iMyanmarHouse.com - Best Property Website for Myanmar
×








Credit:မိုမိုလေး



#Unicode Version


လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေးတွေကို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ကြည့်ပြီး ခန့်မှန်းလို့ ရပါတယ်။ ဒါကြောင့် နှုတ်ခမ်းရဲ့ ပုံစံအနေအထားကိုကြည့်ပြီး ခန့်မှန်းကြည့်ရအောင်..

ဒီလိုနှုတ်ခမ်းလေး ပိုင်ဆိုင်ထားတဲ့သူတွေကတော့ သူတို့ရဲ့ဘဝဟာ သိပ်ကို romantic ဆန်ပါတယ်။ ချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်အောင် ဖော်ကြူးတတ်ကြပြီး တဖက်လူရဲ့ အာရုံစိုက်မှုကို အထူးတလည် လုပ်ယူစရာ မလိုအောင်ကို ဆွဲဆောင်မှု ရှိနေပါတယ်။

နှုတ်ခမ်းပါးပါးလေး ရှိတဲ့သူတွေဟာ စကားပြော အင်မတန် ကောင်းပါတယ်။ သူတို့နဲ့ စကားပြောတဲ့အခါ စိတ်ညစ်ရမှာ မဟုတ်ပါဘူး။

နှုတ်ခမ်းပြည့်ပြည့် ထူထူဝိုင်းဝိုင်း ရှိတဲ့သူကတော့ ရှားပါတယ်။ သူတို့ဟာ ကူညီလိုစိတ် အပြည့်အဝရှိသူဖြစ်ပြီး သဘာဝဆန်တာလေးကိုသာ ချစ်မြတ်နိုးကြပါတယ်။ မိဘတွေအတွက်လည်း အရမ်းအားကိုးရတဲ့ သားသမီးပါပဲ။

အပေါ်နှုတ်ခမ်းထူပြီး အောက်နှုတ်ခမ်းပါးတဲ့သူတွေကတော့ ဘဝမှာ ထူးဆန်းအံ့သြဖွယ်ရာတွေနဲ့ တွေ့ဆုံတတ်ကြပြီး ချစ်ခင်နှစ်သက်သူလည်း ပေါများပါတယ်။



Credit:မိုမိုလေး


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top