iMyanmarHouse.com - Best Property Website for Myanmar
×

နားကိုက္ျခင္း(earache) ဟာ နားကိုပိုး၀င္ျခင္းေၾကာင့္ ျဖစ္ရၿပီး အလယ္နား(middle ear) မွာ ေလေတြနဲ႔ျပည့္ေနပါတယ္။ ဘက္တီးရီးယားပိုး၀င္တာျဖစ္လို႔ နားနာက်င္မႈ ျဖစ္ရပါတယ္။ နားထဲမွာ ပုစဥ္း ေအာ္သံလို၊ ၀ီစီမႈတ္သံလို ၾကားရၿပီး မခံမရပ္ႏိုင္ေအာင္ ျဖစ္ရပါတယ္။
ျဖစ္ရေသာ အေၾကာင္းရင္းမ်ား -
- နားျပြန္ပိတ္ဆို႔ျခင္း
- သြားဖံုးတြင္ ပိုး၀င္ျခင္း၊ သြားပိုး စားျခင္း
- နားထိခိုက္မႈ၊ နားစည္ထိခိုက္မႈျဖစ္ျခင္း
- နားဖာေခ်း ပိတ္ဆို႔ျခင္း
- အဆစ္ေရာင္ျခင္း
- အာသီးေရာင္ျခင္း
- လည္ေခ်ာင္းနာျခင္း၊ ေရာင္ျခင္း တို႔ပဲ ျဖစ္ပါတယ္။
Tip  1 – ပင္စိမ္းရြက္သတၱဳရည္ႏွစ္ စက္ခန္႔ နားထဲသို႔ ခတ္ေပးပါ။
Tip  2 – ေရက်က္က်က္ဆူထဲသို႔ ၾကက္သြန္ျဖဴကိုျပဳတ္ပါ။ ေခ်ၿပီးရင္ ဆားအနည္းငယ္နဲ႔နယ္ပါ။ ရလာတဲ့ အဖတ္ေတြကို ပ၀ါပါးပါးေလးနဲ႔ ထုပ္ ၿပီးနားေပၚမွာ အုံေပးရင္ နားကိုက္ျခင္း သက္သာႏိုင္ပါတယ္ ။
Tip  3 – နားေရာင္ရမ္းမႈ ျဖစ္တယ္ဆိုရင္ မုန္ညင္းဆီ ႏွစ္စက္၊ သံုးစက္ ေလာက္ ခတ္ေပးရင္ ေရာင္ရမ္းမႈ သက္သာေစပါတယ္။
Tip  4 – ေရေႏြးဆူဆူတစ္ခြက္ထဲကို ယူကလစ္ဆီ လက္ဖက္စားဇြန္း တစ္ ဇြန္းနဲ႔ vicks  တစ္ဇြန္းထည့္ပါ။ ေခါင္းကိုတဘက္နဲ႔ေပါင္းပါ။ ခုနက ေရေႏြးေငြ႕ကို ႐ႈေပးပါ။ နားထဲက ဖိအားနဲ႔ နားထဲမွာအရည္တစ္ခုခု ပိတ္ေနရင္ ျပန္လည္က်ဆင္းေစပါ တယ္။
Tip  5 – စားသံုးေပးသင့္တဲ့ အသီးမ်ား ထဲမွာ လီမြန္၊ လိေမၼာ္၊ စေတာ္ဘယ္ရီ၊ ဂရိတ္ဖ႐ုနဲ႔ သံပရာသီးေတြ ပါ၀င္ ပါတယ္။
Tip  6  ေရာင္ရမ္းျခင္းကို ဂ်င္းရည္တစ္စက္ႏွစ္စက္ခတ္ေပးျခင္းက သက္သာေစႏိုင္ပါတယ္။
အခုေဖာ္ျပထားတဲ့ နည္းလမ္းေတြဟာနားကိုက္ျခင္းအတြက္ လြယ္ကူၿပီး ထိေရာက္တဲ့အျပင္ ေဘးထြက္ ဆိုးက်ိဳးလည္းနည္းပါးတဲ့အတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။


