iMyanmarHouse.com - Best Property Website for Myanmar
×

အႏွိပ္ခံျခင္းသည္ ေရာဂါအခ်ဳိ႕အား သက္သာေစႏိုင္သလို ေရာဂါကူးစက္ ပ်ံ႕ပြားမႈလည္း ျဖစ္ႏိုင္သည္႔အတြက္ အထူးဂရုျပဳအႏွိပ္ခံသင္႔ေၾကာင္းပ ညာရွင္တို႔က အႀကံျပဳေျပာဆိုၾကသည္။

ေသြးတိုးေဝဒနာရွင္တို႔၏ ခႏၶာကိုယ္အားႏွိပ္နယ္ေပးျခင္း အားျဖင္႔ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစၿပီး အေပၚေသြး(၁ဝ)မီ လီမီတာအထိ က်ဆင္းေစႏိုင္ေၾကာင္း ဆရာဝန္မ်ားထံက သိရွိရသည္။

''အႏိွပ္ခံလိုက္ရရင္ စိတ္ေသာကေတြေျပေပ်ာက္ၿပီး စိတ္ဓါတ္က်ဆင္းေနတာေတြလည္း ေလ်ာ့နည္းသြားေစႏိုင္ပါတယ္။ ဒါ့အျပင္ေသြးတိုးသမားေတြကို ႏိွပ္ေပးရင္ အေပၚ ေသြး(၁ဝ)မီလီမီတာအထိ က်ဆင္းႏိုင္ၿပီးအိပ္ယာထဲလဲေနတဲ့လူနာကို တင္ပါးႏွိပ္ေပးရင္ အိပ္ယာနာေတြ ထြက္မလာေအာင္ တားဆီးထားႏိုင္သလို ခြဲစိတ္ကုသထားတဲ့သူ ကို ေသြးေၾကာ ထဲမွာ ေသြးမခဲရေအာင္ ေျခသလုံးကိုႏွိပ္နယ္ေပးဖို႔ လိုပါတယ္''ဟု အလုံၿမိဳ႕ နယ္မွ ေဒါက္တာျမင့္ဦး(ဂ်ီပီ)က ေျပာသည္။

အႏိွပ္ပညာအမ်ိဳးအစားေပါင္း(၁ဝဝ)နီးပါးရွိၿပီး အဆီလူး၍ႏိွပ္နယ္ျခင္း၊ ဦးေခါင္းႏွင့္ ခါးရိုး တစ္ေလွ်ာက္ႏွိပ္နယ္ျခင္း၊ သာငန္ရည္ေၾကာမ်ားအား ႏိႈးဆြႏွိပ္နယ္ျခင္း၊ အႏိွပ္ထိုင္ခုံေပၚ၌ ႏိွပ္နယ္ျခင္း၊ လက္ေခ်ာင္းအဖ်ားေလးမ်ားျဖင့္ စႏၵားယားခလုတ္တီးသလိုႏွိပ္နယ္ျခင္း အစ ရွိသည့္ အမ်ိဳးအစားေပါင္းမ်ားစြာရွိေၾကာင္း သိရွိရသည္။

''ကေလးငယ္ေလးေတြကို မိခင္ရဲ႕ လက္ေခ်ာင္းေလးေတြနဲ႔ အသာအယာႏွိပ္နယ္ေပးရင္ ႀကီးထြားတာျမန္ဆန္ၿပီး လန္းဆန္းေစတဲ့အျပင္ ေလနာထတာေတြေလ်ာ့နည္းၿပီး ႏွစ္ႏွစ္ ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစႏိုင္ပါတယ္ ''ဟု ေဒါက္တာျမင္႔ဦးက ေျပာသည္။

