iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္မ သားေလးေမြးတာ (၃) လေတာင္ျပည့္လာေနျပီ ကြ်န္မေယာက်္ားက ခုထိ ကြ်န္မနဲ႔ လိင္ေပ်ာ္ ပိုက္ဖို႔ စိတ္မပါေသးပါဘူး။ မီးဖြားသည့္အခ်ိန္မွာလည္း နာက်င္မႈ ဆိုးဆိုးရြားရြားခံစားခဲ့ရပါတယ္။ ကြ်န္မကေတာ့ သူအဲဒါေတြ နားမလည္းဘူး ထင္တာပဲ။ ကြ်န္မအတြက္ စိတ္မေကာင္းဘူးလို႔သာ သူေျပာ ေနပါတယ္။ ကြ်န္မ အခ်က္ေပါင္းမ်ားစြာ ခ်ဳပ္ခ့ဲရတယ္။ အဲဒါကို ခ်ဥ္းကပ္လာဖို႔ သူ မဝင့္မရဲျဖစ္ေနပါတယ္။ ဒါဘာ့ေၾကာင့္လဲဆိုတာ ကၽြန္မစဥ္းစားလို႔ မရတာေၾကာင့္ ေျဖၾကားေပးေစခ်င္ပါတယ္။

အေျဖ -ပထမဆုံးသိရမွာက ဒါ ေလာေလာလတ္လတ္ ဖခင္ျဖစ္လာသူေတြၾကား ျဖစ္တတ္တဲ့ ကိစၥရပ္ တစ္ခုျဖစ္ပါတယ္။ သို႔ေပမယ့္ ဒီအေၾကာင္းကို ေဆြးေႏြးေျပာဆိုမႈ သိပ္မလုပ္ၾကဘူး။ အမ်ားအားျဖင့္ အမ်ဳိး သားေတြက ကေလးေမြးတဲ့ အခ်ိန္ အေတာအတြင္းမွာ လ်စ္လ်ဴရႈထားတတ္ၾကတယ္။ ဘာေၾကာင့္လဲဆိုရင္ နာက်င္မႈေတြ ခံစားျပီး ခက္ခဲမႈမွန္သမွ်ကို ရင္ဆိုင္ခံစားရတာ အမ်ဳိးသမီးေတြေလ။

သို႔ေပမယ့္ ကြ်န္ေတာ္ တို႔က ျဖစ္ေနတဲ့အရာေတြကို မျမင္တတ္ၾကဘူး။ ဒါ ဝမ္းနည္းစိတ္ပ်က္စရာျဖစ္သြားႏုိင္တယ္။ စိတ္ပညာ အရ အိမ္ေထာင္ရွင္အမ်ဳိးသားတစ္ေယာက္ရဲ႕ အသိအျမင္ကို ခဏတစ္ျဖဳတ္ေျပာင္းလဲေစတတ္တယ္။ ကေလးေမြးဖြားျခင္း၊ နာက်င္မႈေဝဒနာေတြ ခံစားရျခင္းေၾကာင့္ ကိုယ့္အမ်ိဳးသမီး ရဲ႕ ရုပ္ရည္က်သြားတာ သူတို႔သတိထားမိခဲ့တယ္။ ပထမဦးဆုံးအေနနဲ႔ သင္လုပ္ေဆာင္ရမွာက သူ႔ေၾကာင့္ ထိခုိက္နာက်င္မႈ ေတြရိွေစမွာ မဟုတ္ေၾကာင္း ေသေသခ်ာခ်ာ ေျပာေပးျပဖို႔ေတာ့ လိုအပ္ပါတယ္။

သူ႕ဘက္က မ်က္ႏွာ ခ်င္းဆိုင္ မလာဘူး၊ ရင္မဆိုင္လာပါဘူးဆုိရင္ ႏွစ္ေယာက္စလုံးအတြက္ စိတ္ခံစားခ်က္ပိုင္ဆုိင္ရာမွာ ပ်က္ဆီးယုိယြင္းမႈေတြ ျဖစ္ေစႏုိင္ေၾကာင္း ေထာက္ျပေျပာဆိုပါ။ မိဘတစ္ဦး စျဖစ္လာတာ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈၾကီး တစ္ခုျဖစ္ပါတယ္။ ဘဝကို လုံးဝေျပာင္းလဲေစျပီး ေျခကုန္လက္ပန္းက်စရာလည္း ေကာင္းပါ တယ္။

ဒါေၾကာင့္ မိမိကိုယ္ကိုယ္ ဖိအားေတြ အလြန္အကြ်ံမေပးပါနဲ႔။ လိင္ဆက္ဆံမႈကို တေျဖးေျဖးခ်င္းနဲ႔ ျပန္စပါ။ အလ်င္စလိုေတာ့ မလုပ္ပါနဲ႔။ တစ္ေယာက္နဲ႔ တစ္ေယာက္ေပ်ာ္ရႊင္မႈရေစဖို႔ တျခားအရာေတြ လုပ္ပါ။ ႏွစ္ဦးႏွစ္ဖက္ဆီက စိတ္ရွည္သည္းခံမႈေတြ၊ နားလည္မႈေတြ ထားရိွဖို႔ လိုအပ္တယ္။ သို႔ျဖစ္ပါက အဆင္ေျပလာပါလိမ့္မယ့္။ သူ သင့္ကို စိတ္မဝင္စားေတာ့ဘူး ဆိုတာ မဟုတ္ပါဘူး။ သူ႔ ဘက္က စတင္ ခ်ဥ္းကပ္လာမွာကို မဝင့္မရဲ ျဖစ္ေနလို႔ပါ။

