iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္အနီးပတ္ဝန္းက်င္မွာ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ခဏခဏ ရန္ျဖစ္တတ္ၾကတဲ့သူေတြကို ျမင္ေတြ႕ဖူးမွာပါ။ သင္ကိုယ္တိုင္ေရာ သင္ရဲ႕ခ်စ္သူနဲ႔ မၾကာခဏဆိုသလို ရန္ျဖစ္တတ္ပါသလား ။ ရန္ျဖစ္ျပီး ျပန္ခ်စ္ရတာ ေပ်ာ္စရာေကာင္းတယ္ဆိုေပမယ့္ မၾကာခဏရန္ျဖစ္လြန္းလွ်င္ေတာ့ သင္တို႔နွစ္ေယာက္အတြက္ ေရရွည္မွာ မေကာင္းနိုင္ပါဘူး ။ အခု ရန္ျဖစ္ရတဲ့ အေၾကာင္းအရင္းအမ်ားစုကို ေဖာ္ျပေပးပါ့မယ္ေနာ္..

၁။ ယံုၾကည္မႈမရွိျခင္း

တစ္ေယာက္နဲ႔တစ္ေယာက္ ယံုၾကည္မႈမရွိဘဲ ဘယ္လိုမွ ေရရွည္အဆင္မေျပနိင္ပါဘူး ။ ယံုၾကည္မႈမရွိျခင္းေၾကာင့္ ေနရာတကာမွာ သံသယေတြဝင္ကာ စြတ္စြဲမႈေတြရွိလာသလို စြပ္စြဲခံရသူအဖို႕လည္း စိတ္မခ်မ္းေျမ့စရာပါပဲ ။ ေရရွည္တည္ျမဲတဲ့ ဆက္ဆံေရးအတြက္ ယံုၾကည္မႈ ခိုင္မာမွ ေရွ႕ဆက္နိုင္မွာျဖစ္ပါတယ္ ။

၂။နားလည္မႈမရွိျခင္း

ဒါဟာလည္း အဓိကက်တဲ့ အခ်က္ပါပဲ ။ မိဘနွင့္သားသမီး ဆက္ဆံေရး ၊ သူငယ္ခ်င္းဆက္ဆံေရး ၊လုပ္ငန္းခြင္ ဆက္ဆံေရး ၊ ေနာက္ဆံုး သမီးရည္းစား ၊ လင္မယား ဆက္ဆံေရးအထိ နားလည္မႈမရွိဘဲ အဆင္ကိုမေျပနိုင္ပါဘူး ။ တစ္ေယာက္နဲ႔တစ္ေယာက္ ေလွ်ာ့သင့္တာေလွ်ာ့ ၊ တင္းသင့္တာတင္း balance ညီတဲ့ ဆက္ဆံေရးကသာ ေရရွည္တည္ၿမဲေစမွာပါ ။

၃။သဝန္တိုျခင္း

ခ်စ္သူရည္းစားတိုင္း သဝန္တိုတတ္ၾကပါတယ္ ။ ခ်စ္လို႔ သဝန္တိုတယ္ဟု ထင္ရေသာ္လည္း အလြန္အမင္း သဝန္တိုလာျပီဆိုရင္ေတာ့ ဒါဟာ မယံုၾကည္မႈပါ ။ သဝန္တိုပါ ။ သို႔ေသာ္ ခ်စ္စရာေကာင္းေအာင္ သဝန္တိုေပးပါ။ စိတ္ပ်က္သြားေလာက္ေအာင္ထိ သဝန္မေၾကာင္ပါနဲ႔ ။

၄။အခ်ိန္မေပးျခင္း

တစ္ေယာက္ကိုတစ္ေယာက္ အခ်ိန္မေပးနိုင္လို႔ ရန္ျဖစ္တယ္ဆိုတာက တကယ္ေတာ့ နွစ္ဦးသား နားလည္မႈ ယူရမယ့္ ကိစၥပါ ။ ခ်စ္သူနွစ္ဦး အၿမဲတမ္းပူးကပ္ျပီး တခ်ိန္လံုး ေတြ႕ခ်င္ေနလို႔ေတာ့ မျဖစ္နိုင္ပါဘူး ။ ခ်စ္တဲ့သူနားမွာ အၿမဲရွိေနခ်င္တတ္တဲ့ စိတ္ကိုနားလည္နိုင္ေပမယ့္ ဘဝအတြက္ အျခားအေရးၾကီးတဲ့ ကိစၥေတြကိုလည္း ပစ္ပယ္ထားလို႔မရပါဘူး ။ လူမႈေရးကိစၥ ၊ သာေရး ၊နာေရး ၊ အလုပ္ကိစၥေတြလည္း ရွိနိုင္တာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္က ပြင့္ပြင့္လင္းလင္း ညွိနိႈင္းထားဖို႔ေတာ့ လုိပါတယ္။

၅။မာန္မာနမ်ားထားျခင္း

ခ်စ္သူရယ္ ျဖစ္လာျပီဆိုရင္ ဘာမာန္မာနမွ ထားစရာမလိုပါဘူး ။ တကယ္ခ်စ္ျပီဆိုရင္ မာနဆိုတာလည္း အေဝးမွာပါ ။ မလိုအပ္တဲ့ မာနေတြေၾကာင့္ ရန္ျဖစ္ခ်ိန္ေတြဟာ မၾကာသင့္ဘဲၾကာ ၊ မရွည္သင့္ဘဲရွည္ တတ္ပါတယ္။ ေနာက္ဆံုး လမ္းခြဲၾကတဲ့အထိ ျဖစ္နိုင္ပါတယ္ ။

အဓိကအေနနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ နားလည္မႈမ်ားမ်ားေပးျပီး ယံုၾကည္မႈခိုင္ၿမဲေနမယ္ဆိုရင္ တြဲလက္ေတြ ျမဲေနျပီး စိတ္ခ်မ္းေျမ့စရာေကာင္းတဲ့ relationship ကို ပိုင္ဆိုင္မွာပါေနာ္.


