ပီေကကုိ လူတုိင္းနီးပါး ၀ါးဖူးမယ္ထင္ပါတယ္။ အထူးသျဖင့္ အခုေခတ္ လူလတ္ပုိင္းေပါ့။ ပီေကက အစာေျခစနစ္က မေျချဖတ္ႏုိင္ဘူးဆုိရင္ လူေတြက ရယ္ၾကပါလိမ့္မယ္။ တကယ္ေတာ့ ပီေကကို ရာဘာကဲ့သုိ႔ေသာ သစ္ေစးေတြကို ဓာတုေဗဒနည္းနဲ႔ အသြင္ေျပာင္းၿပီး ထုတ္လုပ္ထားတာ မ်ားပါတယ္။
ဒါေၾကာင့္ ပီေကဟာ ဗုိက္ထဲမွာ (7)ႏွစ္အထိ တည္ရွိေနႏုိင္တယ္လုိ႔ ဆုိပါတယ္။ ဒီစကားကလည္း ရယ္စရာ စကားျဖစ္ပါလိမ့္မယ္။ ေဆးပညာရွင္ေတြကေတာ့ အတိအလင္းကို ေျပာထားပါတယ္။ ပီေက၀ါးျခင္းရဲ႕ ေကာင္းက်ိဳးကေတာ့ ခံတြင္းနံ႔ဆုိးကို သက္သာေစတယ္။ ေဆးလိပ္ျဖတ္တဲ့အခါမွာလည္း အသုံး၀င္ပါတယ္။
ဒါေပမယ့္ ပီေကကုိ မ်ားမ်ားမ်ိဳခ်ေလ မ်ားမ်ား အႏၱရာယ္ရွိေလပါ။ တစ္ခ်ိဳ႕က စားၿပီးမ်ိဳခ်လုိက္တယ္၊ မစင္စြန္႔တဲ့အခါ ပါသြားမွာေပါ့ဆုိၿပီး ေပါ့ေပါ့ေလး ေျပာတတ္ပါတယ္။ တကယ္ေတာ့ ပီေကကုိ အစာေျခစနစ္က မေျခဖ်က္ႏုိင္ဘူးဆုိေပမယ့္ အစာထဲမွာပါတဲ့ ေရက ၎တုိ႔ကို ႏူးပြေစႏုိင္ၿပီး မစင္စြန္႔လမ္းေၾကာင္းကို ပိတ္ဆုိ႔ေစႏုိင္ပါတယ္။
ဒါက ရွားေတာင့္ရွားခဲဆုိေပမယ့္ အေမရိကန္နဲ႔ ယူေကမွာရွိတဲ့ ကေလးေတာ္ေတာ္မ်ားမ်ားဟာ ဒီကိစၥေၾကာင့္ ေဆး႐ုံေဆးခန္းကို သြားရသူေတြ မနည္းေတာ့ပါဘူး။ ပီေကကုိ သစ္ေစး၊ တိရစာၦန္ေတြဆီကေန ထုတ္လုပ္ရရွိတဲ့ ေကာ္ကဲ့သုိ႔ေစးျပစ္ေသာအရာ၊ အမႈန္႔မ်ား၊ အရသာ စတဲ့အရာေတြနဲ႔ ေပါင္းစပ္ထားတာ ျဖစ္ပါတယ္။ အစာအိမ္ထဲမွာ ျပင္ပကုိ မစြန္႔ထုတ္ႏုိင္ပဲ က်န္ေနတဲ့ ပီေကေတြအခ်င္းခ်င္း ေပါင္းမိသြားတဲ့အခါ ပုိၿပီးဆုိး၀ါးတဲ့ အႏၱရာယ္ကို ျဖစ္ေစႏုိင္ပါေၾကာင္း။
Credit : (Shwemom)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ပီကေကို လူတိုင်းနီးပါး ဝါးဖူးမယ်ထင်ပါတယ်။ အထူးသဖြင့် အခုခေတ် လူလတ်ပိုင်းပေါ့။ ပီကေက အစာခြေစနစ်က မခြေဖြတ်နိုင်ဘူးဆိုရင် လူတွေက ရယ်ကြပါလိမ့်မယ်။ တကယ်တော့ ပီကေကို ရာဘာကဲ့သို့သော သစ်စေးတွေကို ဓာတုဗေဒနည်းနဲ့ အသွင်ပြောင်းပြီး ထုတ်လုပ်ထားတာ များပါတယ်။
ဒါကြောင့် ပီကေဟာ ဗိုက်ထဲမှာ (7)နှစ်အထိ တည်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ဒီစကားကလည်း ရယ်စရာ စကားဖြစ်ပါလိမ့်မယ်။ ဆေးပညာရှင်တွေကတော့ အတိအလင်းကို ပြောထားပါတယ်။ ပီကေဝါးခြင်းရဲ့ ကောင်းကျိုးကတော့ ခံတွင်းနံ့ဆိုးကို သက်သာစေတယ်။ ဆေးလိပ်ဖြတ်တဲ့အခါမှာလည်း အသုံးဝင်ပါတယ်။
ဒါပေမယ့် ပီကေကို များများမျိုချလေ များများ အန္တရာယ်ရှိလေပါ။ တစ်ချို့က စားပြီးမျိုချလိုက်တယ်၊ မစင်စွန့်တဲ့အခါ ပါသွားမှာပေါ့ဆိုပြီး ပေါ့ပေါ့လေး ပြောတတ်ပါတယ်။ တကယ်တော့ ပီကေကို အစာခြေစနစ်က မခြေဖျက်နိုင်ဘူးဆိုပေမယ့် အစာထဲမှာပါတဲ့ ရေက ၎င်းတို့ကို နူးပွစေနိုင်ပြီး မစင်စွန့်လမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပါတယ်။
ဒါက ရှားတောင့်ရှားခဲဆိုပေမယ့် အမေရိကန်နဲ့ ယူကေမှာရှိတဲ့ ကလေးတော်တော်များများဟာ ဒီကိစ္စကြောင့် ဆေးရုံဆေးခန်းကို သွားရသူတွေ မနည်းတော့ပါဘူး။ ပီကေကို သစ်စေး၊ တိရစ္ဆာန်တွေဆီကနေ ထုတ်လုပ်ရရှိတဲ့ ကော်ကဲ့သို့စေးပြစ်သောအရာ၊ အမှုန့်များ၊ အရသာ စတဲ့အရာတွေနဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ အစာအိမ်ထဲမှာ ပြင်ပကို မစွန့်ထုတ်နိုင်ပဲ ကျန်နေတဲ့ ပီကေတွေအချင်းချင်း ပေါင်းမိသွားတဲ့အခါ ပိုပြီးဆိုးဝါးတဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါကြောင်း။
Credit : (Shwemom)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ပီေကကုိ ၀ါးၿပီးမ်ိဳခ်ရင္ ဘာျဖစ္ႏုိင္မလဲ ?
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။