iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္အသိေတြထဲမွာ မနက္တိုင္း အေျပးေလ့က်င့္သူေတြ ႐ွိပါသလား။ သူတုိ႔ကိုၾကည့္ရတာ သြက္လက္ေပါ့ပါးေနလို႔ အားက်မိတာလည္း အႀကိမ္ႀကိမ္ပါပဲ။ ဒါေပမဲ့ ကိုယ္တိုင္က မနက္ေစာစာ ထေျပးဖုိ႔ကို မလုပ္ႏိုင္ေသးပါဘူး။ အေၾကာင္းရင္းေတြကေတာ့ အမ်ားႀကီးေပါ့။ ဒါေပမဲ့ တကယ္တမ္း လုပ္ခ်င္စိတ္သာ႐ွိမယ္ဆုိရင္ ျဖစ္ပါတယ္။ ဒါေလးေတြကိုသာ သိထားမယ္ဆုိရင္ ထင္သေလာက္ ခက္ခဲေတာ့မွာ မဟုတ္ပါဘူး။

(က) အေျခခံအခ်က္မ်ား

၁။ အိပ္ေရးဝဝအိပ္ပါ။ ေစာေစာထမယ္ဆို ေစာေစာအိပ္ဖို႔ လိုအပ္ပါတယ္။ အိပ္ေရးမဝဘဲနဲ႔ ေျပးရင္ ခႏၶာကိုယ္အတြက္ မေကာင္းပါဘူး။ ပိုပင္ပန္းရပါတယ္။

၂။ ညမအိပ္မီကတည္းက မနက္ဘက္ ထေျပးဖုိ႔ အဝတ္ေတြကို ႀကိဳထုတ္ထားပါ။ မနက္မွ အဝတ္ရွာေနရင္ အခ်ိန္ကုန္သြားပါလိမ့္မယ္။ ေနျမင့္လာရင္ ေျပးလို႔မေကာင္းဘူးေလ။

၃။ မေျပးခင္မွာ ေသြးပူေလ့က်င့္ခန္း အရင္လုပ္ရပါမယ္။ ၾကြက္သားေတြက ေတာင့္တင္းေနေတာ့ ၾကြက္သားေတြ ေပ်ာ့ေပ်ာင္းလာေအာင္ ေသြးပူေအာင္လႈပ္ရွားၿပီးမွ ေျပးတာ အေကာင္းဆံုးပါ။

(ခ) တကယ္အက်ိဳး႐ွိဖုိ႔

၁။ ကိုယ္နဲ႔အတူေျပးဖုိ႔ သူငယ္ခ်င္းတစ္ေယာက္ေလာက္ရွာပါ။ ႏွစ္ေယာက္အတူဆုိရင္ ပိုၿပီးခရီးတြင္ပါတယ္။ တစ္ေယာက္တည္းဆုိေတာ့ ပ်င္းၿပီး မေျပးျဖစ္တဲ့ေန႔ေတြ ရွိတတ္တယ္ေလ။

၂။ ျဖည္းျဖည္းခ်င္းစပါ။ စေျပးတဲ့ေန႔မွာပဲ ေျပးႏိုင္သေလာက္ လက္ပန္းက်ေအာင္ ေျပးလိုက္တာ မေကာင္းပါဘူး။ ေနာက္ရက္ေတြမွာ မလႈပ္ႏိုင္ေတာ့တဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။

 ၃။ လုပ္ျဖစ္ေအာင္သာလုပ္ပါ။ စစခ်င္းမွာပဲ ပင္ပန္းလို႔၊ ေစာေစာထရလို႔ဆုိၿပီး ဇြဲမေလ်ာ့လိုက္ပါနဲ႔။ အစပိုင္းမို႔သာ ခက္ေနတာပါ။ ေနာက္ဆို အေလ့အက်င့္ျဖစ္သြားမွာ အေသအခ်ာပါပဲ။


Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့်အသိတွေထဲမှာ မနက်တိုင်း အပြေးလေ့ကျင့်သူတွေ ရှိပါသလား။ သူတို့ကိုကြည့်ရတာ သွက်လက်ပေါ့ပါးနေလို့ အားကျမိတာလည်း အကြိမ်ကြိမ်ပါပဲ။ ဒါပေမဲ့ ကိုယ်တိုင်က မနက်စောစာ ထပြေးဖို့ကို မလုပ်နိုင်သေးပါဘူး။ အကြောင်းရင်းတွေကတော့ အများကြီးပေါ့။ ဒါပေမဲ့ တကယ်တမ်း လုပ်ချင်စိတ်သာရှိမယ်ဆိုရင် ဖြစ်ပါတယ်။ ဒါလေးတွေကိုသာ သိထားမယ်ဆိုရင် ထင်သလောက် ခက်ခဲတော့မှာ မဟုတ်ပါဘူး။

(က) အခြေခံအချက်များ

၁။ အိပ်ရေးဝဝအိပ်ပါ။ စောစောထမယ်ဆို စောစောအိပ်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးမဝဘဲနဲ့ ပြေးရင် ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ ပိုပင်ပန်းရပါတယ်။

၂။ ညမအိပ်မီကတည်းက မနက်ဘက် ထပြေးဖို့ အဝတ်တွေကို ကြိုထုတ်ထားပါ။ မနက်မှ အဝတ်ရှာနေရင် အချိန်ကုန်သွားပါလိမ့်မယ်။ နေမြင့်လာရင် ပြေးလို့မကောင်းဘူးလေ။

၃။ မပြေးခင်မှာ သွေးပူလေ့ကျင့်ခန်း အရင်လုပ်ရပါမယ်။ ကြွက်သားတွေက တောင့်တင်းနေတော့ ကြွက်သားတွေ ပျော့ပျောင်းလာအောင် သွေးပူအောင်လှုပ်ရှားပြီးမှ ပြေးတာ အကောင်းဆုံးပါ။

(ခ) တကယ်အကျိုးရှိဖို့

၁။ ကိုယ်နဲ့အတူပြေးဖို့ သူငယ်ချင်းတစ်ယောက်လောက်ရှာပါ။ နှစ်ယောက်အတူဆိုရင် ပိုပြီးခရီးတွင်ပါတယ်။ တစ်ယောက်တည်းဆိုတော့ ပျင်းပြီး မပြေးဖြစ်တဲ့နေ့တွေ ရှိတတ်တယ်လေ။

၂။ ဖြည်းဖြည်းချင်းစပါ။ စပြေးတဲ့နေ့မှာပဲ ပြေးနိုင်သလောက် လက်ပန်းကျအောင် ပြေးလိုက်တာ မကောင်းပါဘူး။ နောက်ရက်တွေမှာ မလှုပ်နိုင်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

 ၃။ လုပ်ဖြစ်အောင်သာလုပ်ပါ။ စစချင်းမှာပဲ ပင်ပန်းလို့၊ စောစောထရလို့ဆိုပြီး ဇွဲမလျော့လိုက်ပါနဲ့။ အစပိုင်းမို့သာ ခက်နေတာပါ။ နောက်ဆို အလေ့အကျင့်ဖြစ်သွားမှာ အသေအချာပါပဲ။


Credit:Duwun



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top