iMyanmarHouse.com - Best Property Website for Myanmar
×

စာဖတ္ရတာ ႏွစ္သက္ေပမယ့္ တစ္ႏွစ္မွ စာအုပ္သံုးေလးအုပ္ပဲ ဝယ္သူေတြ ရွိပါတယ္။ စာဖတ္ရတာ ႏွစ္သက္တာနဲ႔ စာအုပ္စြဲလန္းတာဟာ ကြာျခားမႈ ရွိပါတယ္။  စာအုပ္ဖတ္ရုံတင္မကဘဲ စြဲလန္းေနသူေတြမွာ ဒီလို လကၡဏာေလးေတြ ရွိတတ္ပါတယ္။

၁ - စာအုပ္ေခါက္ျခင္း

စာအုပ္ေနာက္ေက်ာဘက္ကို ေခါက္ျပီး ဖတ္ေနတာ၊ ျပန္ဖတ္ဖို႔ အမွတ္အသားလုပ္တဲ့အခါ စာရြက္ကို ေခါက္ျပီးလုပ္တာေတြကို ျမင္တဲ့အခါ စိတ္ထဲ မႏွစ္ျမိဳ႕ပါဘူး။ ခင္တဲ့လူျဖစ္ေပမယ့္ ဒီလို မေခါက္သင့္ေၾကာင္း ေျပာရင္ ဆရာၾကီးလုပ္တယ္လို႔ ထင္ခံရမွာ ေၾကာက္ပါတယ္။

၂ - ကားေပၚမွာ

ကားေပၚမွာ စာဖတ္ရင္ တစ္ခါတစ္ေလ ေခါင္းမူးတတ္ပါတယ္။ ဒါေပမယ့္လည္း ကားေပၚမွာစာဖတ္ပါတယ္။ ဒီလို ေခါင္းမူးေပမယ့္လည္း အမွတ္မရွိဘဲကို ဖတ္တာပါ။ တစ္ခါတစ္ေလမွာေတာ့ ေမ့ေနတာ ျဖစ္ပါတယ္။

၃ - စာမဖတ္ဘူး

ဒီေခတ္လူငယ္ေတြ စာမဖတ္ဘူးဆိုတဲ့ စကားေတြကို ျငီးေငြ႕ေနပါျပီ။ E-book က ေကာင္းတယ္၊ စာအုပ္က ေကာင္းတယ္ဆိုတဲ့ ေဆြးေႏြးမႈေတြကိုလည္း အရင္က စိတ္ဝင္စားခဲ့ေပမယ့္ အခုေတာ့ ျငီးေငြ႕ေနပါျပီ။ ဆုိရွယ္မီဒီယာေတြေၾကာင့္ ဘာေၾကာင့္ ဆိုတာေတြကလည္း သင္ဝင္မပါခ်င္ေတာ့တဲ့ ျငင္းခံုမႈေတြ ျဖစ္ေနပါျပီ

၄ - စာအုပ္ဝယ္ မရပ္ဘူး

အိမ္မွာ ထားစရာမရွိေတာ့လည္း စာအုပ္ဝယ္တာက မရပ္ပါဘူး။ ပိုက္ဆံမေလာက္မငွျဖစ္ေနခ်ိန္ စာအုပ္ဆုိင္ မသြားရဲပါဘူး။ ၾကိဳက္တယ္စာအုပ္ေတြ႕ရင္ ဝယ္မိျပီး ေငြေၾကးပိုင္း ကေသာင္းကနင္းျဖစ္ရပါတယ္။ ဒါေပမယ့္လည္း အမွတ္မရွိဘဲ စာအုပ္ေတြကို ဝယ္ျမဲဝယ္ေနဆဲပါ။

၅ - အေၾကြး

ဝယ္ျပီး မဖတ္တဲ့ စာအုပ္ေတြမ်ားလာရင္ အေၾကြးတင္ေနသလို ခံစားရပါတယ္။ စာအုပ္ဖတ္ခ်ိန္မရတဲ့အေၾကာင္းကို  ျငီးျငဴတာေတြမ်ားလာပါတယ္။ ဘယ္လိုဖတ္မယ္ဆိုတဲ့ စီမံကိန္းေတြ ခ်တတ္ေပမယ့္ မေအာင္ျမင္ေတာ့ စိတ္ညစ္ရပါတယ္။

၆ - မနာလိုမႈ

မိတ္ေဆြအေပါင္းအသင္းအိမ္ေရာက္သြားလို႔ ကိုယ့္ထက္စာအုပ္ေတြအမ်ားၾကီး ရွိတယ္ဆုိ အားက်ပါတယ္။ ကိုယ္ဖတ္ခ်င္ျပီး ရွာမရတဲ့စာအုပ္ေတြပါ ရွိေနတယ္ဆိုရင္ေတာ့ သူငယ္ခ်င္းရဲ႕ စာအုပ္ပံုက မခြာခ်င္ေတာ့ပါဘူး။ အမိုက္စားစာၾကည့္တုိက္ပံုေတြ၊ စာအုပ္စင္လွလွေလးေတြကလည္း သင့္ကို ဆြဲေဆာင္ႏုိင္ဆံုး အရာေတြ ျဖစ္ပါတယ္။

၇ - သူငယ္ခ်င္း

ကိုယ့္လုိ စာဖတ္တဲ့လူကို ေတြ႕ရင္ အရမ္းခင္ပါတယ္။ ေျပစရာ စကားမရွိဘူးဆုိတာမ်ိဳးလည္း ဘယ္ေတာ့မွ မျဖစ္ပါဘူး။ ေျပာမွန္းမသိဘဲနဲ႔ကို အေၾကာင္းအရာေပါင္းစံုကို ေျပာေနတာပါ။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