Credit : Trend Myanmar
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကျွန်မ သားလေးမွေးတာ (၃) လတောင်ပြည့်လာနေပြီ ကျွန်မယောကျ်ားက ခုထိ ကျွန်မနဲ့ လိင်ပျော် ပိုက်ဖို့ စိတ်မပါသေးပါဘူး။ မီးဖွားသည့်အချိန်မှာလည်း နာကျင်မှု ဆိုးဆိုးရွားရွားခံစားခဲ့ရပါတယ်။ ကျွန်မကတော့ သူအဲဒါတွေ နားမလည်းဘူး ထင်တာပဲ။ ကျွန်မအတွက် စိတ်မကောင်းဘူးလို့သာ သူပြော နေပါတယ်။ ကျွန်မ အချက်ပေါင်းများစွာ ချုပ်ခဲ့ရတယ်။ အဲဒါကို ချဉ်းကပ်လာဖို့ သူ မဝင့်မရဲဖြစ်နေပါတယ်။ ဒါဘာ့ကြောင့်လဲဆိုတာ ကျွန်မစဉ်းစားလို့ မရတာကြောင့် ဖြေကြားပေးစေချင်ပါတယ်။

အဖြေ -ပထမဆုံးသိရမှာက ဒါ လောလောလတ်လတ် ဖခင်ဖြစ်လာသူတွေကြား ဖြစ်တတ်တဲ့ ကိစ္စရပ် တစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ဒီအကြောင်းကို ဆွေးနွေးပြောဆိုမှု သိပ်မလုပ်ကြဘူး။ အများအားဖြင့် အမျိုး သားတွေက ကလေးမွေးတဲ့ အချိန် အတောအတွင်းမှာ လျစ်လျူရှုထားတတ်ကြတယ်။ ဘာကြောင့်လဲဆိုရင် နာကျင်မှုတွေ ခံစားပြီး ခက်ခဲမှုမှန်သမျှကို ရင်ဆိုင်ခံစားရတာ အမျိုးသမီးတွေလေ။

သို့ပေမယ့် ကျွန်တော် တို့က ဖြစ်နေတဲ့အရာတွေကို မမြင်တတ်ကြဘူး။ ဒါ ဝမ်းနည်းစိတ်ပျက်စရာဖြစ်သွားနိုင်တယ်။ စိတ်ပညာ အရ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ရဲ့ အသိအမြင်ကို ခဏတစ်ဖြုတ်ပြောင်းလဲစေတတ်တယ်။ ကလေးမွေးဖွားခြင်း၊ နာကျင်မှုဝေဒနာတွေ ခံစားရခြင်းကြောင့် ကိုယ့်အမျိုးသမီး ရဲ့ ရုပ်ရည်ကျသွားတာ သူတို့သတိထားမိခဲ့တယ်။ ပထမဦးဆုံးအနေနဲ့ သင်လုပ်ဆောင်ရမှာက သူ့ကြောင့် ထိခိုက်နာကျင်မှု တွေရှိစေမှာ မဟုတ်ကြောင်း သေသေချာချာ ပြောပေးပြဖို့တော့ လိုအပ်ပါတယ်။

သူ့ဘက်က မျက်နှာ ချင်းဆိုင် မလာဘူး၊ ရင်မဆိုင်လာပါဘူးဆိုရင် နှစ်ယောက်စလုံးအတွက် စိတ်ခံစားချက်ပိုင်ဆိုင်ရာမှာ ပျက်ဆီးယိုယွင်းမှုတွေ ဖြစ်စေနိုင်ကြောင်း ထောက်ပြပြောဆိုပါ။ မိဘတစ်ဦး စဖြစ်လာတာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကြီး တစ်ခုဖြစ်ပါတယ်။ ဘဝကို လုံးဝပြောင်းလဲစေပြီး ခြေကုန်လက်ပန်းကျစရာလည်း ကောင်းပါ တယ်။

ဒါကြောင့် မိမိကိုယ်ကိုယ် ဖိအားတွေ အလွန်အကျွံမပေးပါနဲ့။ လိင်ဆက်ဆံမှုကို တဖြေးဖြေးချင်းနဲ့ ပြန်စပါ။ အလျင်စလိုတော့ မလုပ်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက်ပျော်ရွှင်မှုရစေဖို့ တခြားအရာတွေ လုပ်ပါ။ နှစ်ဦးနှစ်ဖက်ဆီက စိတ်ရှည်သည်းခံမှုတွေ၊ နားလည်မှုတွေ ထားရှိဖို့ လိုအပ်တယ်။ သို့ဖြစ်ပါက အဆင်ပြေလာပါလိမ့်မယ့်။ သူ သင့်ကို စိတ်မဝင်စားတော့ဘူး ဆိုတာ မဟုတ်ပါဘူး။ သူ့ ဘက်က စတင် ချဉ်းကပ်လာမှာကို မဝင့်မရဲ ဖြစ်နေလို့ပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top