Credit:CHAN (ေရႊအင္းေလး)

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့်အနီးပတ်ဝန်းကျင်မှာ စိတ်ပျက်စရာကောင်းလောက်အောင် ခဏခဏ ရန်ဖြစ်တတ်ကြတဲ့သူတွေကို မြင်တွေ့ဖူးမှာပါ။ သင်ကိုယ်တိုင်ရော သင်ရဲ့ချစ်သူနဲ့ မကြာခဏဆိုသလို ရန်ဖြစ်တတ်ပါသလား ။ ရန်ဖြစ်ပြီး ပြန်ချစ်ရတာ ပျော်စရာကောင်းတယ်ဆိုပေမယ့် မကြာခဏရန်ဖြစ်လွန်းလျှင်တော့ သင်တို့နှစ်ယောက်အတွက် ရေရှည်မှာ မကောင်းနိုင်ပါဘူး ။ အခု ရန်ဖြစ်ရတဲ့ အကြောင်းအရင်းအများစုကို ဖော်ပြပေးပါ့မယ်နော်..

၁။ ယုံကြည်မှုမရှိခြင်း

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိဘဲ ဘယ်လိုမှ ရေရှည်အဆင်မပြေနိင်ပါဘူး ။ ယုံကြည်မှုမရှိခြင်းကြောင့် နေရာတကာမှာ သံသယတွေဝင်ကာ စွတ်စွဲမှုတွေရှိလာသလို စွပ်စွဲခံရသူအဖို့လည်း စိတ်မချမ်းမြေ့စရာပါပဲ ။ ရေရှည်တည်မြဲတဲ့ ဆက်ဆံရေးအတွက် ယုံကြည်မှု ခိုင်မာမှ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ် ။

၂။နားလည်မှုမရှိခြင်း

ဒါဟာလည်း အဓိကကျတဲ့ အချက်ပါပဲ ။ မိဘနှင့်သားသမီး ဆက်ဆံရေး ၊ သူငယ်ချင်းဆက်ဆံရေး ၊လုပ်ငန်းခွင် ဆက်ဆံရေး ၊ နောက်ဆုံး သမီးရည်းစား ၊ လင်မယား ဆက်ဆံရေးအထိ နားလည်မှုမရှိဘဲ အဆင်ကိုမပြေနိုင်ပါဘူး ။ တစ်ယောက်နဲ့တစ်ယောက် လျှော့သင့်တာလျှော့ ၊ တင်းသင့်တာတင်း balance ညီတဲ့ ဆက်ဆံရေးကသာ ရေရှည်တည်မြဲစေမှာပါ ။

၃။သဝန်တိုခြင်း

ချစ်သူရည်းစားတိုင်း သဝန်တိုတတ်ကြပါတယ် ။ ချစ်လို့ သဝန်တိုတယ်ဟု ထင်ရသော်လည်း အလွန်အမင်း သဝန်တိုလာပြီဆိုရင်တော့ ဒါဟာ မယုံကြည်မှုပါ ။ သဝန်တိုပါ ။ သို့သော် ချစ်စရာကောင်းအောင် သဝန်တိုပေးပါ။ စိတ်ပျက်သွားလောက်အောင်ထိ သဝန်မကြောင်ပါနဲ့ ။

၄။အချိန်မပေးခြင်း

တစ်ယောက်ကိုတစ်ယောက် အချိန်မပေးနိုင်လို့ ရန်ဖြစ်တယ်ဆိုတာက တကယ်တော့ နှစ်ဦးသား နားလည်မှု ယူရမယ့် ကိစ္စပါ ။ ချစ်သူနှစ်ဦး အမြဲတမ်းပူးကပ်ပြီး တချိန်လုံး တွေ့ချင်နေလို့တော့ မဖြစ်နိုင်ပါဘူး ။ ချစ်တဲ့သူနားမှာ အမြဲရှိနေချင်တတ်တဲ့ စိတ်ကိုနားလည်နိုင်ပေမယ့် ဘဝအတွက် အခြားအရေးကြီးတဲ့ ကိစ္စတွေကိုလည်း ပစ်ပယ်ထားလို့မရပါဘူး ။ လူမှုရေးကိစ္စ ၊ သာရေး ၊နာရေး ၊ အလုပ်ကိစ္စတွေလည်း ရှိနိုင်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်က ပွင့်ပွင့်လင်းလင်း ညှိနှိုင်းထားဖို့တော့ လိုပါတယ်။

၅။မာန်မာနများထားခြင်း

ချစ်သူရယ် ဖြစ်လာပြီဆိုရင် ဘာမာန်မာနမှ ထားစရာမလိုပါဘူး ။ တကယ်ချစ်ပြီဆိုရင် မာနဆိုတာလည်း အဝေးမှာပါ ။ မလိုအပ်တဲ့ မာနတွေကြောင့် ရန်ဖြစ်ချိန်တွေဟာ မကြာသင့်ဘဲကြာ ၊ မရှည်သင့်ဘဲရှည် တတ်ပါတယ်။ နောက်ဆုံး လမ်းခွဲကြတဲ့အထိ ဖြစ်နိုင်ပါတယ် ။

အဓိကအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုများများပေးပြီး ယုံကြည်မှုခိုင်မြဲနေမယ်ဆိုရင် တွဲလက်တွေ မြဲနေပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့ relationship ကို ပိုင်ဆိုင်မှာပါနော်.


Credit:CHAN (ရွှေအင်းလေး)



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top