ႏွိပ္နယ္ေပးသူမ်ားအေနျဖင္႔ ဆီးပူေညာင္းက် ေရာဂါျဖစ္ေနတဲ႔ လူငယ္တစ္ေယာက္ကို ႏွိပ္ေပးခဲ႔ၿပီး လက္မေဆးမိပဲ ေနာက္တစ္ေယာက္ ကုိႏွိပ္ေပးမိမယ္ဆုိရင္ ေနာက္လူကုိ (လိင္မဆက္ဆံလုိက္ရပဲ ဂႏုိ ေရာဂါ) ကူးစက္ႏုိင္ျခင္းေၾကာင္႔ ႏွိပ္နယ္သူမ်ားအေနျဖင္႔လည္း သတိျပဳသင္႔ေၾကာင္း ဆရာဝန္မ်ားက သုံးသပ္ေျပာသည္။

အႏွိပ္ခံသူမ်ားအေနျဖင္႔လည္း ကုိယ္ဝန္ရွိသူမ်ား၊ ဗုိက္ေအာင္႔ေနသူ မ်ား၊ ေျခသလုံးေသြးခဲ ေနသူမ်ား၊ အေရျပားအနာရွိသူမ်ား၊ မၾကာခ ဏ ေသြးေခ် ဥတက္သူမ်ား ႏွိပ္နယ္မူမျပဳ သင္႔ေၾကာင္း အလားတူ ဆီးခ်ဳိေရာဂါ၊ ႏွလုံးေရာဂါ၊ ေက်ာက္ကပ္ေရာဂါႏွင္႔ ေသြးေၾကာ ေရာင္ယမ္းနာမ်ားရွိသူမ်ား အေနျဖင္႔လည္း အႏွိပ္ခံရန္မသင္႔ေၾကာင္း ဆရာဝန္မ်ားက အႀကံျပဳေျပာဆိုၾကသည္။

လူနာမ်ားအား ႏွိပ္နယ္ေပးသည္႔ ကုထုံးမ်ားအား တရုတ္တုိင္းရင္းေဆးဆ ရာမ်ားမွ လြန္ခဲ႔ေသာ ႏွစ္ေပါင္း ၄ဝဝဝ ေက်ာ္ကပင္ က်င္႔သုံးခဲ႔ေၾကာင္း သိရွိရသည္။

ေနာက္ပိုင္းတြင္ ႏွိပ္နယ္ကုသေပးသူမ်ားအား ႏုိင္ငံတကာေဆးရုံးႀကီးမ်ားတြင္ ခန္႔အပ္၍ အေနာက္တုိင္း နည္းႏွင္႔ တြဲဖက္ကုသလာသလို၊ ႏုိင္ငံ တကာေလ ဆိပ္ႀကီးမ်ားတြင္လည္း ခရီးသည္မ်ားအား အႏွိပ္ကြၽမ္းက်င္သူမ်ား မွ ႏွိပ္နယ္ေပးမႈမ်ား ရွိလာေၾကာင္း သိရွိရသည္။

Credit:ေရႊၿမန္မာ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အနှိပ်ခံခြင်းသည် ရောဂါအချို့အား သက်သာစေနိုင်သလို ရောဂါကူးစက် ပျံ့ပွားမှုလည်း ဖြစ်နိုင်သည့်အတွက် အထူးဂရုပြုအနှိပ်ခံသင့်ကြောင်းပ ညာရှင်တို့က အကြံပြုပြောဆိုကြသည်။

သွေးတိုးဝေဒနာရှင်တို့၏ ခန္ဓာကိုယ်အားနှိပ်နယ်ပေးခြင်း အားဖြင့် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး အပေါ်သွေး(၁ဝ)မီ လီမီတာအထိ ကျဆင်းစေနိုင်ကြောင်း ဆရာဝန်များထံက သိရှိရသည်။

''အနှိပ်ခံလိုက်ရရင် စိတ်သောကတွေပြေပျောက်ပြီး စိတ်ဓါတ်ကျဆင်းနေတာတွေလည်း လျော့နည်းသွားစေနိုင်ပါတယ်။ ဒါ့အပြင်သွေးတိုးသမားတွေကို နှိပ်ပေးရင် အပေါ် သွေး(၁ဝ)မီလီမီတာအထိ ကျဆင်းနိုင်ပြီးအိပ်ယာထဲလဲနေတဲ့လူနာကို တင်ပါးနှိပ်ပေးရင် အိပ်ယာနာတွေ ထွက်မလာအောင် တားဆီးထားနိုင်သလို ခွဲစိတ်ကုသထားတဲ့သူ ကို သွေးကြော ထဲမှာ သွေးမခဲရအောင် ခြေသလုံးကိုနှိပ်နယ်ပေးဖို့ လိုပါတယ်''ဟု အလုံမြို့ နယ်မှ ဒေါက်တာမြင့်ဦး(ဂျီပီ)က ပြောသည်။

