ခ်စ္သူအသစ္နဲ႔ အခ်စ္ဇာတ္လမ္းသစ္ စတင္ရေတာ့မယ္ဆိုေတာ့ ေမွ်ာ္လင့္ခ်က္အသစ္ေတြ၊ အိပ္မက္အသစ္ေတြ၊ ခံစားခ်က္အသစ္ေတြနဲ႔ စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။ ဒါေပမယ့္ တစ္ခါတစ္ေလက်ရင္ေတာ့ ႏွစ္ေယာက္စလံုး ႀကံဳလာရတဲ့ အတိတ္ကျဖစ္ရပ္ေတြေၾကာင့္ နာက်င္မႈေတြကို ႀကံဳေတြ႕ရတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ အရင္တုန္းက ရည္းစားထားခဲ့ဖူးတယ္ဆုိရင္ေတာ့ အရင္က အေတြ႕အႀကံဳေတြကို သင္ခန္းစာယူၿပီး ကိုယ့္ကိုယ္ကို ျပင္ဆင္ေနထုိင္ႏိုင္ဖုိ႔ ႀကိဳးစားရမွာေပါ့။ ဒီေတာ့ ခ်စ္သူရည္းစားသစ္ထားေတာ့မယ္ သူေတြအတြက္ အႀကံဥာဏ္ေလးေတြ ေပးခ်င္တာက
(၁) တြယ္ကပ္မေနပါနဲ႔
ခ်စ္သူရည္းစားသစ္ ရၿပီဆုိေတာ့ အတိုးခ် ခ်စ္လုိက္မယ္ဆုိၿပီး သူ႔ဆီ တစ္ခ်ိန္လံုးသြားေနတာမ်ိဳး၊ တစ္ခ်ိန္လံုး ဖုန္းေခၚေနတာမ်ိဳး၊ sms ေတြ မနားမေန ပို႔ေနတာမ်ိဳးေတြ မလုပ္ပါနဲ႔။ ဒါဟာ တစ္ဖက္လူ ကုိယ့္ကိုလန္႔သြားေစႏိုင္တဲ့ အခ်က္ျဖစ္သြားတတ္ပါတယ္။ ကိုယ့္ကိုၿငိဳျငင္တာမ်ိဳးေတြ ျဖစ္သြားတတ္လို႔ပါ။
(၂) အရွိအရွိအတုုိင္းေပါ့
ကုိယ့္စိတ္ထဲကအတိုင္း မဟုတ္ပဲ အျခားလူတစ္ေယာက္ရဲ႕ ပံုစံ၊ အျပဳအမူမ်ိဳး စိတ္ထဲက မပါဘဲ ဟန္ေဆာင္ျပဳမူတာမ်ိဳးေတြ မလုုပ္ပါနဲ႔။ ဒါဟာေရရွည္အတြက္ ေကာင္းတဲ့အခ်က္ မဟုတ္ပါဘူး။ ကိုယ့္ခ်စ္သူက ခုလိုျပဳမူေနတာ ကိုယ့္ပံုစံမဟုတ္မွန္း၊ ဟန္ေဆာင္ေနတာမွန္း သိသြားရင္ သင့္အေပၚ အေလးထားတာမ်ိဳး၊ ယံုၾကည္တာမ်ိဳးေတြ ေလ်ာ့နည္းသြားပါလိမ့္မယ္။ ဒီေတာ့ အစကတည္းက ကုိယ့္စိတ္ထဲကအတုိင္း၊ ကိုယ့္ပံုစံအတုိင္းသာ ရိုးရိုးသားသားေနထုိင္ေျပာဆုိျပဳမူတာ အေကာင္းဆံုးပါ။
(၃) ရည္းစားေဟာင္း မဟုတ္ဘူး
ေျပာခ်င္တာက ရည္းစားအသစ္ကို အေဟာင္းနဲ႔ သြားႏႈိင္းယွဥ္ေျပာဆုိတာမ်ိဳး လံုး၀ မလုုပ္ပါနဲ႔။ ဒါ့အျပင္ အရင္တုန္းက အခ်စ္ေရးအေၾကာင္း လက္ရွိရည္းစားနဲ႔ ေဆြးေႏြးတာမ်ိဳးလည္း မလုပ္မိပါေစနဲ႔။ ကုိယ့္ဘာသာကိုယ္ အရင္ ရည္းစားအေၾကာင္း မေျပာမိဖုိ႔ ထိန္းၿပီး ေနေနတယ္ဆုိရင္ သူ႕ရဲ႕ အရင္ရည္းစားအေၾကာင္းလည္း မေမးမိပါေစနဲ႔။ ႏွစ္ေယာက္စလံုးရဲ႕ စိတ္ခံစားခ်က္ဟာ လက္ရွိမွာသာ တည္သင့္ပါတယ္။ အရင္အေၾကာင္းေတြေျပာၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ေနမယ့္အစား လက္ရွိမွာ ႏွစ္ဦးသား ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရွိသင့္တယ္ မဟုတ္လား။
