iMyanmarHouse.com - Best Property Website for Myanmar
×

အခ်ိန္ကုန္ သက္သာမႈေၾကာင့္ ဆံပင္ကို သဘာဝအတုိင္းေျခာက္ေစတာထက္ အေျခာက္မႈတ္တာ ကြ်ႏု္ပ္တုိ႔ ပိုသေဘာက်ၾကပါတယ္။ ဒါေပမယ့္ သင့္ေတာ္မွန္ကန္တဲ့ ဆံပင္အေျခာက္မႈတ္နည္းလမ္းရိွပါတယ္။ အေျခာက္မႈျခင္းေၾကာင့္ ဆံပင္ပ်က္စီးမႈမရိွေစဖုိ႔ ေဆာင္ရြက္ပုံ အဆင့္ဆင့္ေတြ လုိက္နာရပါမယ္။ ဆံပင္အေျခာက္မႈတ္တဲ့အခါ ပ်က္စီးမႈမရိွေစဖုိ႔အတြက္ လုိက္နာေဆာင္ရြက္ရမယ့္ အခ်က္ေတြက…

၁။ ပုဝါျဖင့္ ေျခာက္ေအာင္သုတ္ျခင္း

အရင္ဦးဆုံး ဆံပင္ကို ပုဝါနဲ႔ေျခာက္ေအာင္သုတ္ပါ။ သုိ႔မဟုတ္ စိုရုံေလး ျဖစ္ပါေစ။ ဆံပင္ ရြဲရြဲစုိမေနေအာင္လုိ႔ ျဖစ္ပါတယ္။

၂။ လက္ေခ်ာင္းနဲ႔ ျဖီး

ဆံပင္ျဖီးတင္ဖုိ႔ လက္ေခ်ာင္းေတြ အသုုံးျပဳပါ။ ဆံပင္ကြ်တ္မႈ သို႔မဟုတ္ ပ်က္စီးမႈမရိွေအာင္ ေရွာင္ရွားဖုိ႔ ဘီးကို ဆံပင္မေလွ်ာ္ခင္ သုံးတာ အေကာင္းဆုံးပါပဲ။

၃။ အပူကာကြယ္ျခင္း

ဆံပင္ပုံသြင္းကိရိယာအသုံးမျပဳခင္ ဆံပင္ေပၚ အပူကာကြယ္ဖ်န္းေဆး သုိ႔မဟုတ္ စခရင္မ္ အျမဲတမ္းသုံးပါ။ အဲဒါက သင့္ဆံပင္နဲ႔ ဆံပင္ပုံသြင္းကိရိယာႏွစ္ခုၾကား ဟန္႔တားကာကြယ္ေပးျပီး ပ်က္စီးမႈအနည္းဆုံး ျဖစ္ေစပါလိမ့္မယ္။

၄။ အေျခာက္မႈတ္ျခင္း

ဆံပင္ေတြ အစုလုိက္အစုလုိက္ခြဲျပီး တစ္စုခ်င္း မႈတ္ပါ။ ဆံပင္မႈတ္စက္ dryer ကို အနည္းငယ္ ခြာျပီးထားရပါမယ္။ Dryer ကို အခ်ိန္ၾကာျမင့္စြာ အသုံးျပဳမယ္ဆုိရင္ အပူခ်ိန္ေလ်ာ့ခ်ိန္ထားႏုိင္ပါတယ္။

၅။ Serum

ဆံပင္ လုံးဝေျခာက္ျပီးရင္ serum လိမ္းေပးပါ။ ဆံပင္ေျပာင္လက္ေတာက္ပေစျပီး ဆံပင္ပုံစံ ေနရာတက် ျဖစ္ေစပါလိမ့္မယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အချိန်ကုန် သက်သာမှုကြောင့် ဆံပင်ကို သဘာဝအတိုင်းခြောက်စေတာထက် အခြောက်မှုတ်တာ ကျွနု်ပ်တို့ ပိုသဘောကျကြပါတယ်။ ဒါပေမယ့် သင့်တော်မှန်ကန်တဲ့ ဆံပင်အခြောက်မှုတ်နည်းလမ်းရှိပါတယ်။ အခြောက်မှုခြင်းကြောင့် ဆံပင်ပျက်စီးမှုမရှိစေဖို့ ဆောင်ရွက်ပုံ အဆင့်ဆင့်တွေ လိုက်နာရပါမယ်။ ဆံပင်အခြောက်မှုတ်တဲ့အခါ ပျက်စီးမှုမရှိစေဖို့အတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်တွေက…

၁။ ပုဝါဖြင့် ခြောက်အောင်သုတ်ခြင်း

အရင်ဦးဆုံး ဆံပင်ကို ပုဝါနဲ့ခြောက်အောင်သုတ်ပါ။ သို့မဟုတ် စိုရုံလေး ဖြစ်ပါစေ။ ဆံပင် ရွဲရွဲစိုမနေအောင်လို့ ဖြစ်ပါတယ်။

၂။ လက်ချောင်းနဲ့ ဖြီး

ဆံပင်ဖြီးတင်ဖို့ လက်ချောင်းတွေ အသုုံးပြုပါ။ ဆံပင်ကျွတ်မှု သို့မဟုတ် ပျက်စီးမှုမရှိအောင် ရှောင်ရှားဖို့ ဘီးကို ဆံပင်မလျှော်ခင် သုံးတာ အကောင်းဆုံးပါပဲ။

၃။ အပူကာကွယ်ခြင်း

ဆံပင်ပုံသွင်းကိရိယာအသုံးမပြုခင် ဆံပင်ပေါ် အပူကာကွယ်ဖျန်းဆေး သို့မဟုတ် စခရင်မ် အမြဲတမ်းသုံးပါ။ အဲဒါက သင့်ဆံပင်နဲ့ ဆံပင်ပုံသွင်းကိရိယာနှစ်ခုကြား ဟန့်တားကာကွယ်ပေးပြီး ပျက်စီးမှုအနည်းဆုံး ဖြစ်စေပါလိမ့်မယ်။

၄။ အခြောက်မှုတ်ခြင်း

ဆံပင်တွေ အစုလိုက်အစုလိုက်ခွဲပြီး တစ်စုချင်း မှုတ်ပါ။ ဆံပင်မှုတ်စက် dryer ကို အနည်းငယ် ခွာပြီးထားရပါမယ်။ Dryer ကို အချိန်ကြာမြင့်စွာ အသုံးပြုမယ်ဆိုရင် အပူချိန်လျော့ချိန်ထားနိုင်ပါတယ်။

၅။ Serum

ဆံပင် လုံးဝခြောက်ပြီးရင် serum လိမ်းပေးပါ။ ဆံပင်ပြောင်လက်တောက်ပစေပြီး ဆံပင်ပုံစံ နေရာတကျ ဖြစ်စေပါလိမ့်မယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top