အနှိပ်ပညာအမျိုးအစားပေါင်း(၁ဝဝ)နီးပါးရှိပြီး အဆီလူး၍နှိပ်နယ်ခြင်း၊ ဦးခေါင်းနှင့် ခါးရိုး တစ်လျှောက်နှိပ်နယ်ခြင်း၊ သာငန်ရည်ကြောများအား နှိုးဆွနှိပ်နယ်ခြင်း၊ အနှိပ်ထိုင်ခုံပေါ်၌ နှိပ်နယ်ခြင်း၊ လက်ချောင်းအဖျားလေးများဖြင့် စန္ဒားယားခလုတ်တီးသလိုနှိပ်နယ်ခြင်း အစ ရှိသည့် အမျိုးအစားပေါင်းများစွာရှိကြောင်း သိရှိရသည်။

''ကလေးငယ်လေးတွေကို မိခင်ရဲ့ လက်ချောင်းလေးတွေနဲ့ အသာအယာနှိပ်နယ်ပေးရင် ကြီးထွားတာမြန်ဆန်ပြီး လန်းဆန်းစေတဲ့အပြင် လေနာထတာတွေလျော့နည်းပြီး နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ပါတယ် ''ဟု ဒေါက်တာမြင့်ဦးက ပြောသည်။

နှိပ်နယ်ပေးသူများအနေဖြင့် ဆီးပူညောင်းကျ ရောဂါဖြစ်နေတဲ့ လူငယ်တစ်ယောက်ကို နှိပ်ပေးခဲ့ပြီး လက်မဆေးမိပဲ နောက်တစ်ယောက် ကိုနှိပ်ပေးမိမယ်ဆိုရင် နောက်လူကို (လိင်မဆက်ဆံလိုက်ရပဲ ဂနို ရောဂါ) ကူးစက်နိုင်ခြင်းကြောင့် နှိပ်နယ်သူများအနေဖြင့်လည်း သတိပြုသင့်ကြောင်း ဆရာဝန်များက သုံးသပ်ပြောသည်။

အနှိပ်ခံသူများအနေဖြင့်လည်း ကိုယ်ဝန်ရှိသူများ၊ ဗိုက်အောင့်နေသူ များ၊ ခြေသလုံးသွေးခဲ နေသူများ၊ အရေပြားအနာရှိသူများ၊ မကြာခ ဏ သွေးချေ ဥတက်သူများ နှိပ်နယ်မူမပြု သင့်ကြောင်း အလားတူ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနှင့် သွေးကြော ရောင်ယမ်းနာများရှိသူများ အနေဖြင့်လည်း အနှိပ်ခံရန်မသင့်ကြောင်း ဆရာဝန်များက အကြံပြုပြောဆိုကြသည်။

လူနာများအား နှိပ်နယ်ပေးသည့် ကုထုံးများအား တရုတ်တိုင်းရင်းဆေးဆ ရာများမှ လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝ ကျော်ကပင် ကျင့်သုံးခဲ့ကြောင်း သိရှိရသည်။

နောက်ပိုင်းတွင် နှိပ်နယ်ကုသပေးသူများအား နိုင်ငံတကာဆေးရုံးကြီးများတွင် ခန့်အပ်၍ အနောက်တိုင်း နည်းနှင့် တွဲဖက်ကုသလာသလို၊ နိုင်ငံ တကာလေ ဆိပ်ကြီးများတွင်လည်း ခရီးသည်များအား အနှိပ်ကျွမ်းကျင်သူများ မှ နှိပ်နယ်ပေးမှုများ ရှိလာကြောင်း သိရှိရသည်။

Credit:ရွှေမြန်မာ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top