iMyanmarHouse.com - Best Property Website for Myanmar
×
ပို့သပေးပါတယ်။
#Unicode Version
 သင် အသက် သုံးဆယ် ကျော်နေပြီး လူပျိုကြီး၊ သို့မဟုတ် လင်မယား ကွဲထားတာ ဖြစ်နေရင် သင်တွဲခဲ့ဖူးတဲ့ ရည်းစားတွေနဲ့ ချစ်သူဘဝဟာ ကြမ်းတမ်းခဲ့မှာ သေချာပါတယ်။ အချစ်စစ်ကို လိုချင်လျက်နဲ့ စိတ်တိုင်းမကျသူတွေပဲ တွေ့နေခဲ့ရဖူးမှာပါ။ အရင်လူရဲ့ အကျင့်ကို မကြိုက်လို့ နောက်တစ်ယောက် ပြောင်းတွဲပါတယ်၊ သူကလဲ ဒါမျိုးပဲ ဆိုတာမျိုးပေါ့။
ကျွန်မရဲ့ ရည်းစားဟောင်းတွေထဲမှာ ဘုံတူညီတဲ့ အချက်တွေ ရှိကြပါတယ်။ သူတို့ အားလုံး စမတ်ကျတယ်၊ ဟာသဉာဏ်ရွှင်တယ်၊ ပြီးတော့ ရည်မှန်းချက်လဲ ကြီးမားပါတယ်။ ကျွန်မ အဲဒီ အရည်အသွေးတွေကို သဘောကျပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ သူတို့ဟာ စိတ်အားထက်သန်ပေမယ့် ကျွန်မအပေါ် စိတ်ကို မြှုပ်နှံမထားပါဘူး။ ကြင်နာတတ်ပေမယ့် မရင့်ကျက်သေးပါဘူး။ ကျွန်မကို စိတ်ဝင်စားပေမယ့် လ
အဲဒီအချက်တွေကို သိမြင်ဖို့ Single ဘဝ လိုပါတယ်။ ကျွန်မ အခု Single ဘဝက ကြည့်မှသာ ဖြစ်ခဲ့ပြီးတဲ့ ရည်းစားတွေအကြောင်း သေချာ သုံးသပ်နိုင်တာပါ။ သေချာသုံးသပ်နိုင်မှ ဒီလို လူမျိုးတွေနဲ့ပဲ ထပ်ခါထပ်ခါ တွဲမိခြင်းကနေ ရှောင်လွှဲနိုင်မှာပါ။
သင်ကရော ဒီလို အရင်လူတွေနဲ့ ပုံစံတူ လူမျိုးတွေနဲ့ပဲ တွဲနေရပါသလား?? ဒီလို လူမျိုးနဲ့ တွဲပြီး ဒီလို ပုံစံတွေနဲ့ပဲ တွေ့နေရပါသလား?? သိရှိနိုင်ဖို့ နည်းလမ်း ငါးခု ရှိပါတယ်။
၁. လူတွေ မှားမိတဲ့ အမှားတစ်ခုကတော့ တွဲတာကို ရည်းစားထားတာနဲ့ အမှတ်မှားတာပါပဲ။ လူတစ်ယောက်နဲ့ အပြင် လေးငါးခါထွက်၊ ရုပ်ရှင်တူတူ ကြည့်ဖူးရုံနဲ့ သမီးရည်းစား ဖြစ်သွားပြီလို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် အဲဒီလို လူတစ်ယောက်နဲ့ ပုံမှန် ၆ လလောက်တွဲမယ်၊ ရည်းစားဖြစ်မယ်၊ ပြီးတော့ ပြတ်သွားမယ်၊ တစ်လအတွင်း နောက်တစ်ယောက်နဲ့ ထပ်တွဲမယ်ဆိုရင်တော့ အရင်လို လူမျိုးနဲ့ပဲ တွေ့ဖို့ သေချာသလောက် ဖြစ်သွားပါပြီ။
