iMyanmarHouse.com - Best Property Website for Myanmar
×

 သင္နဲ႔ လမ္းမခြဲခင္ သူ႔ဘက္က လုပ္တတ္တဲ့ အရာေတြ
ခ်စ္သူေတြမွာ သူကပဲ လမ္းစခြဲခြဲ၊ ကိုယ္ကပဲ လမ္းစခြဲခြဲ လမ္းခြဲခါနီး အခိုက္အတန္႔ကေတာ့ ရွိဖူးၾကမွာပါ။ တကယ္လို႔ သင့္ခ်စ္သူေကာင္ေလးက သင္နဲ႔ လမ္းခြဲဖို႔ ေျခလွမ္းလွမ္းေနၿပီဆိုတာ သင္သိႏိုင္မယ့္ အခ်က္ေတြ ရွိပါတယ္။ အဲဒီ့ လကၡဏာေတြကို စုစည္း တင္ျပလိုက္ပါတယ္။
၁။ သင္နဲ႔ အတူတူ အျပင္ထြက္ဖို႔ ျငင္းဆိုလိမ့္မယ္
အရင္တုန္းကေတာ့ သင္တို႔ဟာ ခ်စ္ခ်စ္ခင္ခင္ၾကင္ၾကင္နာနာနဲ႔ တူတူ အျပင္ထြက္ေနၾကကေန ရုတ္တရက္ဆိုသလို သူ႕ဘက္ကေန အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး အျပင္ထြက္ဖုိ႔ သင့္ရဲ႕ ခ်ိန္းဆိုမႈေတြကို ျငင္းဆိုပါလိမ့္မယ္။
၂။ တျခား မိန္းကေလးေတြနဲ႔ တျဖည္းျဖည္း စကားေျပာလာလိမ့္မယ္။
သင္နဲ႔ စကားေျပာေနရင္း Reply ေတြ ေႏွးလာမယ္ဆိုရင္ တျခားတစ္ေယာက္ေယာက္နဲ႔ သူ စကားေျပာေနမွာ အေသအခ်ာပါပဲ။ အလုပ္က သူငယ္ခ်င္း ျဖစ္ရင္ျဖစ္မယ္။ ရည္းစားေဟာင္း ျဖစ္ရင္ျဖစ္မယ္။ ေကာင္ေလးေတြဟာ သူတို႔ စိတ္ထြက္ေပါက္ တစ္ခုအေနနဲ႔ ျဖစ္ျဖစ္၊ သင္နဲ႔ လမ္းခြဲၿပီးရင္ အသစ္တြဲဖို႔ တစ္ခါတည္း ရွာတာမ်ိဳးျဖစ္ျဖစ္ သူ လုပ္ေနေလာက္ပါၿပီ။
၃။ သင့္ကို မယံုၾကည္ေတာ့ဘူး။
သင္ဟာ သူ႔အေၾကာင္းေတြကို ပထမဆံုး ၾကားရတဲ့သူ မဟုတ္ေတာ့ပါဘူး။ တကယ္လို႔ သူက အလုပ္မွာ ရာထူးတုိးတဲ့ သတင္းလိုမ်ိဳးကို သူ႔ရဲ႕ သူငယ္ခ်င္းေျပာျပမွ သင္ သိရတဲ့ အျဖစ္မ်ိဳး ျဖစ္မွာပါ။ သူ ရင္ဖြင့္ရေလာက္ေအာင္ ယံုၾကည္တဲ့သူက သင္ မဟုတ္ႏိုင္ေတာ့ပါဘူး။
၄။ သင့္နားမွာ ေနရတာ မေပ်ာ္ေတာ့ပါဘူး။
အရင္က တီတီတာတာနဲ႔ ရယ္စရာေျပာခဲ့တာေတြမ်ိဳး သူ မလုပ္ေတာ့ပါဘူး။ သင္က ဘယ္လိုပဲ စစ၊ ေနာက္ေနာက္၊ အရင္လို ဟက္ဟက္ပက္ပက္ ရယ္ရႊင္မႈေတြ ေပ်ာက္ကြယ္သြားပါလိမ့္မယ္။ သင့္ကို ေဘးမွာထားၿပီး ဖုန္းပဲ သံုးေနတာမ်ိဳးေတြ သူ လုပ္ပါလိမ့္မယ္။
