iMyanmarHouse.com - Best Property Website for Myanmar
×











Credit : Duwun



Unicode Version

မျက်နှာပေါင်းတင်ချင်ရင် ကြက်ဥအကာရည်ကို ဂျုံမှုန့်ဖြင့် ရောဖျော်ပြီး မျက်နှာပေါ်ကို နာရီဝက်ခန့် သုတ်လိမ်းထားပါ။ ပြီးလျှင် အဝတ်သန့်သန့်ကို ရေနွေးစွတ်ပြီး ပွတ်တိုက်ပေးပါ။

မျက်နှာအဆီမပြန်လိုပါက မျက်နှာသစ်လျှင် ရှောက်ရည် အနည်းငယ်ခန့် ထည့်ပြီး သစ်ပါ။

ဝက်ခြံပျောက်စေချင်ရင် ကြက်ဟင်းခါးသီးအစေ့နဲ့ သနပ်ခါးကို ဆားဖြင့် ရော၍ သွေးလိမ်းပါ။

ဆံပင်များ မကျွတ်စေရန် သံပုရာသီးအစေ့ကို ပျားရည်ဖြင့် သွေး၍ ဆံပင်ကို လိမ်းပေးပါ။

သန်းများ သေစေချင်ရင် ရှာလကာရည်(၁.၅)အောင်စ နှင့် နနွင်း(၁.၄) အောင်စ ရော၍ ဆံပင်ကို နာရီဝက်ခန့် သုတ်လိမ်းပေးပါ။

ခြေဖနောင့်ကွဲသော် ပျောက်စေချင်ရင် ဆန်ဆေးရေဖြင့် (၁၅) မိနစ်ခန့် ညအိပ်ရာဝင်တိုင်း စိမ်၍ ဆေးပေးပါ။

နှင်းခူ အစို/အခြောက် ပျောက်လိုသော် ဆေးရွက်ကြီးကို ပြာချ၍ ရေနံဂျီးဖြင့် လိမ်းပေးပါ။

အပူလောင်သော် သွားတိုက်ဆေး နိုင်နိုင် လိမ်းပေးပါ။

ညှောင့် / ဆူးစူးလျှင် ပုလင်းထဲ ရေနွေးပူထည့်၍ ဆူးစူးသော နေရာကို ပုလင်းဝဖြင့် တေ့ပြီး ဖိထားပါ။

ကြွက်နို့ ပျောက်စေချင်ရင် ကြွက်နို့အား နူးစေရန် ရေစိမ်ထားပြီး ကြောင်နှုတ်ခမ်းမွှေးဖြင့် ထိုးစိုက်ထားပါ။ ဂျင်းကို လှီးဖြတ်ပြီး ထုံးအနည်းငယ် သုတ်ပြီး ကြွက်နို့ကို တစ်နာရီ တစ်ကြိမ်ခန့် ပွတ်ပေးပါ။


Credit : Duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top