၂. အရင်တစ်ယောက်ကို မလွမ်းမိဖို့ အကောင်းဆုံး နည်းလမ်းက နောက်တစ်ယောက် တွဲလိုက်တာပါပဲ ဆိုတဲ့ အယူအဆဟာ လုံးဝကို မှားယွင်းနေပါတယ်။ အဲဒါကို ယုံတဲ့သူတွေလဲ တော်တော်များပါတယ်။ လိင်ကိစ္စနဲ့ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ဟာ အချစ် မဟုတ်ပါဘူး။ အဲဒါကို ဂရုမစိုက်ပဲ ချက်ခြင်း နောက်တစ်ယောက် ထပ်ထားရင်တော့ သင့်စိတ်ထဲက ကွက်လပ်ကို နောက်တစ်ယောက်နဲ့ ဖြည့်ဖို့ ကြိုးစားတာပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလို ဖြည့်တဲ့ အခါမှာ အရင်တစ်ယောက်နဲ့ ချစ်စခင်စ၊ အဆင်ပြေခဲ့တုန်းက ပုံစံတွေအတိုင်း တူတဲ့သူကို ရွေးမိမှာပါ။ အဲဒီလို ရွေးမိခဲ့ရင် အရင်တစ်ယောက်နဲ့ ကြုံရဖူးတဲ့ အရာတွေ ပြန်ဖြစ်လာဖို့ သေချာပါတယ်။
၃. ကိုယ့်ဘာသာ မဆန်းစစ်ပဲ သူတို့ကို အပြစ်ပုံချတာမှားပါတယ်။ ရည်းစားနဲ့ ပြတ်သွားတိုင်း သူတို့မှာပဲ အပြစ်ရှိတယ်လို့ မစဉ်းစားပဲ ကိုယ့်ဘာသာ ပြန်ဆန်းစစ်ကြည့်ပါ။ ပြောရဆိုရတာ ပြသနာရှိနေလို့ ပြတ်သွားတာ ဆိုရင် ဘာကြောင့် ပြောရဆိုရ ပြသနာ ရှိတာလဲ?? ငါက ကောင်းကောင်း နားထောင်ပေးလား?? ငါက လွယ်လွယ်လေးနဲ့ စိတ်ဆိုးတတ်လား?? စိတ်ထဲရှိတာကို ဖွင့်ပြောရဲ့လား?? စတာတွေကို ကိုယ့်ဘာသာ အရင် ပြန်မေးသင့်ပါတယ်။ အရင်ရည်းစားတွေနဲ့တုန်းက သင့်ရဲ့ အမှားတွေကို ကိုယ့်ဘာသာ ရိုးရိုးသားသား ပြန်ဖြေနိုင်တဲ့ အချိန်ဟာ အမှန်ပြန်ပြင်နိုင်ပြီး ယောက်ျားလေးတွေနဲ့ ကြာရှည်လက်တွဲနိုင်မယ့် အချိန်ပါပဲ။
၄. သင် လူတစ်ယောက်ကို ရည်းစားအဖြစ် ရာထူးပေးဖို့ စိတ်ကူးထားရင် သူ့ကို အိမ်ခေါ်ပြီး သင့်မိသားစုနဲ့ ညစာ စားဖိတ်တာ၊ သင့်သူငယ်ချင်း စုံတွဲ တစ်ခုခုနဲ့တူတူ နှစ်စုံတွဲ Date သွားတာ လုပ်သင့်ပါတယ်။ သင့်မိသားစု သူငယ်ချင်းတွေဟာ သင့်ရဲ့ ရည်းစားလောင်းကို သင့်ထက်ပိုပြီး အရှိကို အရှိအတိုင်း မြင်နိုင်ပြီး တစ်ခုခု ထူးဆန်းနေရင် သင့်ကို သတိပေးပါလိမ့်မယ်။
၅. သင် တစ်ခါနှစ်ခါလောက် ရည်းစားကွဲပြီးရင် သင့်ဘာသာ ပြန်စဉ်းစားပါ။ ငါ့ကို ဘာကြောင့် ဖြတ်ရတာလဲ?? သူတို့ရဲ့ အကြောင်းပြချက်က တစ်ခုထဲဆိုရင်တော့ မာန ထားမနေပဲ ပြင်သင့်ပါတယ်။ ကျွန်မဆိုရင် ကျွန်မ အရင် ရည်းစား အားလုံးရဲ့ အကြောင်းပြချက်က ကျွန်မက ကိုယ့်ဘာသာ ဘာလိုချင်နေမှန်း မသိလု့ိ ဖြတ်ရတာပါ တဲ့။ ကျွန်မက မာနနဲ့ ဆက်ပြီး ယောက်ျားတွေကို ဘာလိုချင်မှန်း မသိပဲ ဆက်ကြိုက်ပါတယ်။ ဆက် ကွဲတာပါပဲ။ အရင်ရည်းစားတွေနဲ့တုန်းက စတွေ့ခဲ့တဲ့ အချိန်နဲ့ နောက်ဆုံး ကွဲတဲ့အချိန် နှစ်ခုကို သင်ခန်းစာယူပြီး သင် တကယ်ကြိုက်တဲ့သူ အတွက် ပြင်သင့်တာ ပြင်ရပါမယ်။
Credit:Gentleman Magazine
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top