၅။ ျပႆနာရွာဖို႔ အဆင္သင့္ ျဖစ္ေနပါလိမ့္မယ္။
ဘာမဟုတ္တဲ့ ကိစၥေသးေသးမ်ိဳးမွာေတာင္ သင့္ဘက္က နည္းနည္းမွားရင္ပဲ ျဖစ္ျဖစ္ သူ႕ဘက္က စၿပီး ျပႆနာရွာကာ ရန္ပြဲဖန္တီးပါလိမ့္မယ္။ ၿပီးရင္ေတာ့ ေရွ႕ဆက္ဖို႔ မျဖစ္တဲ့အေၾကာင္းေတြ သူ ေျပာပါေတာ့မယ္။
၆။ သင္နဲ႔ ခ်စ္မႈျပဳတာ မလုပ္ေတာ့ပါဘူး။
သူ႔ဘက္က လမ္းခြဲဖို႔ ဆံုးျဖတ္တာ ေသခ်ာသြားၿပီဆိုရင္ သင္နဲ႔ ကိုယ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ရင္းႏွီးမႈမ်ိဳး ရွိေတာ့မွာ မဟုတ္တာေၾကာင့္ ခ်စ္မႈကိစၥကို စိတ္မဝင္စားတဲ့ သူတစ္ေယာက္လို သူ ဆက္ဆံပါလိမ့္မယ္။
၇။ တစ္ေယာက္တည္း ေနခြင့္ျပဳပါ။
ဒီစကားကို သူ ေျပာပါလိမ့္မယ္။ သူ႔ကို တစ္ေယာက္တည္း ေနခြင့္ျပဳပါ။ သင္နဲ႔ မေတြ႕ခင္က အခ်ိန္လိုမ်ိဳးကို ေနၾကည့္ခ်င္လို႔ပါ၊ စိတ္ေတြ ရႈပ္ေနလို႔ပါ(တျခားကိစၥေၾကာင့္) ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ တစ္ေယာက္တည္း ေနခြင့္ျပဳဖုိ႔ သူ ေတာင္းဆိုပါလိမ့္မယ္။
သင့္ဘက္က ဘာလုပ္ရမလဲ။
ဒီလို အျပဳအမူေတြနဲ႔ သူ႔ဘက္က လမ္းခြဲမယ္ဆိုရင္ သင္ကေကာ ဘာေတြ လုပ္ရမလဲ။ စဥ္းစားမိတဲ့ နည္းလမ္းေတြကို အႀကံျပဳပါရေစ။
-သူ႔ကို စိတ္အနားေပးလိုက္ပါ။ ကိုယ့္ဘက္က သူလမ္းခြဲမွာကို ေၾကာက္ေနေပမယ့္လည္း ပိုၿပီး စိတ္ရႈပ္သြားပါေစနဲ႔။ ၿပီးေတာ့ လမ္းခြဲၿပီးရင္ ကိုယ္ ဘယ္လို ေရွ႕ဆက္မလဲဆိုတာအတြက္ ႀကိဳျပင္ဆင္ထားပါ။ အတတ္ႏိုင္ဆံုး သူ႔သေဘာအတိုင္းသာ လိုက္ေလ်ာေျပာဆိုေပးလုိက္ပါ။ ဒါမွ ကိုယ္နဲ႔ လမ္းခြဲၿပီးေနာက္ပိုင္း အခ်စ္ေတြ မကုန္ေသးရင္ သူ ေနာင္တေတြနဲ႔ ျပန္လာပါလိမ့္မယ္။ ကိုယ့္ေၾကာင့္ ဆိုတာမ်ိဳး မျဖစ္သြားဖို႔ ဂရုစိုက္ၿပီး ခြင့္လႊတ္ေပးပါ။

