4.3.2017)ေန႔တုန္းက
Single Mother ညီမေလး တစ္ေယာက္ကို
လူမသိ သူမသိေအာင္ကေလးေမြးဖို႔ ကူညီေပးလိုက္တာကို
ပိုစ့္ေလးတင္လိုက္တယ္..
မၾကာပါဘူး..
ေနာက္ေန႔ကစလို႔ ညီမေလး ေတြ တစ္ေယာက္ၿပီး တစ္ေယာက္
ခ်က္ေဘာက္စ္ကေန ၊ ဖုန္းကေန ၊ မတ္စိတ္ကေန ၊
အကူအညီလာေတာင္းၾကေတာ့တာပဲ..
ပ႐ိုဖိုင္ အမွန္နဲ႔ မိေကာင္းဖခင္ ပညာတတ္ ညီမေလးေတြ
ကြ်န္ေတာ့္ဆီဖုန္းဆက္ၿပီး ငိုယို တိုင္ပင္ၾကတယ္..
တစ္ေန႔တစ္ေန႔ ဒီညီမေလးေတြနဲ႔ ဖုန္းဆက္ၿပီး
အားေပးရတာ အလုပ္တစ္ခုကို ျဖစ္လို႔..
တစ္ခ်ိဳ႕က မိဘအိမ္မွာ..
(ဗိုက္ေလးပူလာတဲ့ သမီးေလးကို မိဘက ၀လာတယ္ပဲ
ထင္ေနေလရဲ႕..)
တစ္ခ်ိဳ႕က တိုက္ခန္းက်ဥ္းေလးထဲမွာ ..
(ယူမယ္လို႔ ခိုးေျပးၿပီးခါမွ တစ္ေယာက္ထဲထားခဲ့တာ..)
တစ္ခ်ိဳ႕က တကၠသိုလ္မွာ ေက်ာင္းတတ္ေနတယ္..
အက်ႌပြပြေတြ၀တ္ၿပီး တစ္ေနတစ္ျခား ပူလာတဲ့
ဗိုက္ေလးကို အခ်ိန္တစ္ခုထိ ဖံုးေနၾကတယ္..
(Fb မွာေတြ႔ အျပင္မွာႀကိဳက္ခဲ့တဲ့ ေကာင္ေလးက
ဘယ္ေရာက္ေနမွန္း မသိေတာ့ဘူး..)
လိမၼာၾကပါဆိုတာထက္
ဗဟုသုတႂကြယ္ၾကပါလို႔ ေျပာခ်င္ပါတယ္..ညီမတို႔ေရ…
လူယုတ္မာေတြ ေပါလွတဲ့ေခတ္ထဲ
စိတ္အလိုလိုက္မိတဲ့အခါ sex ဗဟုသုတကလည္း မ႐ွိေတာ့
ကိုယ္ပဲ ဗိုက္တစ္လံုးနဲ႔ ဒုကၡမ်ားရတယ္..
ဘာပဲဲေျပာေျပာ Single Mother တစ္ေယာက္အေနနဲ႔
ကိုယ္၀န္ဖ်က္မခ်ဘဲ ကေလးေမြးဖို႔ ရဲရဲ၀့ံ၀့ံ ဆံုးျဖတ္ၾကတာကိုေတာ့
ကြ်န္ေတာ္ ေလးစားလြန္းတယ္..
မိခင္ေမတၱာေပါ့..
ေလာေလာဆယ္ေတာ့ ႏိုင္သေလာက္အထိ
ဒီညီမေလးေတြကို ( ႏွမျခင္းစာနာလို႔ ) ကူညီေပးေနပါတယ္..
ကိုယ္၀န္မဖ်က္ခ်ပါနဲ႔..
အႏၱရာယ္မ်ားသလို ငရဲလည္းႀကီးပါတယ္..
အပ်ိဳဗိုက္ဆိုတာ ၅ လေလာက္မွ နဲနဲေလးပူလာတာဆိုေတာ့
၅ လ ၆ လေလာက္အထိ ပတ္၀န္းက်င္မွာ
ဟန္မပ်က္ေနလို႔ရပါတယ္..
ဒီအေတာအတြင္း မိဘနဲ႔တိုင္ပင္ၿပီး အေကာင္းဆံုး
စီစဥ္ႏိုင္ရင္ ပိုေကာင္းတာေပါ့..
ေနာက္ဆံုး…
ၾကံရာမရေတာ့ဘူးဆိုမွ ကြၽန္ေတာ့္ဆီဆက္သြယ္ပါ..
တိတ္တိတ္ေလး ဗိုက္ဖြက္ထားေပးၿပီးမွ ဆရာ၀န္နဲ႔ ေဆးရံုမွာ
ကေလးေမြးေပးပါ့မယ္..
ေမြးၿပီး ကေလး ကိုလည္း ေစာင့္ေ႐ွာက္ေပးတယ္..
ျပန္ေခၚခ်င္တဲ့အခ်ိန္ ျပန္ေခၚႏိုင္ေအာင္စီစဥ္ေပးမယ္..
