iMyanmarHouse.com - Best Property Website for Myanmar
×

စိတ္ထဲမွာ အျပစ္ျမင္ေနတာေတြနဲ႔ ဝမ္းနည္းစရာေတြ ေတြးေနတာ ရပ္လိုက္ပါေတာ့။ ေမြးကတည္းက ဘယ္သူမွ ၿပီးျပည့္စံုေနတာ မဟုတ္ပါဘူး။ တစ္ေယာက္ တစ္မ်ိဳးစီေတာ့ လိုအပ္ခ်က္ေလးေတြ ရွိၾကတာပဲ။ သူက မခ်မ္းသာေပမယ့္ မိသားစု စံုစုံလင္လင္ေနရတယ္။ ေနာက္တစ္ေယာက္က်ေတာ့ အရမ္းေခ်ာလွေနေပမယ့္ အခ်စ္ေရး ကံမေကာင္းရွာဘူး။ ဉာဏ္ရည္ ထက္ျမက္ေနသူတစ္ေယာက္ ျဖစ္ေပမယ့္ အစြမ္းအစေတြကို ထုတ္ျပဖို႔ အခြင့္အေရးအတြက္ ကံက ပါမလာသူေတြရွိတယ္။ ငယ္ငယ္ကတည္းက လိုေလေသးမရွိ ေရႊေပၚျမတင္ေနရေပမယ့္လည္း အိမ္ ေထာင္က်ၿပီးေတာ့ ကေလးမရႏိုင္လို႔ ဝမ္းနည္းေနရသူေတြ ရွိတယ္။

လူဆိုတာ ေသရင္ တစ္ေယာက္တည္းမို႔ အားလံုး ကိုယ့္ဘဝနဲ႔ ကိုယ္ပါ။ ဒီလို အေျခအေနအမ်ိဳးမ်ိဳးကို လိုက္တူေအာင္ ညိွလို႔ မရသလို တူလာမွာလည္း မဟုတ္ပါဘူး။ တူခ်င္သပဆိုလည္း မရမက ျဖစ္ေအာင္သာ ႀကိဳးစားလိုက္ပါ။ ငါ့ ဘဝေလး သနားပါတယ္ လုပ္ေနမယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ သိမ္ငယ္စိတ္ဝင္ေနမယ္ဆိုရင္ က်န္တဲ့သူေတြကို အဆိုးျမင္တဲ့ဘက္ကို ေရာက္သြားတတ္ပါတယ္။

ကိုယ့္မွာ အခုရွိေနတာေတြကို မေက်နပ္ႏိုင္ျဖစ္မေနဘဲ အေျခအေနအမွန္ကို လက္ခံလိုက္ပါ။ လိုခ်င္တာေတြ မမ်ားေတာ့လဲ ရွိတာေလးနဲ႔ ေရာင့္ရဲလိုက္ပါ။ မလိုခ်င္တာ ခ်မ္းသာတယ္ ဆိုသလိုေပါ့။ သင့္အေျခအေနထက္ အမ်ားႀကီး အမ်ားႀကီး ပိုဆိုးတဲ့ ဘဝမွာ ေနထိုင္ေနရၿပီး  ေန႔စဥ္စားဝတ္ေနေရးအတြက္ လံုးပန္းေနရသူေတြ ရွိေနတာကို ေတြးၾကည့္လိုက္ပါ။ သူတို႔ကို ၾကည့္ၿပီး သူတို႔က ငါ့ထက္ ပိုဆိုးတာပဲ ဆိုၿပီး ဒူးေလးနန္႔ေနဖို႔ ေျပာတာမဟုတ္ပါဘူး။ စိတ္ပင္ပန္းတာေတြ မေက်နပ္တာေတြ နည္းနည္း ေျဖသာေအာင္ ေတြးၾကည့္ဖို႔ ေျပာတာပါ။ ဘဝ တိုးတက္ေအာင္ျမင္ဖို႔ ႀကိဳးစားတဲ့အခါမွာ အၿမဲေရာင့္ရဲေနလို႔လည္း မရတဲ့အခါမ်ိဳးေတြ ရွိပါတယ္။ ကိုယ့္အေျခအေနကို ျပန္လည္စမ္းစစ္ၾကည့္ၿပီး အၿမဲတမ္း လဲေနရာကေန ျပန္ထႏိုင္တဲ့ အင္အားေတြ သူမ်ားထက္ ပိုရွိေနတာကို အမွတ္ရ၊ သတိရေနေအာင္လို႔ပါ။