(၄) စိတ္ကူးယဥ္သမွ် ေျပာျပျခင္းေရွာင္ပါ
ခုမွစၿပီး ဒိတ္လုပ္ရံုရွိေသး။ ကေလးဘယ္ႏွစ္ေယာက္ယူမယ္၊ မဂၤလာေဆာင္ရင္ ဘယ္မွာေဆာင္မယ္ စတာေတြ တန္းေျပာလို႔ မေကာင္းေသးပးါဘူး။ အနာဂတ္အတြက္ သင္စိတ္ကူးထားတာေတြ ရွိရင္ေတာင္ ခုခ်ိန္မွာ ဖြင့္ေျပာဖို႔ အခ်ိန္ မတန္ေသးဘူးလို႔ မွတ္ထားလုိက္ပါ။
(၅) ကိုယ္ကခ်ည္း အႏိုင္ယူေနတာမ်ိဳး မလုပ္ပါနဲ႔
တစ္ခုခုေျပာရင္ ကိုယ္ကခ်ည္း ေျပာေနၿပီး သူေျပာတာကို နားေထာင္မေပးတာမ်ိဳး၊ ကုိယ္ကခ်ည္း စိတ္ဆိုး၊ စိတ္ေကာက္ေနၿပီး သူ႔ကို နည္းနည္းေလးမွ အေလွ်ာ့မေပးတာမ်ိဳးေတြဟာ ေရရွည္အတြက္ မေကာင္းပါဘူး။ ၾကာရင္ သူလည္း စိတ္ကုန္၊ စိတ္ပ်က္သြားတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ ရည္းစားျဖစ္စမုိ႔လို႔ စိတ္ဆိုးစိတ္ေကာက္တာ ေပ်ာ္စရာလုိ႔ မထင္လိုက္ပါနဲ႔။ ျပသနာခဏခဏတက္တဲ့ အတြဲတုိင္းဟာ ေနာက္ဆံုး တစ္ေယာက္နဲ႔တစ္ေယာက္ သည္းမခံႏိုင္ေတာ့ပဲ လမ္းခြဲလိုက္ရတာမ်ားပါတယ္။
(၆)သူ႕သူငယ္ခ်င္းအေပါင္းအသင္းေတြကို လိုက္ေမးတာမ်ိဳးေတြ ေရွာင္ပါ
ကိုယ့္ခ်စ္သူအေၾကာင္း သိခ်င္ရင္ သူ႕ကို တိုက္ရိုက္ေမးသင့္ပါတယ္။ ကိုယ္နဲ႔ ခင္မင္ၿပီးသား သူ႕သူငယ္ခ်င္းေတြကို သူက အရင္တုန္းက ဘယ္လိုမ်ိဳးလဲ၊ ဘာညာ ေလွ်ာက္ေမးေနတာမ်ိဳး သူသိသြားမယ္ဆုိရင္ သင့္ကို စိတ္ပ်က္သြားဖုိ႔ေတြသာ ျဖစ္လာႏိုင္ပါတယ္။
(၇) ၿပီးျပည့္စံုတဲ့ ခ်စ္သူမ်ိဳး မျဖစ္ခ်င္ပါနဲ႔
ျပီးျပည္စံုတဲ့လူဆုိတာ မရွိႏိုင္ပါဘူး။ ကိုယ့္ခ်စ္သူအတြက္ အေကာင္းဆံုး ျဖစ္ခ်င္တယ္ဆုိတာကို လက္ခံႏိုင္ေပမယ့္ ကုိယ့္ကိုယ္ကို ဘာအျပစ္အနာအဆာမွမရွိ အရာရာအားလံုး ျပည့္စံုေနတဲ့လူမ်ိဳး သိပ္ျဖစ္ခ်င္ေနလုိ႔ေတာ့ မရပါဘူး။ ဒီလိုပဲ ကိုယ့္ခ်စ္သူကိုလည္း အစစအရာရာ အားလံုးျပည့္စံုေနတဲ့လူ ျဖစ္မယ္လုိ႔ မေမွ်ာ္လင့္ထားပါနဲ႔။ ဒါသင့္ကို ပင္ပန္းေစႏိုင္ပါတယ္။
Credit:duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Uncode Version
