်းပျက်စီးသူ တော်တော်များများ မကြခဏ ပျို့အန်လေ့ရှိကြပါတယ်။ ဒီလိုဖြစ်လာပြီဆိုလျှင် ဆရာဝန်နှင့် အမြန်ဆုံ ပြသဖို့ လိုအပ်ပါတယ်။
၂။ပင်ပန်းနုံးချိခြင်း
ပင်ပင်ပန်းပန်းအလုပ်တွေ မလုပ်ရသော်ငြားလည်း လူက မောပန်းသလိုဖြစ်နေရင်လည်း အသည်းရဲ့ လုပ်ဆောင်ချက်တွေ မကောင်းလို့ ဖြစ်နိုင်ပါတယ် ။ နေရင်းထိုင်ရင်း မောပန်းခြင်း ၊ နုံုးချိခြင်း တို့ မကြာခဏ ဖြစ်တတ်ရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နှင့် တိုင်ပင်ကုသသင့်ပါတယ်။
၃။အစားစားလိုစိတ်နည်းလာခြင်း
အစားစာချင်စိတ် နည်းလာခြင်းကလည်း အသည်း ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခြင်းရဲ့ အစောဆုံး လက္ခဏာရပ်ပါပဲ ။ ကျောက်ကပ် မကောင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ အစားမစာလိုစိတ် ကြာရှည်စွာ ဖြစ်ပေါ်နေရင်တော့ ဆရာဝန်နှင့်အမြန်ဆုံး ကုသသင့်ပါတယ် ။
၄။အစာခြေစနစ်မကောင်းမွန်ခြင်း
အသည်းမကောင်းခြင်းကြောင့် အစာခြေစနစ်ကို လုပ်ဆောင်ပေးမယ့် သည်းခြေရည်ကို ကောင်းမွန်စွာ မထုတ်နိုင်တော့ပါဘူး ။ ထိုအခါမှာ ဝမ်းပျက်ခြင်း (သို့) အစာမကြေခြင်းတွေ မကြာခဏ ဖြစ်နေနိုင်ပါတယ် ။ ခဏခဏ အစာမကြေ ဖြစ်တတ်သူတွေ မပေါပါနှင့် ။ ကျန်းမာရေး စစ်ဆေးမှုများ ပြလုပ်ပေးပါ။
၅။ဆီးအရောင်ပြောင်းလဲခြင်း
သင့်ရဲ့ဆီးအရောင်ဟာ လိမ္မော် ၊ အညို ၊ ကြေးနီ ၊ ပယင်းရောင် ကဲ့သို့ မဲညစ်ညစ်အရောင်တွေ သွားနေပြီဆိုလျှင် အသည်းမှာ ပြဿနာရှိနေပါပြီ ။ ဒီလိုအရောင်ပြောင်းခြင်းဟာ ရေဓါတ်နည်းခြင်း ၊ဗီတာမင်ဘီ သုံးစွဲခြင် း ၊ ဆေးဝါးများကြောင့်ဘေးထွက်ဆိုးကျိုးဖြစ်ခြင်း ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ကျောက်ကပ်ပြဿနာတို့ကြောင့်လည်း ဖြစ်နိင်ပါတယ် ။
၆။အသားဝါခြင်း
အသည်းပျက်စီးလျှင် အသားအရေ ၊ မျက်လုံး ၊ လက်သည်းခွံ ၊ လက်ချောင်းများ နှင့် လျှာ တို့သည် အဝါရောင် အဖြစ် ပြောင်းလဲတတ်ပါသည် ။ ဒါဟာလည်း အသည်းပျက်စီးခြင်းရဲ့ ကနဦး လက္ခဏာရပ်များပဲ ဖြစ်ပါတယ်။
၇။ဝမ်းအရောင်ပြောင်းလဲလာခြင်း
ဝမ်းသွားတဲ့အခါ သာမန်သွားနေကျ အရောင်မဟုတ်ဘဲ မီးခိုးရောင် ၊ ဖြူဖျော့ဖျော့အရာင် ၊ ညိုညစ်ညစ်အရောင်တွေ သွားပြီဆိုလျှင် အသည်းပျက်စီးနေတဲ့ လက္ခဏာတစ်ခုပါပဲ ။
၈။ဝမ်းဗိုက်ပိုင်း နာကြင်လာခြင်း
နောက်ထပ် လက္ခဏာတစ်ခုကတော့ ဝမ်းဗိုက်ပိုင်းနေရာတဝိုက် ပြဿနာတွေ ရှိလာတာပါပဲ ။ မကြာခဏ ဗိုက်နာခြင်း ၊ ဗိုက်အောင့်ခြင်း နှင့် ဗိုက်ပူလာခြင်းတို့ ဖြစ်လာနိုင်ပါတယ် ။ ဆေးပညာ ရှုထောင့်အရ ဗိုက်ပူလာခြင်းဟာ ရေဖျဉ်းဆွဲခြင်းလည်း ဖြစ်နေနိုင်ပါတယ် ။
၉။ခြေထောက်များဖောလာခြင်း
အသည်းလုပ်ဆောင်ချက် မကောင်းတော့လျင် ခြေထောက်နှင့် ခြေကျင်းဝတ်တို့တွင် ဖောခြင်း ၊ ရောင်ယမ်းခြင်းများ ဖြစ်လာပါသည် ။ ကျောက်ကပ် ၊ နှလုံး နှင့် အခြားပြဿနာများကြောင့်လည်း ဖောရောင်ခြင်းများ ဖြစ်နိုင်ပါသည် ။ မည်သို့ပင်ဖြစ်စေ ဒီလိုလက္ခဏာများ ခံစားရလာလျှင် ဆရာဝန်နှင့် အမြန်ဆုံး ပြသင့်ပါသည် ။
၁၀။အရေပြားထိခိုက်လွယ်ခြင်း
အရေပြား ယားယံခြင်း ၊ အရေပြား ပွန်းပဲ့ခြင်း ၊ ထိခိုက်မှုမရှိဘဲ အရေပြားအလွှာလေးများ ကွာကျခြင်း စသဖြင့် အရေပြားဆိုင်ရာမှာ ထိခိုက်လွယ်လာပြီဆိုရင်တော့ ဒါတွေဟာ အသည်းပျက်စီးခြင်းရဲ့ လက္ခဏာရပ်တွေပါပဲ ။ ပုံမှန် အရေပြား ပြဿနာများကို skin care လုပ်ခြင်းဖြင့် ပြေလည်နိုင်သော်လည်း အသည်းကြောင့်ဆိုရင်တော့ မကြာခဏ ဖြစ်နေနိုင်ပါတယ် ။
Credit:(ရွှေအင်းလေး)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသည္းပ်က္စီးေနေၾကာင္း ေျပာျပေနတဲ့ လကၡဏာရပ္မ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။