သိထားသင့်ပါသတဲ့။
၁ - ဖုန်းတွေခဏခဏဆက်ပါ။
ကိုယ့်ဟာကို
ဒီအချက်ကလည်း
ဥပမာ
၎ - စပရိုက်စ်လုပ်ပါ။
ဒါကတော့
အများကြီးပါ။
အပေါ်ယံဖတ်လိုက်ရင်
ညှို့ယူထားလိုက်ပါ။
Credit : momolay
ပို့သပေးပါတယ်။
Unicode Version
ခေတ်ကာလတွေ အတွေးအခေါ်တွေ ပြောင်းလဲလာခြင်းနဲ့အတူ ချစ်သူတွေကြားထဲက ချစ်ရေးချစ်ရာ နည်းနာတွေဟာလည်း ယခင်နဲ့မတူ ထူးခြားပြောင်းလဲသွားခဲ့ပါတယ်။ ယနေ့ခေတ် ကောင်မလေးအချို့ရဲ့ အယူအဆကတော့ ချစ်နေယုံ၊ သစ္စာရှိနေယုံနဲ့မပြီးပါဘူး။ ဒီလိုဒီလို ပညာရပ်လေးတွေလည်း တတ်မြောက်ထားသင့် သိထားသင့်ပါသတဲ့။
၁ - ဖုန်းတွေခဏခဏဆက်ပါ။
ကိုယ့်ဟာကို ဘယ်လောက်ပဲအလုပ်တွေရှုပ်နေနေ၊ အားတာမအားတာက သူ့အလုပ်မဟုတ်ပါဘူး။ ဖုန်းတွေကဒီးကဒီးလာနေတာကို သူတို့သဘောကျကြပါတယ်။ ဒါမှအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ ကိုယ့်ကောင်လေးက ကိုယ့်အပေါ် ဘယ်လောက်ဂရုတစိုက်ရှိကြောင်း ကြွားနိုင်မယ်မဟုတ်လား?
၂ - ဖေ့ဘုတ်အပေါ်တွေမှာ သူ့ကိုကိုယ်က ဘယ်လောက်ချစ်ကြောင်း ဖော်ပြရေးသားပါ။
ဒီအချက်ကလည်း ကောင်မလေးတွေအတွက် သိပ်ကိုကျေနပ်စရာကောင်းတဲ့ ဂုဏ်တစ်ခုပါ။ မိမိတို့ရဲ့ စုံတွဲဓါတ်ပုံတွေ မကြာမကြာတင်ပါ။ နှစ်ပတ်လည်၊ လပတ်လည်နေ့တွေမှာလည်း ချစ်စကားအနုအရွလေးတွေနဲ့ သူ့ကို Tag လုပ် (သို့မဟုတ်) Wall Post ရေးပါ။
၃ - ဖေ့ဘုတ်မှာ ဓါတ်ပုံရိုက်တင်လို့ကောင်းတဲ့ လက်ဆောင်တွေ ခဏခဏပေးပါ။
ဥပမာ - နာရီတွေ၊ ပန်းစည်းတွေ၊ ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေလိုမျိုးပေါ့။ ဒီလိုလက်ဆောင်လေးတွေ မကြာမကြာပေးတဲ့အခါ သူကလည်း ဖေ့ဘုတ်ပေါ်မှာ ကိုကိုပေးတဲ့ ဘာလေးညာလေး စသဖြင့် စတေးတပ်စ်တွေ တင်နိုင်ပါလိမ့်မယ်။ ဒီတော့ တခြားသူတွေရဲ့ ကိုကိုတွေ၊ မောင်တွေနဲ့ ယှဉ်ရင် သင့်မှာလည်း ဂုဏ်ရှိတာပေါ့။
၄ - စပရိုက်စ်လုပ်ပါ။
ဒါကတော့ ခဏခဏလုပ်စရာမလိုပါဘူး။ တစ်နှစ်မှာ တစ်ခါလောက်လုပ်ရင် အဆင်ပြေပါတယ်။ ခေတ်ကိုက စပရိုက်စ်ခေတ်ပါ။ ဘယ်ကောင်လေးကတော့ ဘယ်ကောင်မလေးကို ဘယ်လိုစပရိုက်စ်လုပ်သွားပြီဆိုတဲ့ သတင်းက သူတို့စိတ်အဝင်စားဆုံးပါပဲ။ နောက်ကွယ်မှာ အဲ့ဒီအတွဲ အဆင်ပြေတာ မပြေတာက သူတို့ကိစ္စမဟုတ်ပါဘူး။ မယုံမရှိပါနဲ့ ရည်းစားက စပရိုက်စ်မလုပ်လို့ နောက်ဘဲတွဲသွားတဲ့ ဇာတ်လမ်းတွေ အများကြီးပါ။
၅ - ဖေ့ဘုတ်ပေါ်မှာ ၁၀၀ ဖိုး ၃ ပုဒ်တွေ များများ Share ပါ။
အပေါ်ယံဖတ်လိုက်ရင် သဘောခွေ့စရာ အကြောင်းအရာတွေပါပေမယ့် ဘာမှသိပ်အသုံးမဝင်တဲ့ ချစ်ကြောင်း၊ ကြိုက်ကြောင်း ပိုစ့်တွေကို ဆိုလိုတာပါ။ ဒါပေမယ့် ကောင်မလေးအများစုကတော့ ဒါမျိုးအရေးအသားတွေကို အထူးနှစ်ခြိုက်တတ်ကြပါတယ်။ ဒီတော့ သင်ဟာ နောက်ကွယ်မှာ ဘာပဲလုပ်နေနေ ဒါမျိုး Share ခြင်းဖြင့် ချစ်သူရဲ့စိတ်ကို ညှို့ယူထားလိုက်ပါ။
၂၁ ရာစုမှာ အထာကျကျ ချစ်နိုင်ကြပါစေနော်...။
Credit : momolay
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ချစ်သူကို ၂၁ ရာစုနည်းလမ်းတွေနဲ့ အထာကျကျ ဘယ်လိုချစ်ပြမလဲ?
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။