ချစ်သူအသစ်နဲ့ အချစ်ဇာတ်လမ်းသစ် စတင်ရတော့မယ်ဆိုတော့ မျှော်လင့်ချက်အသစ်တွေ၊ အိပ်မက်အသစ်တွေ၊ ခံစားချက်အသစ်တွေနဲ့ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျရင်တော့ နှစ်ယောက်စလုံး ကြုံလာရတဲ့ အတိတ်ကဖြစ်ရပ်တွေကြောင့် နာကျင်မှုတွေကို ကြုံတွေ့ရတာမျိုးလည်း ရှိနိုင်ပါတယ်။ အရင်တုန်းက ရည်းစားထားခဲ့ဖူးတယ်ဆိုရင်တော့ အရင်က အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်နေထိုင်နိုင်ဖို့ ကြိုးစားရမှာပေါ့။ ဒီတော့ ချစ်သူရည်းစားသစ်ထားတော့မယ် သူတွေအတွက် အကြံဉာဏ်လေးတွေ ပေးချင်တာက
(၁) တွယ်ကပ်မနေပါနဲ့
ချစ်သူရည်းစားသစ် ရပြီဆိုတော့ အတိုးချ ချစ်လိုက်မယ်ဆိုပြီး သူ့ဆီ တစ်ချိန်လုံးသွားနေတာမျိုး၊ တစ်ချိန်လုံး ဖုန်းခေါ်နေတာမျိုး၊ sms တွေ မနားမနေ ပို့နေတာမျိုးတွေ မလုပ်ပါနဲ့။ ဒါဟာ တစ်ဖက်လူ ကိုယ့်ကိုလန့်သွားစေနိုင်တဲ့ အချက်ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ကိုငြိုငြင်တာမျိုးတွေ ဖြစ်သွားတတ်လို့ပါ။
(၂) အရှိအရှိအတိုုင်းပေါ့
ကိုယ့်စိတ်ထဲကအတိုင်း မဟုတ်ပဲ အခြားလူတစ်ယောက်ရဲ့ ပုံစံ၊ အပြုအမူမျိုး စိတ်ထဲက မပါဘဲ ဟန်ဆောင်ပြုမူတာမျိုးတွေ မလုုပ်ပါနဲ့။ ဒါဟာရေရှည်အတွက် ကောင်းတဲ့အချက် မဟုတ်ပါဘူး။ ကိုယ့်ချစ်သူက ခုလိုပြုမူနေတာ ကိုယ့်ပုံစံမဟုတ်မှန်း၊ ဟန်ဆောင်နေတာမှန်း သိသွားရင် သင့်အပေါ် အလေးထားတာမျိုး၊ ယုံကြည်တာမျိုးတွေ လျော့နည်းသွားပါလိမ့်မယ်။ ဒီတော့ အစကတည်းက ကိုယ့်စိတ်ထဲကအတိုင်း၊ ကိုယ့်ပုံစံအတိုင်းသာ ရိုးရိုးသားသားနေထိုင်ပြောဆိုပြုမူတာ အကောင်းဆုံးပါ။
(၃) ရည်းစားဟောင်း မဟုတ်ဘူး
ပြောချင်တာက ရည်းစားအသစ်ကို အဟောင်းနဲ့ သွားနှိုင်းယှဉ်ပြောဆိုတာမျိုး လုံး၀ မလုုပ်ပါနဲ့။ ဒါ့အပြင် အရင်တုန်းက အချစ်ရေးအကြောင်း လက်ရှိရည်းစားနဲ့ ဆွေးနွေးတာမျိုးလည်း မလုပ်မိပါစေနဲ့။ ကိုယ့်ဘာသာကိုယ် အရင် ရည်းစားအကြောင်း မပြောမိဖို့ ထိန်းပြီး နေနေတယ်ဆိုရင် သူ့ရဲ့ အရင်ရည်းစားအကြောင်းလည်း မမေးမိပါစေနဲ့။ နှစ်ယောက်စလုံးရဲ့ စိတ်ခံစားချက်ဟာ လက်ရှိမှာသာ တည်သင့်ပါတယ်။ အရင်အကြောင်းတွေပြောပြီး စိတ်အနှောင့်အယှက်ဖြစ်နေမယ့်အစား လက်ရှိမှာ နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင်ရှိသင့်တယ် မဟုတ်လား။