ကေလးကို လံုး၀ျပန္မေခၚေတာ့ဘူးဆိုရင္လည္း
ကေလးဘ၀ကို အေကာင္းဆံုးစီစဥ္ေပးမယ္..
(ဒါမ်ိဳးကို အစ အဆံုး သီးသန္႔ကူညီေနတဲ့ မမ ေတြ႐ွိပါတယ္..
ဆရာ၀န္ေတြလည္း ပါတယ္..)
ဒီပိုစ့္ကို ဖတ္ေနတဲ့ထဲမွာ သမီးေမြးထားတဲ့ အန္တီေတြ႐ွိရင္
တစ္ခုေျပာျပခ်င္ပါတယ္..
ကြၽန္ေတာ့္ဆီဖုန္းဆက္ အကူအညီေတာင္းတဲ့ ညီမေလးေတြ
အကုန္လံုးဟာ မိဘကို ေၾကာက္လို႔ ၾကံရာမရ ျဖစ္ေနတဲ့
သူေတြခ်ည္းပါပဲ..
ဒီေနရာမွာ မိဘကသာ ထစ္ခနဲ႐ွိ သားသမီးကို ဆူမယ္ ႐ိုက္မယ္
ဆိုတဲ့ မိဘမ်ိဳးမဟုတ္ဘဲ နားလည္မႈ႐ွိတဲ့ မိဘမ်ိဳးဆိုရင္
ကိုယ့္သမီးေလးဒုကၡေရာက္စရာ မ႐ွိပါ..
ေနာက္ၿပီး အမ်ိဳးသားမ်ားကို တစ္ခုေျပာခ်င္ပါေသးတယ္..
(ကြၽန္ေတာ္လည္း က်ား ပါပဲ.. အရိယာႀကီးမဟုတ္ပါဘူး..
သတ္သတ္လြတ္လဲ မစားပါဘူး..)
ကိုယ္တာ၀န္မယူႏိုင္ဘဲနဲ႔ ကိုယ့္ေကာင္မေလးကို
မက်ဴးလြန္နဲ႔ဆိုတဲ့ ဆံုးမစကားက ဒီေခတ္ထဲ
ေဘာင္မ၀င္သလိုျဖစ္သြားၿပီ..အဲ့ဒီေတာ့..
ဘယ္လိုပဲ ျဖစ္ျဖစ္ ယူခ်င္ယူ မယူခ်င္လဲေန
ဗိုက္ေတာ့မႀကီးပါေစနဲ႔လို႔ပဲ ေျပာခ်င္ေတာ့တယ္..
Ecee 2 တစ္ကဒ္မွ တစ္ေထာင္ေလာက္ရယ္ပါ..
(သူေတာ္ေကာင္းႀကီး မျဖစ္ရင္ေနပါေစ..
လူေတာ့ပီသၾကပါ..)
အားလံုးပဲ ..(အထူးသျဖင့္ ညီမေလးေတြ.)
Credit : Soe Htike
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
4.3.2017)နေ့တုန်းက
Single Mother ညီမလေး တစ်ယောက်ကို
လူမသိ သူမသိအောင်ကလေးမွေးဖို့ ကူညီပေးလိုက်တာကို
ပိုစ့်လေးတင်လိုက်တယ်..
မကြာပါဘူး..
နောက်နေ့ကစလို့ ညီမလေး တွေ တစ်ယောက်ပြီး တစ်ယောက်
ချက်ဘောက်စ်ကနေ ၊ ဖုန်းကနေ ၊ မတ်စိတ်ကနေ ၊
အကူအညီလာတောင်းကြတော့တာပဲ..
ပရိုဖိုင် အမှန်နဲ့ မိကောင်းဖခင် ပညာတတ် ညီမလေးတွေ
ကျွန်တော့်ဆီဖုန်းဆက်ပြီး ငိုယို တိုင်ပင်ကြတယ်..
တစ်နေ့တစ်နေ့ ဒီညီမလေးတွေနဲ့ ဖုန်းဆက်ပြီး
အားပေးရတာ အလုပ်တစ်ခုကို ဖြစ်လို့..
တစ်ချို့က မိဘအိမ်မှာ..
(ဗိုက်လေးပူလာတဲ့ သမီးလေးကို မိဘက ဝလာတယ်ပဲ
ထင်နေလေရဲ့..)
တစ်ချို့က တိုက်ခန်းကျဉ်းလေးထဲမှာ ..
(ယူမယ်လို့ ခိုးပြေးပြီးခါမှ တစ်ယောက်ထဲထားခဲ့တာ..)
တစ်ချို့က တက္ကသိုလ်မှာ ကျောင်းတတ်နေတယ်..
အကျႌပွပွတွေဝတ်ပြီး တစ်နေတစ်ခြား ပူလာတဲ့
ဗိုက်လေးကို အချိန်တစ်ခုထိ ဖုံးနေကြတယ်..
(Fb မှာတွေ့ အပြင်မှာကြိုက်ခဲ့တဲ့ ကောင်လေးက
ဘယ်ရောက်နေမှန်း မသိတော့ဘူး..)