လူေတြ အေပၚေကာင္းႏိုင္ဖို႔၊ သူမ်ားေတြကို ကူညီႏိုင္ဖို႔ဆိုတာက ကိုယ္ကိုယ္တုိင္က အဆင္ေျပေနမွ ကူညီႏိုင္မွာ မဟုတ္လား။ ကုိယ့္ကုိယ္ကုိယ္ အရင္ဆံုး ကူညီတတ္ပါေစ။ သင့္အတြက္ လိုအပ္တဲ့ အေထာက္အကူေတြနဲ႔ ပံ့ပိုးမႈေတြကို သူမ်ားေတြက မေပးဘူးဆိုၿပီး ေတြးၿပီး ဝမ္းနည္းပက္လက္ျဖစ္ေန၊ စိတ္တိုေနရတာလား။ မ်က္ရည္ေတြ ရဲြေနတဲ့ ေခါင္းအံုးႀကီးကို ဖက္ၿပီး ေနာက္ဆံုးေတာ့ အိပ္ေပ်ာ္သြားတာပဲ မဟုတ္လား။ ကုိယ့္အတြက္ အိမ္က အေဖ၊ အေမ၊ ခ်စ္သူက သြားစရာရွိတာကို လိုက္မပို႔ႏိုင္ေၾကာင္း၊ လိုခ်င္တာကို မျဖည့္ဆည္းေပးႏိုင္ေၾကာင္း၊ မပံ့ပိုးႏိုင္ေၾကာင္း သူငယ္ခ်င္းေတြကို ရင္ဖြင့္ရတာ မပင္ပန္းဘူးလား။ သူတို႔လည္း အဆင္ေျပေနတာ မဟုတ္ပါဘူး။ မိမိကိုယ္သာ ကိုးကြယ္ရာ ပဲေလ။ အကူအညီလိုေနတယ္ မဟုတ္လား။ ကိုယ့္ဖာသာကိုယ္သာ အကူအညီရေအာင္ ရွာေဖြၾကံဆၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ ကူညီလိုက္ပါ။

"က်န္းမာေရးကို ဂရုစိုက္ပါ၊ အာဟာရကို ျပည့္ဝေအာင္ စားပါ" ဆိုရင္ နားထဲမွာ ရုိးအီေနၿပီး လုပ္ခ်င္စရာေကာင္းတဲ့ အလုပ္တစ္ခုလို႔ကို မထင္ၾကေတာ့ပါဘူး။ တကယ္က စိတ္သြားတိုင္း ကိုယ္ပါဖို႔ ဆိုရင္ သင့္ ခႏၶာကိုယ္က လႈပ္ႏိုင္ရွားႏိုင္မွ ျဖစ္မွာပါ။ သင့္စိတ္ ခိုလႈံရာ ခႏၶာကိုယ္က သင့္အိမ္ေလးတစ္လံုးဆိုရင္ သင့္ အိမ္ေလးကေကာ ခိုင္ခန္႔ရဲ့လား။ ေလလံု၊ မိုးလံုေကာ ရွိရဲ့လား။ ေလတိုက္ရင္ မလဲ မၿပိဳႏိုင္တာေကာ ေသခ်ာရဲ့လား။ ထုနဲ႔ ထည္နဲ႔ ေတာင့္ေတာင့္တင္းတင္း ရွိရဲ့လား။ မရွိေသးဘူးဆိုရင္ အခုကစၿပီး ပစၥည္းအေကာင္းစားေတြ သံုးၿပီး အိမ္ေကာင္းေကာင္းတစ္လံုးေလာက္ ေဆာက္ထားဖို႔လုပ္ေပါ့။ ေျပာခ်င္တာက ေကာင္းေကာင္းစား၊ ေကာင္းေကာင္းအိပ္၊ အားရွိေအာင္ေန၊ က်န္းမာႀကံ့ခိုင္မႈရွိေအာင္ ဂရုစိုက္ပါ။


Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

စိတ်ထဲမှာ အပြစ်မြင်နေတာတွေနဲ့ ဝမ်းနည်းစရာတွေ တွေးနေတာ ရပ်လိုက်ပါတော့။ မွေးကတည်းက ဘယ်သူမှ ပြီးပြည့်စုံနေတာ မဟုတ်ပါဘူး။ တစ်ယောက် တစ်မျိုးစီတော့ လိုအပ်ချက်လေးတွေ ရှိကြတာပဲ။ သူက မချမ်းသာပေမယ့် မိသားစု စုံစုံလင်လင်နေရတယ်။ နောက်တစ်ယောက်ကျတော့ အရမ်းချောလှနေပေမယ့် အချစ်ရေး ကံမကောင်းရှာဘူး။ ဉာဏ်ရည် ထက်မြက်နေသူတစ်ယောက် ဖြစ်ပေမယ့် အစွမ်းအစတွေကို ထုတ်ပြဖို့ အခွင့်အရေးအတွက် ကံက ပါမလာသူတွေရှိတယ်။ ငယ်ငယ်ကတည်းက လိုလေသေးမရှိ ရွှေပေါ်မြတင်နေရပေမယ့်လည်း အိမ် ထောင်ကျပြီးတော့ ကလေးမရနိုင်လို့ ဝမ်းနည်းနေရသူတွေ ရှိတယ်။

လူဆိုတာ သေရင် တစ်ယောက်တည်းမို့ အားလုံး ကိုယ့်ဘဝနဲ့ ကိုယ်ပါ။ ဒီလို အခြေအနေအမျိုးမျိုးကို လိုက်တူအောင် ညှိလို့ မရသလို တူလာမှာလည်း မဟုတ်ပါဘူး။ တူချင်သပဆိုလည်း မရမက ဖြစ်အောင်သာ ကြိုးစားလိုက်ပါ။ ငါ့ ဘဝလေး သနားပါတယ် လုပ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်နေမယ်ဆိုရင် ကျန်တဲ့သူတွေကို အဆိုးမြင်တဲ့ဘက်ကို ရောက်သွားတတ်ပါတယ်။

ကိုယ့်မှာ အခုရှိနေတာတွေကို မကျေနပ်နိုင်ဖြစ်မနေဘဲ အခြေအနေအမှန်ကို လက်ခံလိုက်ပါ။ လိုချင်တာတွေ မများတော့လဲ ရှိတာလေးနဲ့ ရောင့်ရဲလိုက်ပါ။ မလိုချင်တာ ချမ်းသာတယ် ဆိုသလိုပေါ့။ သင့်အခြေအနေထက် အများကြီး အများကြီး ပိုဆိုးတဲ့ ဘဝမှာ နေထိုင်နေရပြီး  နေ့စဉ်စားဝတ်နေရေးအတွက် လုံးပန်းနေရသူတွေ ရှိနေတာကို တွေးကြည့်လိုက်ပါ။ သူတို့ကို ကြည့်ပြီး သူတို့က ငါ့ထက် ပိုဆိုးတာပဲ ဆိုပြီး ဒူးလေးနန့်နေဖို့ ပြောတာမဟုတ်ပါဘူး။ စိတ်ပင်ပန်းတာတွေ မကျေနပ်တာတွေ နည်းနည်း ဖြေသာအောင် တွေးကြည့်ဖို့ ပြောတာပါ။ ဘဝ တိုးတက်အောင်မြင်ဖို့ ကြိုးစားတဲ့အခါမှာ အမြဲရောင့်ရဲနေလို့လည်း မရတဲ့အခါမျိုးတွေ ရှိပါတယ်။ ကိုယ့်အခြေအနေကို ပြန်လည်စမ်းစစ်ကြည့်ပြီး အမြဲတမ်း လဲနေရာကနေ ပြန်ထနိုင်တဲ့ အင်အားတွေ သူများထက် ပိုရှိနေတာကို အမှတ်ရ၊ သတိရနေအောင်လို့ပါ။