စာဖတ်ရတာ နှစ်သက်ပေမယ့် တစ်နှစ်မှ စာအုပ်သုံးလေးအုပ်ပဲ ဝယ်သူတွေ ရှိပါတယ်။ စာဖတ်ရတာ နှစ်သက်တာနဲ့ စာအုပ်စွဲလန်းတာဟာ ကွာခြားမှု ရှိပါတယ်။  စာအုပ်ဖတ်ရုံတင်မကဘဲ စွဲလန်းနေသူတွေမှာ ဒီလို လက္ခဏာလေးတွေ ရှိတတ်ပါတယ်။

၁ - စာအုပ်ခေါက်ခြင်း

စာအုပ်နောက်ကျောဘက်ကို ခေါက်ပြီး ဖတ်နေတာ၊ ပြန်ဖတ်ဖို့ အမှတ်အသားလုပ်တဲ့အခါ စာရွက်ကို ခေါက်ပြီးလုပ်တာတွေကို မြင်တဲ့အခါ စိတ်ထဲ မနှစ်မြို့ပါဘူး။ ခင်တဲ့လူဖြစ်ပေမယ့် ဒီလို မခေါက်သင့်ကြောင်း ပြောရင် ဆရာကြီးလုပ်တယ်လို့ ထင်ခံရမှာ ကြောက်ပါတယ်။

၂ - ကားပေါ်မှာ

ကားပေါ်မှာ စာဖတ်ရင် တစ်ခါတစ်လေ ခေါင်းမူးတတ်ပါတယ်။ ဒါပေမယ့်လည်း ကားပေါ်မှာစာဖတ်ပါတယ်။ ဒီလို ခေါင်းမူးပေမယ့်လည်း အမှတ်မရှိဘဲကို ဖတ်တာပါ။ တစ်ခါတစ်လေမှာတော့ မေ့နေတာ ဖြစ်ပါတယ်။

၃ - စာမဖတ်ဘူး

ဒီခေတ်လူငယ်တွေ စာမဖတ်ဘူးဆိုတဲ့ စကားတွေကို ငြီးငွေ့နေပါပြီ။ E-book က ကောင်းတယ်၊ စာအုပ်က ကောင်းတယ်ဆိုတဲ့ ဆွေးနွေးမှုတွေကိုလည်း အရင်က စိတ်ဝင်စားခဲ့ပေမယ့် အခုတော့ ငြီးငွေ့နေပါပြီ။ ဆိုရှယ်မီဒီယာတွေကြောင့် ဘာကြောင့် ဆိုတာတွေကလည်း သင်ဝင်မပါချင်တော့တဲ့ ငြင်းခုံမှုတွေ ဖြစ်နေပါပြီ

၄ - စာအုပ်ဝယ် မရပ်ဘူး

အိမ်မှာ ထားစရာမရှိတော့လည်း စာအုပ်ဝယ်တာက မရပ်ပါဘူး။ ပိုက်ဆံမလောက်မငှဖြစ်နေချိန် စာအုပ်ဆိုင် မသွားရဲပါဘူး။ ကြိုက်တယ်စာအုပ်တွေ့ရင် ဝယ်မိပြီး ငွေကြေးပိုင်း ကသောင်းကနင်းဖြစ်ရပါတယ်။ ဒါပေမယ့်လည်း အမှတ်မရှိဘဲ စာအုပ်တွေကို ဝယ်မြဲဝယ်နေဆဲပါ။

၅ - အကြွေး

ဝယ်ပြီး မဖတ်တဲ့ စာအုပ်တွေများလာရင် အကြွေးတင်နေသလို ခံစားရပါတယ်။ စာအုပ်ဖတ်ချိန်မရတဲ့အကြောင်းကို  ငြီးငြူတာတွေများလာပါတယ်။ ဘယ်လိုဖတ်မယ်ဆိုတဲ့ စီမံကိန်းတွေ ချတတ်ပေမယ့် မအောင်မြင်တော့ စိတ်ညစ်ရပါတယ်။

၆ - မနာလိုမှု

မိတ်ဆွေအပေါင်းအသင်းအိမ်ရောက်သွားလို့ ကိုယ့်ထက်စာအုပ်တွေအများကြီး ရှိတယ်ဆို အားကျပါတယ်။ ကိုယ်ဖတ်ချင်ပြီး ရှာမရတဲ့စာအုပ်တွေပါ ရှိနေတယ်ဆိုရင်တော့ သူငယ်ချင်းရဲ့ စာအုပ်ပုံက မခွာချင်တော့ပါဘူး။ အမိုက်စားစာကြည့်တိုက်ပုံတွေ၊ စာအုပ်စင်လှလှလေးတွေကလည်း သင့်ကို ဆွဲဆောင်နိုင်ဆုံး အရာတွေ ဖြစ်ပါတယ်။

၇ - သူငယ်ချင်း

ကိုယ့်လို စာဖတ်တဲ့လူကို တွေ့ရင် အရမ်းခင်ပါတယ်။ ပြေစရာ စကားမရှိဘူးဆိုတာမျိုးလည်း ဘယ်တော့မှ မဖြစ်ပါဘူး။ ပြောမှန်းမသိဘဲနဲ့ကို အကြောင်းအရာပေါင်းစုံကို ပြောနေတာပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top