(၄) စိတ်ကူးယဉ်သမျှ ပြောပြခြင်းရှောင်ပါ
ခုမှစပြီး ဒိတ်လုပ်ရုံရှိသေး။ ကလေးဘယ်နှစ်ယောက်ယူမယ်၊ မင်္ဂလာဆောင်ရင် ဘယ်မှာဆောင်မယ် စတာတွေ တန်းပြောလို့ မကောင်းသေးပးါဘူး။ အနာဂတ်အတွက် သင်စိတ်ကူးထားတာတွေ ရှိရင်တောင် ခုချိန်မှာ ဖွင့်ပြောဖို့ အချိန် မတန်သေးဘူးလို့ မှတ်ထားလိုက်ပါ။
(၅) ကိုယ်ကချည်း အနိုင်ယူနေတာမျိုး မလုပ်ပါနဲ့
တစ်ခုခုပြောရင် ကိုယ်ကချည်း ပြောနေပြီး သူပြောတာကို နားထောင်မပေးတာမျိုး၊ ကိုယ်ကချည်း စိတ်ဆိုး၊ စိတ်ကောက်နေပြီး သူ့ကို နည်းနည်းလေးမှ အလျှော့မပေးတာမျိုးတွေဟာ ရေရှည်အတွက် မကောင်းပါဘူး။ ကြာရင် သူလည်း စိတ်ကုန်၊ စိတ်ပျက်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ရည်းစားဖြစ်စမို့လို့ စိတ်ဆိုးစိတ်ကောက်တာ ပျော်စရာလို့ မထင်လိုက်ပါနဲ့။ ပြသနာခဏခဏတက်တဲ့ အတွဲတိုင်းဟာ နောက်ဆုံး တစ်ယောက်နဲ့တစ်ယောက် သည်းမခံနိုင်တော့ပဲ လမ်းခွဲလိုက်ရတာများပါတယ်။
(၆)သူ့သူငယ်ချင်းအပေါင်းအသင်းတွေကို လိုက်မေးတာမျိုးတွေ ရှောင်ပါ
ကိုယ့်ချစ်သူအကြောင်း သိချင်ရင် သူ့ကို တိုက်ရိုက်မေးသင့်ပါတယ်။ ကိုယ်နဲ့ ခင်မင်ပြီးသား သူ့သူငယ်ချင်းတွေကို သူက အရင်တုန်းက ဘယ်လိုမျိုးလဲ၊ ဘာညာ လျှောက်မေးနေတာမျိုး သူသိသွားမယ်ဆိုရင် သင့်ကို စိတ်ပျက်သွားဖို့တွေသာ ဖြစ်လာနိုင်ပါတယ်။
(၇) ပြီးပြည့်စုံတဲ့ ချစ်သူမျိုး မဖြစ်ချင်ပါနဲ့
ပြီးပြည်စုံတဲ့လူဆိုတာ မရှိနိုင်ပါဘူး။ ကိုယ့်ချစ်သူအတွက် အကောင်းဆုံး ဖြစ်ချင်တယ်ဆိုတာကို လက်ခံနိုင်ပေမယ့် ကိုယ့်ကိုယ်ကို ဘာအပြစ်အနာအဆာမှမရှိ အရာရာအားလုံး ပြည့်စုံနေတဲ့လူမျိုး သိပ်ဖြစ်ချင်နေလို့တော့ မရပါဘူး။ ဒီလိုပဲ ကိုယ့်ချစ်သူကိုလည်း အစစအရာရာ အားလုံးပြည့်စုံနေတဲ့လူ ဖြစ်မယ်လို့ မမျှော်လင့်ထားပါနဲ့။ ဒါသင့်ကို ပင်ပန်းစေနိုင်ပါတယ်။
Credit:duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ခ်စ္သူရည္းစားသစ္ထားေတာ့မယ္ဆိုရင္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။