iMyanmarHouse.com - Best Property Website for Myanmar
×

၁)လက္ဖက္စိမ္း႐ြက္ေဖ်ာ္ရည္

ျပဳလုပ္ပံု။ ။ ေရေႏြးတစ္ဖန္ခြက္ထဲသို႔ လက္ဖက္စိမ္း႐ြက္(၂)႐ြက္ကို (၅)မိနစ္ခန္႔ထည့္စိမ္ထားပါ။ (ေရေအးကိုအသံုးျပဳလိုလွ်င္လည္း ရပါတေယ္။ ေရခဲတံုးထည့္ၿပီးလည္း သံုးေဆာင္ႏိုင္ပါတယ္႐ွင့္။) ထို႔ေနာက္ အရသာေကာင္းမြန္ေစရန္ သံပ႐ိုရည္ႏွင့္ ပ်ားရည္ကိုေရာစပ္ၿပီး ေသာက္သံုးႏိုင္ပါၿပီ။ မနက္ခင္းအခ်ိန္မွာ ေသာက္သံုးျခင္းက ပို၍ထိေရာက္မႈ ႐ွိပါတယ္ေနာ္။

၂)အုန္းႏုေဖ်ာ္ရည္

ျပဳလုပ္ပံု။ ။ အေနေတာ္တံုးထားေသာ နံနတ္သီးႏွစ္စိတ္၊ ဖရဲသီးႏွစ္စိတ္ကို အုန္းႏုရည္တစ္ဖန္ခြက္ထဲသို႔ထည့္ၿပီး ဟင္းႏုႏြယ္႐ြက္အနည္းငယ္ေရာစပ္ကာ ႀကိတ္စက္ျဖင့္ေမႊၿပီး ရ႐ွိလာေသာJuiceကို ေသာက္သံုးႏိုင္ပါၿပီ။ ထို႔ျပင္ ၄င္းJuiceထဲသို႔ Blueberry ႏွင့္ အစိမ္းေရာင္႐ွိေသာ ပန္းသီးစိတ္မ်ားထည့္လို႔ရတဲ့အျပင္ မိမိႀကိဳက္ႏွစ္သက္ရာသစ္သီးစိတ္မ်ားျဖင့္ အလွဆင္ၿပီး သံုးေဆာင္ႏိုင္ပါတယ္။

၃)Black ေကာ္ဖီ

ေကာ္ဖီႀကိဳက္ႏွစ္သက္သူမ်ားအဖို႔ေတာ့ ႏွစ္သက္ဖြယ္Black ေကာ္ဖီေလးတသ္ခြက္ကို မနက္ခင္းေလးမွာ ေသာက္သံုးႏိုင္ပါတယ္။
ျပဳလုပ္ပံု။ ။ Blackေကာ္ဖီထဲသို႔ သစ္ၾကံပိုးေခါက္မႈန္႔တစ္တို႔ခပ္ၿပီး ေသာက္သံုးေပးပါက ကယ္လိုရီမ်ား ေလာင္ကၽြမ္းျခင္းကို ထိေရာက္စြာလုပ္ေဆာင္ေပးႏိုင္ပါလိမ့္မယ္။

၄)ေ႐ွာက္ခါးသီးေဖ်ာ္ရည္

ျပဳလုပ္ပံု။ ။ ခါးသက္သက္႐ွိတဲ့ ေ႐ွာက္ခါးသီးကို ဖန္ခြက္တစ္ခြက္ထဲသို႔ ညွစ္ယူၿပီး လိေမၼာ္သီးႏွင့္ ဖရဲသီးႏွင့္ ပ်ားရည္တို႔ကိုႀကိတ္ၿပီး ေရာစပ္ထည့္လိုက္ပါ။ အရသာလည္း႐ွိၿပီး အဆီက်ေစမယ့္ ေဖ်ာ္ရည္တစ္ခြက္ကို သံုးေဆာင္ႏိုင္ပါၿပီ။

