Credit : 7day daily
Unicode Version
တောင်ကိုရီးယားမင်းသား လီမင်ဟိုသည် တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားနယ်စပ်ဒေ သသို့ မှတ်တမ်းရုပ်ရှင်သွား ရောက်ရိုက်ကူးစဉ် အတွေ့အကြုံ များကို ပြန်လည် ဝေမျှခဲ့သည်။
‘‘အဲဒီနယ်စပ်ဒေသမှာ တာ ဝန်ကျနေတဲ့ စစ်သားတွေအားလုံး က အရမ်းငယ်ရွယ်ကြပါတယ်။ ကျွန်တော်အပြစ်မကင်းသလို ခံ စားရတယ်’’ဟု အသက် (၂၉)နှစ် အရွယ် လီမင်ဟိုက ပြောသည်။
MBC ရုပ်သံလိုင်းက ‘The Wild’ အမည်ရ မှတ်တမ်းရုပ်ရှင် အတွက် ထိုနယ်စပ်သို့ သွား ရောက်ရိုက်ကူးခြင်းဖြစ်သည်။
ထိုနှစ်နိုင်ငံနယ်စပ်အတွင်း သဘာဝရှုခင်းများနောက်ခံထား ရိုက်ကူးသော အဆိုပါမှတ်တမ်း ရုပ်ရှင်တွင် လီမင်ဟိုက ဇာတ် ကြောင်းပြောပြသူအဖြစ် ပါဝင် မည်ဖြစ်သည်။
မကြာမီ စစ်မှုထမ်းဆောင် မည့် လီမင်ဟိုက ‘‘တခြားအနု ပညာရှင်တွေလိုပဲ စစ်မှုထမ်း ဆောင်ဖို့ ကျွန်တော်စိတ်မကောင်း ဖြစ်မိတယ်။ ဒါပေမဲ့ ဒါက ကာလ တိုလေးတစ်ခုပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော် စစ်မှုမထမ်းဆောင်ခင် ဒီလိုအစီအစဉ်တွေ အများကြီး လုပ်သွားချင်ပါတယ်’’ဟု ပြော သည်။
‘The Wild’ အမည်ရှိ အထူး မှတ်တမ်းရုပ်ရှင်ကို MBC ရုပ်သံ လိုင်းက ဧပြီ ၃ ရက်တွင် ထုတ် လွှင့်ပြသမည်ဖြစ်သည်။
Credit : 7day daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...