လူတွေ အပေါ်ကောင်းနိုင်ဖို့၊ သူများတွေကို ကူညီနိုင်ဖို့ဆိုတာက ကိုယ်ကိုယ်တိုင်က အဆင်ပြေနေမှ ကူညီနိုင်မှာ မဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ကူညီတတ်ပါစေ။ သင့်အတွက် လိုအပ်တဲ့ အထောက်အကူတွေနဲ့ ပံ့ပိုးမှုတွေကို သူများတွေက မပေးဘူးဆိုပြီး တွေးပြီး ဝမ်းနည်းပက်လက်ဖြစ်နေ၊ စိတ်တိုနေရတာလား။ မျက်ရည်တွေ ရွဲနေတဲ့ ခေါင်းအုံးကြီးကို ဖက်ပြီး နောက်ဆုံးတော့ အိပ်ပျော်သွားတာပဲ မဟုတ်လား။ ကိုယ့်အတွက် အိမ်က အဖေ၊ အမေ၊ ချစ်သူက သွားစရာရှိတာကို လိုက်မပို့နိုင်ကြောင်း၊ လိုချင်တာကို မဖြည့်ဆည်းပေးနိုင်ကြောင်း၊ မပံ့ပိုးနိုင်ကြောင်း သူငယ်ချင်းတွေကို ရင်ဖွင့်ရတာ မပင်ပန်းဘူးလား။ သူတို့လည်း အဆင်ပြေနေတာ မဟုတ်ပါဘူး။ မိမိကိုယ်သာ ကိုးကွယ်ရာ ပဲလေ။ အကူအညီလိုနေတယ် မဟုတ်လား။ ကိုယ့်ဖာသာကိုယ်သာ အကူအညီရအောင် ရှာဖွေကြံဆပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကူညီလိုက်ပါ။

"ကျန်းမာရေးကို ဂရုစိုက်ပါ၊ အာဟာရကို ပြည့်ဝအောင် စားပါ" ဆိုရင် နားထဲမှာ ရိုးအီနေပြီး လုပ်ချင်စရာကောင်းတဲ့ အလုပ်တစ်ခုလို့ကို မထင်ကြတော့ပါဘူး။ တကယ်က စိတ်သွားတိုင်း ကိုယ်ပါဖို့ ဆိုရင် သင့် ခန္ဓာကိုယ်က လှုပ်နိုင်ရှားနိုင်မှ ဖြစ်မှာပါ။ သင့်စိတ် ခိုလှုံရာ ခန္ဓာကိုယ်က သင့်အိမ်လေးတစ်လုံးဆိုရင် သင့် အိမ်လေးကကော ခိုင်ခန့်ရဲ့လား။ လေလုံ၊ မိုးလုံကော ရှိရဲ့လား။ လေတိုက်ရင် မလဲ မပြိုနိုင်တာကော သေချာရဲ့လား။ ထုနဲ့ ထည်နဲ့ တောင့်တောင့်တင်းတင်း ရှိရဲ့လား။ မရှိသေးဘူးဆိုရင် အခုကစပြီး ပစ္စည်းအကောင်းစားတွေ သုံးပြီး အိမ်ကောင်းကောင်းတစ်လုံးလောက် ဆောက်ထားဖို့လုပ်ပေါ့။ ပြောချင်တာက ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ အားရှိအောင်နေ၊ ကျန်းမာကြံ့ခိုင်မှုရှိအောင် ဂရုစိုက်ပါ။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top