Credit:သက္ကို


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နားကိုက်ခြင်း(earache) ဟာ နားကိုပိုးဝင်ခြင်းကြောင့် ဖြစ်ရပြီး အလယ်နား(middle ear) မှာ လေတွေနဲ့ပြည့်နေပါတယ်။ ဘက်တီးရီးယားပိုးဝင်တာဖြစ်လို့ နားနာကျင်မှု ဖြစ်ရပါတယ်။ နားထဲမှာ ပုစဉ်း အော်သံလို၊ ဝီစီမှုတ်သံလို ကြားရပြီး မခံမရပ်နိုင်အောင် ဖြစ်ရပါတယ်။
ဖြစ်ရသော အကြောင်းရင်းများ -
- နားပြွန်ပိတ်ဆို့ခြင်း
- သွားဖုံးတွင် ပိုးဝင်ခြင်း၊ သွားပိုး စားခြင်း
- နားထိခိုက်မှု၊ နားစည်ထိခိုက်မှုဖြစ်ခြင်း
- နားဖာချေး ပိတ်ဆို့ခြင်း
- အဆစ်ရောင်ခြင်း
- အာသီးရောင်ခြင်း
- လည်ချောင်းနာခြင်း၊ ရောင်ခြင်း တို့ပဲ ဖြစ်ပါတယ်။
Tip  1 – ပင်စိမ်းရွက်သတ္တုရည်နှစ် စက်ခန့် နားထဲသို့ ခတ်ပေးပါ။
Tip  2 – ရေကျက်ကျက်ဆူထဲသို့ ကြက်သွန်ဖြူကိုပြုတ်ပါ။ ချေပြီးရင် ဆားအနည်းငယ်နဲ့နယ်ပါ။ ရလာတဲ့ အဖတ်တွေကို ပဝါပါးပါးလေးနဲ့ ထုပ် ပြီးနားပေါ်မှာ အုံပေးရင် နားကိုက်ခြင်း သက်သာနိုင်ပါတယ် ။
Tip  3 – နားရောင်ရမ်းမှု ဖြစ်တယ်ဆိုရင် မုန်ညင်းဆီ နှစ်စက်၊ သုံးစက် လောက် ခတ်ပေးရင် ရောင်ရမ်းမှု သက်သာစေပါတယ်။
Tip  4 – ရေနွေးဆူဆူတစ်ခွက်ထဲကို ယူကလစ်ဆီ လက်ဖက်စားဇွန်း တစ် ဇွန်းနဲ့ vicks  တစ်ဇွန်းထည့်ပါ။ ခေါင်းကိုတဘက်နဲ့ပေါင်းပါ။ ခုနက ရေနွေးငွေ့ကို ရှုပေးပါ။ နားထဲက ဖိအားနဲ့ နားထဲမှာအရည်တစ်ခုခု ပိတ်နေရင် ပြန်လည်ကျဆင်းစေပါ တယ်။
Tip  5 – စားသုံးပေးသင့်တဲ့ အသီးများ ထဲမှာ လီမွန်၊ လိမ္မော်၊ စတော်ဘယ်ရီ၊ ဂရိတ်ဖရုနဲ့ သံပရာသီးတွေ ပါဝင် ပါတယ်။
Tip  6  ရောင်ရမ်းခြင်းကို ဂျင်းရည်တစ်စက်နှစ်စက်ခတ်ပေးခြင်းက သက်သာစေနိုင်ပါတယ်။
အခုဖော်ပြထားတဲ့ နည်းလမ်းတွေဟာနားကိုက်ခြင်းအတွက် လွယ်ကူပြီး ထိရောက်တဲ့အပြင် ဘေးထွက် ဆိုးကျိုးလည်းနည်းပါးတဲ့အတွက် ဖော်ပြပေးလိုက်ရပါတယ်။


Credit:သက်ကို




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top