၅)ေထာပတ္သီးေဖ်ာ္ရည္

ျပဳလုပ္ပံု။ ။ ေထာပတ္သီးတစ္ျခမ္း၊ ဟင္းႏုႏြယ္႐ြက္အနည္းငယ္၊ ငွက္ေပ်ာသီးမွည့္တစ္လံုးႏွင့္ ႏြားႏို႔တို႔ကိုေရာစပ္ၿပီး ႀကိတ္လိုက္ပါ။ ရ႐ွိလာတဲ့ေဖ်ာ္ရည္ကို ေရခဲတံုးထည့္ၿပီး သံုေဆာင္ႏိုင္ပါၿပီ။

Credit:(ေ႐ႊအင္းေလး)


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁)လက်ဖက်စိမ်းရွက်ဖျော်ရည်

ပြုလုပ်ပုံ။ ။ ရေနွေးတစ်ဖန်ခွက်ထဲသို့ လက်ဖက်စိမ်းရွက်(၂)ရွက်ကို (၅)မိနစ်ခန့်ထည့်စိမ်ထားပါ။ (ရေအေးကိုအသုံးပြုလိုလျှင်လည်း ရပါတယေ်။ ရေခဲတုံးထည့်ပြီးလည်း သုံးဆောင်နိုင်ပါတယ်ရှင့်။) ထို့နောက် အရသာကောင်းမွန်စေရန် သံပရိုရည်နှင့် ပျားရည်ကိုရောစပ်ပြီး သောက်သုံးနိုင်ပါပြီ။ မနက်ခင်းအချိန်မှာ သောက်သုံးခြင်းက ပို၍ထိရောက်မှု ရှိပါတယ်နော်။

၂)အုန်းနုဖျော်ရည်

ပြုလုပ်ပုံ။ ။ အနေတော်တုံးထားသော နံနတ်သီးနှစ်စိတ်၊ ဖရဲသီးနှစ်စိတ်ကို အုန်းနုရည်တစ်ဖန်ခွက်ထဲသို့ထည့်ပြီး ဟင်းနုနွယ်ရွက်အနည်းငယ်ရောစပ်ကာ ကြိတ်စက်ဖြင့်မွှေပြီး ရရှိလာသောJuiceကို သောက်သုံးနိုင်ပါပြီ။ ထို့ပြင် ၎င်းJuiceထဲသို့ Blueberry နှင့် အစိမ်းရောင်ရှိသော ပန်းသီးစိတ်များထည့်လို့ရတဲ့အပြင် မိမိကြိုက်နှစ်သက်ရာသစ်သီးစိတ်များဖြင့် အလှဆင်ပြီး သုံးဆောင်နိုင်ပါတယ်။

၃)Black ကော်ဖီ

ကော်ဖီကြိုက်နှစ်သက်သူများအဖို့တော့ နှစ်သက်ဖွယ်Black ကော်ဖီလေးတသ်ခွက်ကို မနက်ခင်းလေးမှာ သောက်သုံးနိုင်ပါတယ်။
ပြုလုပ်ပုံ။ ။ Blackကော်ဖီထဲသို့ သစ်ကြံပိုးခေါက်မှုန့်တစ်တို့ခပ်ပြီး သောက်သုံးပေးပါက ကယ်လိုရီများ လောင်ကျွမ်းခြင်းကို ထိရောက်စွာလုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။

၄)ရှောက်ခါးသီးဖျော်ရည်

ပြုလုပ်ပုံ။ ။ ခါးသက်သက်ရှိတဲ့ ရှောက်ခါးသီးကို ဖန်ခွက်တစ်ခွက်ထဲသို့ ညှစ်ယူပြီး လိမ္မော်သီးနှင့် ဖရဲသီးနှင့် ပျားရည်တို့ကိုကြိတ်ပြီး ရောစပ်ထည့်လိုက်ပါ။ အရသာလည်းရှိပြီး အဆီကျစေမယ့် ဖျော်ရည်တစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။

၅)ထောပတ်သီးဖျော်ရည်

ပြုလုပ်ပုံ။ ။ ထောပတ်သီးတစ်ခြမ်း၊ ဟင်းနုနွယ်ရွက်အနည်းငယ်၊ ငှက်ပျောသီးမှည့်တစ်လုံးနှင့် နွားနို့တို့ကိုရောစပ်ပြီး ကြိတ်လိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို ရေခဲတုံးထည့်ပြီး သုံဆောင်နိုင်ပါပြီ။

Credit:(ရွှေအင်းလေး)




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top