iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
Unicode Version
အရက်ကို ကဖိန်းဓာတ်ကဲအားဖြည့်အချိုရည်တွေနဲ့ ရောတာ ကြိုက်ပါသလား။ သတိထားပါ။ အရက် တစ်မျိုးတည်းသောက်တာထက် ထိခိုက်မှုအန္တရာယ် ပိုများနိုင်ပါတယ်။ အားဖြည့်အချိုရည်ရောထားတဲ့ အရက်ကို အရက်ပုလင်းအရောင်းဆိုင်မှာ အဆင်သင့်ရောပြီးသားဖြစ်ဖြစ်၊ ကိုယ်တိုင်ရောစပ်ပြီးတော့ဖြစ်ဖြစ် သောက်ကြပါတယ်။
ကဖိန်းဓာတ်ရဲ့ လန်းဆန်းတက်ကြွစေတဲ့ အကျိုးအာနိသင်တွေက အရက်အရှိန်ကို ဖုံးလွှမ်းစေတယ်လို့ ကနေဒါနိုင်ငံ ဗစ်တိုးရီးယားတက္ကသိုလ်က သုတေသနဦးစီးသူ Audra Roemer က ဆိုပါတယ်။ စွန့်စားလုပ်ဆောင်မှု သို့မဟုတ် အာရုံခံစားမှုတိမ်းညွတ်ခြင်းတို့က အားဖြည့်အချိုရည်ရော အရက်နဲ့ ဆက်စပ်မှု ရှိမရှိကိုလည်း သုတေသီတွေ လေ့လာခဲ့ကြပါတယ်။
ဒီအလေ့အကျင့်ရှိသူတွေ အရက်နဲ့အားဖြည့်အချိုရည်ရောစပ်ခြင်းကနေ ရရှိတဲ့ လန်းဆန်းတက်ကြွတက်မှုကို ပိုမိုနှစ်သက်ကြပါတယ်။ ထိခိုက်မှုအန္တရာယ်ပိုများနေသည့်တိုင် ဒီလိုလုပ်ဆောင်မှုတိုးပွားလာဖွယ်ရှိတယ်လို့ Roemer က မှတ်ချက်ပြုခဲ့ပါတယ်။
ပုံမှန်အားဖြင့် အရက်သောက်တဲ့အခါ အားအင်ကုန်ခန်းပြီး အိမ်ပြန်ရပါတယ်။ အားဖြည့်အချိုရည်က အဲဒါကို ဖုံးကာပေးပါတယ်။ ဒါ့ကြောင့် လူတွေ အရက်အရှိန်ကို လျှော့တွက်၊ နောက်နက်ထိ အိမ်မပြန်ဘဲ အရက်ဆိုင်မှာနေ၊ အရက်ပိုသောက်ပြီး အန္တရာယ်များတဲ့ အပြုအမူတွေ လုပ်မိသွားကြတယ်လို့ Roemer က ပြောဆိုခဲ့ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top