လိမ္မာကြပါဆိုတာထက်
ဗဟုသုတကြွယ်ကြပါလို့ ပြောချင်ပါတယ်..ညီမတို့ရေ…
လူယုတ်မာတွေ ပေါလှတဲ့ခေတ်ထဲ
စိတ်အလိုလိုက်မိတဲ့အခါ sex ဗဟုသုတကလည်း မရှိတော့
ကိုယ်ပဲ ဗိုက်တစ်လုံးနဲ့ ဒုက္ခများရတယ်..
ဘာပဲပြောပြော Single Mother တစ်ယောက်အနေနဲ့
ကိုယ်ဝန်ဖျက်မချဘဲ ကလေးမွေးဖို့ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ကြတာကိုတော့
ကျွန်တော် လေးစားလွန်းတယ်..
မိခင်မေတ္တာပေါ့..
လောလောဆယ်တော့ နိုင်သလောက်အထိ
ဒီညီမလေးတွေကို ( နှမခြင်းစာနာလို့ ) ကူညီပေးနေပါတယ်..
ကိုယ်ဝန်မဖျက်ချပါနဲ့..
အန္တရာယ်များသလို ငရဲလည်းကြီးပါတယ်..
အပျိုဗိုက်ဆိုတာ ၅ လလောက်မှ နဲနဲလေးပူလာတာဆိုတော့
၅ လ ၆ လလောက်အထိ ပတ်ဝန်းကျင်မှာ
ဟန်မပျက်နေလို့ရပါတယ်..
ဒီအတောအတွင်း မိဘနဲ့တိုင်ပင်ပြီး အကောင်းဆုံး
စီစဉ်နိုင်ရင် ပိုကောင်းတာပေါ့..
နောက်ဆုံး…
ကြံရာမရတော့ဘူးဆိုမှ ကျွန်တော့်ဆီဆက်သွယ်ပါ..
တိတ်တိတ်လေး ဗိုက်ဖွက်ထားပေးပြီးမှ ဆရာဝန်နဲ့ ဆေးရုံမှာ
ကလေးမွေးပေးပါ့မယ်..
မွေးပြီး ကလေး ကိုလည်း စောင့်ရှောက်ပေးတယ်..
ပြန်ခေါ်ချင်တဲ့အချိန် ပြန်ခေါ်နိုင်အောင်စီစဉ်ပေးမယ်..
ကလေးကို လုံးဝပြန်မခေါ်တော့ဘူးဆိုရင်လည်း
ကလေးဘဝကို အကောင်းဆုံးစီစဉ်ပေးမယ်..
(ဒါမျိုးကို အစ အဆုံး သီးသန့်ကူညီနေတဲ့ မမ တွေရှိပါတယ်..
ဆရာဝန်တွေလည်း ပါတယ်..)
ဒီပိုစ့်ကို ဖတ်နေတဲ့ထဲမှာ သမီးမွေးထားတဲ့ အန်တီတွေရှိရင်
တစ်ခုပြောပြချင်ပါတယ်..
ကျွန်တော့်ဆီဖုန်းဆက် အကူအညီတောင်းတဲ့ ညီမလေးတွေ
အကုန်လုံးဟာ မိဘကို ကြောက်လို့ ကြံရာမရ ဖြစ်နေတဲ့
သူတွေချည်းပါပဲ..
ဒီနေရာမှာ မိဘကသာ ထစ်ခနဲရှိ သားသမီးကို ဆူမယ် ရိုက်မယ်
ဆိုတဲ့ မိဘမျိုးမဟုတ်ဘဲ နားလည်မှုရှိတဲ့ မိဘမျိုးဆိုရင်
ကိုယ့်သမီးလေးဒုက္ခရောက်စရာ မရှိပါ..
နောက်ပြီး အမျိုးသားများကို တစ်ခုပြောချင်ပါသေးတယ်..
(ကျွန်တော်လည်း ကျား ပါပဲ.. အရိယာကြီးမဟုတ်ပါဘူး..
သတ်သတ်လွတ်လဲ မစားပါဘူး..)
ကိုယ်တာဝန်မယူနိုင်ဘဲနဲ့ ကိုယ့်ကောင်မလေးကို
မကျူးလွန်နဲ့ဆိုတဲ့ ဆုံးမစကားက ဒီခေတ်ထဲ
ဘောင်မဝင်သလိုဖြစ်သွားပြီ..အဲ့ဒီတော့..
ဘယ်လိုပဲ ဖြစ်ဖြစ် ယူချင်ယူ မယူချင်လဲနေ
ဗိုက်တော့မကြီးပါစေနဲ့လို့ပဲ ပြောချင်တော့တယ်..
Ecee 2 တစ်ကဒ်မှ တစ်ထောင်လောက်ရယ်ပါ..
(သူတော်ကောင်းကြီး မဖြစ်ရင်နေပါစေ..
လူတော့ပီသကြပါ..)
အားလုံးပဲ ..(အထူးသဖြင့် ညီမလေးတွေ.)
Credit : Soe Htike
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
၁၅ မိနစ္ စာေလာက္နဲ႔ ဘ၀ တစ္ခုလံုးကို မလဲၾကပါနဲ႔...
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။