iMyanmarHouse.com - Best Property Website for Myanmar
×

အေၾကာျပတ္တာဟာ ၀မ္းဗိုက္၊ ေပါင္မွာ အမ်ားဆံုး ျဖစ္ေလ့ရွိၿပီး တခ်ိဳ႔ေတြကေတာ့ ေျခသလံုးမွာပါ အေၾကာျပတ္တာေတြ ရွိပါတယ္။ အေၾကာျပတ္တာေတြက အေရးမႀကီးဘူးထင္ရေပမယ့္ အလွအပအတြက္ေတာ့ အေႏွာင့္အယွက္ ျဖစ္ေစတဲ့အရာထဲမွာ ပါ၀င္ပါတယ္။ အေၾကာျပတ္တာေတြရွိေနတာေၾကာင့္ ဗိုက္ေပၚတဲ့ အက်ႌခါးတိုေလးေတြ၊ စကတ္နဲ႔ ေဘာင္းဘီတိုလွလွေလးေတြ ၀တ္တာမ်ိဳးကို ေရွာင္ရွားေနၾကသူေတြ ရွိပါတယ္။ အေၾကာျပတ္တာေတြကို အရိုးရွင္းဆံုေးသာ သဘာ၀ေပါင္းတင္ေဆးနဲ႔ ဖယ္ရွားလို႔ ရတာေၾကာင့္ ေဖာ္ျပလိုက္ပါတယ္။


ပထမဆံုး ပန္းကန္တစ္ခုထဲမွာ ေထာပတ္ကိုထည့္ပါ။ ၿပီးရင္ ဂ်ံဳမႈန္႔အဆီ လက္ဖက္စားဇြန္း(၂) ဇြန္းနဲ႔ ဗီတာမင္ E လက္ဖက္စားဇြန္း(၂) ဇြန္းတို႔ကို ေရာၿပီး ေမႊပါ။ မီးအပူေပးဖို႔ေတာ့ လိုအပ္ပါတယ္။ ခုနက ေထာပတ္အေရာကို မီးေႏြးေႏြးေလးနဲ႔ အပူေပးပါ။ ေထာပတ္ေတြကို ေမႊေပးၿပီး အရည္ေပ်ာ္လာၿပီဆိုရင္ မီးပိတ္လိုက္ပါ။ ေထာပတ္အေရာကို အေအးခံထားၿပီး ေအးသြားၿပီဆိုရင္ အေၾကာျပတ္ရွိတဲ့ ေနရာေတြမွာ လိမ္းေပးပါ။ လက္နဲ႔ နည္းနည္း ႏွိပ္ေပးပါ။ မိနစ္(၂၀) ေလာက္ၾကာေအာင္ ထားၿပီးၿပီဆိုရင္ေတာ့ ေရနဲ႔ေဆးေၾကာေပးပါ။ ဆပ္ျပာအသံုးျပဳမယ္ဆိုရင္ အေပ်ာ့စားဆပ္ျပာပဲ သံုးေပးပါ။


ေန႔စဥ္ျပဳလုပ္လို႔ ရၿပီး ဗိုက္ဈ ေပါင္နဲ႔ ေျခေထာက္မွာရွိတဲ့ အေၾကာျပတ္တာေတြ အားလံုး ေပ်ာက္ကင္းသြားၿပီမို႔ အက်ႌခါးတိုေလးေတြ၊ စကတ္နဲ႔ ေဘာင္းဘီတိုလွလွေလးေတြ စိတ္တိုင္းက် ၀တ္ဆင္လို႔ရပါၿပီေနာ္..

Credit:momolay


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အကြောပြတ်တာဟာ ဝမ်းဗိုက်၊ ပေါင်မှာ အများဆုံး ဖြစ်လေ့ရှိပြီး တချို့တွေကတော့ ခြေသလုံးမှာပါ အကြောပြတ်တာတွေ ရှိပါတယ်။ အကြောပြတ်တာတွေက အရေးမကြီးဘူးထင်ရပေမယ့် အလှအပအတွက်တော့ အနှောင့်အယှက် ဖြစ်စေတဲ့အရာထဲမှာ ပါဝင်ပါတယ်။ အကြောပြတ်တာတွေရှိနေတာကြောင့် ဗိုက်ပေါ်တဲ့ အကျႌခါးတိုလေးတွေ၊ စကတ်နဲ့ ဘောင်းဘီတိုလှလှလေးတွေ ဝတ်တာမျိုးကို ရှောင်ရှားနေကြသူတွေ ရှိပါတယ်။ အကြောပြတ်တာတွေကို အရိုးရှင်းဆုံေးသာ သဘာဝပေါင်းတင်ဆေးနဲ့ ဖယ်ရှားလို့ ရတာကြောင့် ဖော်ပြလိုက်ပါတယ်။


ပထမဆုံး ပန်းကန်တစ်ခုထဲမှာ ထောပတ်ကိုထည့်ပါ။ ပြီးရင် ဂျုံမှုန့်အဆီ လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ ဗီတာမင် E လက်ဖက်စားဇွန်း(၂) ဇွန်းတို့ကို ရောပြီး မွှေပါ။ မီးအပူပေးဖို့တော့ လိုအပ်ပါတယ်။ ခုနက ထောပတ်အရောကို မီးနွေးနွေးလေးနဲ့ အပူပေးပါ။ ထောပတ်တွေကို မွှေပေးပြီး အရည်ပျော်လာပြီဆိုရင် မီးပိတ်လိုက်ပါ။ ထောပတ်အရောကို အအေးခံထားပြီး အေးသွားပြီဆိုရင် အကြောပြတ်ရှိတဲ့ နေရာတွေမှာ လိမ်းပေးပါ။ လက်နဲ့ နည်းနည်း နှိပ်ပေးပါ။ မိနစ်(၂၀) လောက်ကြာအောင် ထားပြီးပြီဆိုရင်တော့ ရေနဲ့ဆေးကြောပေးပါ။ ဆပ်ပြာအသုံးပြုမယ်ဆိုရင် အပျော့စားဆပ်ပြာပဲ သုံးပေးပါ။


နေ့စဉ်ပြုလုပ်လို့ ရပြီး ဗိုက်ဈ ပေါင်နဲ့ ခြေထောက်မှာရှိတဲ့ အကြောပြတ်တာတွေ အားလုံး ပျောက်ကင်းသွားပြီမို့ အကျႌခါးတိုလေးတွေ၊ စကတ်နဲ့ ဘောင်းဘီတိုလှလှလေးတွေ စိတ်တိုင်းကျ ဝတ်ဆင်လို့ရပါပြီနော်..

Credit:momolay


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top