iMyanmarHouse.com - Best Property Website for Myanmar
×
(၁) ချင့်တွက်စဉ်းပါ
(၃)ရှင်းပြပါ
Credit : Shwemom
ပို့သပေးပါတယ်။
Unicode Version
ချစ်သူကောင်လေးနဲ့အပြင်ထွက်တိုင်းမှာ သူကချည်းပဲ အကုန်ပိုက်ဆံ စိုက်ထု တ်ရှင်းနေတာလား.?အဲ့ဒီလိုတွေအမြဲဖြစ်နေမယ်။ကိုယ့်အနေနဲ့ကလည်း သူ့ ဘက်ကချည်း စိုက်ထုတ်ရှင်းပေးနေတာမျိုးကို မလိုချင်ဘူး၊တစ်ယောက်တစ် လှည့်စီရှင်းတာမျိုးကိုပဲ လိုချင်တယ်ဆိုရင် ဘယ်လို လုပ်သင့်လဲဆိုတာကို အကြံပြုချင်ပါတယ်။
(၁) ချင့်တွက်စဉ်းပါ
ကိုယ့်ကောင်လေးကချည်း စိုက်ထုတ်ရှင်းပေးနေတဲ့ အချိန်တိုင်း စိတ်ထဲက ဖြစ်ေ ပါ်ရတဲ့ ခံစားချက်တွေကို ချင့်တွက်စဉ်းစားပါ။သူ့ဘက်ကချည်းပေးနေတဲ့ အခါ မျိုးမှာ ကိုယ့်စိတ်ထဲမှာ ဘာကြောင့် သက်သောင့်သက်သာမရှိရတာလဲ ဆိုတာ ကို အရင်စဉ်းစားပါ။ဒီလို အမြဲပိုက်ဆံထုတ်ရှင်းနေတာဟာ သင့်ကို အရမ်းချစ် တယ်လို့ ခံစားရလား.?ဒီလိုသူကချည်းစိုက်ရှင်းနေလို့ သူ့မှာ ပိုက်ဆံနည်းမှာကို စိုးရိမ်တာလား.?ဒါက မဖြစ်မနေလုပ်သင့်တဲ့ ကိစ္စလို့ ထင်နေမှာစိုးတာလား.? စသဖြင့် အကြောင်းအရင်းကို အရင် ချင့်တွက်စဉ်းစားပါ။ကိုယ့်ရဲ့ Relations hip က ဘယ်အထိ သွားမှာလဲ သေချာစဉ်းစားပါ။
(၂)ဘာကြောင့်လဲ ပွင့်ပွင့်လင်းလင်းမေးပါ
ဒါကတော့ ချစ်သူကို ပွင့်ပွင့်လင်းလင်းထုတ်မေးတာပါ။အမြဲတမ်းဘာကြောင့် ပိုက်ဆံထုတ်ရှင်းနေရတာလဲ လို့ ဒဲ့မေးလိုက်ပါ။ဥပမာ-အပြင်ထွက်တိုင်း သတိ ထားကြည့်နေတာလဲ နင်ကချည်းဘာလို့ရှင်းနေတာလဲ။တစ်ခါတစ်လေ ငါလည်း ရှင်းမယ်လေ စသဖြင့် ကိုယ့်ဘက်ကနေ လမ်းဖွင့်ပေးတဲ့ မေးခွန်းမျိုးမေးလိုက်ပါ။
(၃)ရှင်းပြပါ
 Relationship တစ်ခုကို စပြီဆိုတည်းက သူ့ဘက်ကသာ တာဝန်ယူရမယ်လို့ စိတ်ထဲမှာ ခံယူထားတဲ့ အမျိုးသားတစ်ချို့ရှိပါတယ်။ဒီလိုသူ့ဘက်ကချည်း စိုက် ရှင်းမှ သင့်ဆီက အထင်ကြီးမှု၊သဘောကျမှုကို ပို ရမယ်လို့ ထင်နေ တတ်ပါ တယ်။ဒါကြောင့် ငွေ ထုတ်ရှင်းခြင်း၊မရှင်းခြင်းဟာ အထင်ကြီးတာ၊မကြီးတာနဲ့ မဆိုင်ကြောင်း နားလည်လာအောင် သေချာရှင်းပြပါ။
(၄)ဒီလိုလုပ်တာကို သင်မကြိုက်ကြောင်း ရှင်းပြပါ
သင့်ချစ်သူကောင်လေးဘက်ကလည်း သူကချည်း ပေးနေရတာမျိုးကို မလုပ်ချင်ေ တာ့ဘူးဆိုရင် သေချာပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ပြစ်တင်စကားတွေပြောမယ့်အစား သင့်ဘက်က ဘယ်လိုခံစားရလဲဆိုတာကို သူသိအောင် သေ ချာပြောပြ ပါ။တစ်ခါတစ်လေမှာ ကိုယ်တိုင်ငွေရှင်းချင်တဲ့အကြောင်း သူသိအောင်၊လက်ခံ လာအောင် သေချာပြောပြပါ။
(၅)ကျေးဇူးတင်ကြောင်းပြော
ချစ်သူကောင်လေးကချည်း အကုန်လုံး ငွေထုတ်ရှင်းနေတဲ့ ကိစ္စဟာ သင့်အ တွ က်တော့ အဆင်ပြေတယ်၊အိုကေတယ်ဆိုရင်တော့ ဒီနည်းကိုသုံးပါ။သူ့ ဘက် က ငွေထုတ်ရှင်းပေးတဲ့ အချိန်မျိုးမှာ ကျေးဇူးတင်စကားပြောပေးဖို့ မမေ့ပါနဲ့။ သင့်အတွက် ငွေအကုန်အကျခံပြီး စိုက်ထုတ်ပေးနေတဲ့ ချစ်သူကို ဥပမာ – ကောင်းကောင်းစားလိုက်ရပါတယ်။ညစာအတွက် ကျေးဇူးပဲနော် စတဲ့ စကားမျိုးလေးတော့ ပြောပေးပါ။
Credit : Shwemom
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top