လမ္းခြဲရတာက မေကာင္းဘူးဆိုေပမယ့္လည္း မေနခ်င္ေတာ့တဲ့သူကို သြားခြင့္ျပဳလိုက္ပါ။ သူ ေပ်ာ္ေနတာေလးကို ၾကည့္ၿပီး ေပ်ာ္ရင္းေပါ့….
ခ်စ္ၾကသူတိုင္း ရာသက္ပန္ေပါင္းရပါေစ။

Credit:Cosmo/momolay

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

 သင်နဲ့ လမ်းမခွဲခင် သူ့ဘက်က လုပ်တတ်တဲ့ အရာတွေ
ချစ်သူတွေမှာ သူကပဲ လမ်းစခွဲခွဲ၊ ကိုယ်ကပဲ လမ်းစခွဲခွဲ လမ်းခွဲခါနီး အခိုက်အတန့်ကတော့ ရှိဖူးကြမှာပါ။ တကယ်လို့ သင့်ချစ်သူကောင်လေးက သင်နဲ့ လမ်းခွဲဖို့ ခြေလှမ်းလှမ်းနေပြီဆိုတာ သင်သိနိုင်မယ့် အချက်တွေ ရှိပါတယ်။ အဲဒီ့ လက္ခဏာတွေကို စုစည်း တင်ပြလိုက်ပါတယ်။
၁။ သင်နဲ့ အတူတူ အပြင်ထွက်ဖို့ ငြင်းဆိုလိမ့်မယ်
အရင်တုန်းကတော့ သင်တို့ဟာ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့ တူတူ အပြင်ထွက်နေကြကနေ ရုတ်တရက်ဆိုသလို သူ့ဘက်ကနေ အကြောင်းအမျိုးမျိုးပြပြီး အပြင်ထွက်ဖို့ သင့်ရဲ့ ချိန်းဆိုမှုတွေကို ငြင်းဆိုပါလိမ့်မယ်။
၂။ တခြား မိန်းကလေးတွေနဲ့ တဖြည်းဖြည်း စကားပြောလာလိမ့်မယ်။
သင်နဲ့ စကားပြောနေရင်း Reply တွေ နှေးလာမယ်ဆိုရင် တခြားတစ်ယောက်ယောက်နဲ့ သူ စကားပြောနေမှာ အသေအချာပါပဲ။ အလုပ်က သူငယ်ချင်း ဖြစ်ရင်ဖြစ်မယ်။ ရည်းစားဟောင်း ဖြစ်ရင်ဖြစ်မယ်။ ကောင်လေးတွေဟာ သူတို့ စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ ဖြစ်ဖြစ်၊ သင်နဲ့ လမ်းခွဲပြီးရင် အသစ်တွဲဖို့ တစ်ခါတည်း ရှာတာမျိုးဖြစ်ဖြစ် သူ လုပ်နေလောက်ပါပြီ။
၃။ သင့်ကို မယုံကြည်တော့ဘူး။
သင်ဟာ သူ့အကြောင်းတွေကို ပထမဆုံး ကြားရတဲ့သူ မဟုတ်တော့ပါဘူး။ တကယ်လို့ သူက အလုပ်မှာ ရာထူးတိုးတဲ့ သတင်းလိုမျိုးကို သူ့ရဲ့ သူငယ်ချင်းပြောပြမှ သင် သိရတဲ့ အဖြစ်မျိုး ဖြစ်မှာပါ။ သူ ရင်ဖွင့်ရလောက်အောင် ယုံကြည်တဲ့သူက သင် မဟုတ်နိုင်တော့ပါဘူး။
၄။ သင့်နားမှာ နေရတာ မပျော်တော့ပါဘူး။
အရင်က တီတီတာတာနဲ့ ရယ်စရာပြောခဲ့တာတွေမျိုး သူ မလုပ်တော့ပါဘူး။ သင်က ဘယ်လိုပဲ စစ၊ နောက်နောက်၊ အရင်လို ဟက်ဟက်ပက်ပက် ရယ်ရွှင်မှုတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ သင့်ကို ဘေးမှာထားပြီး ဖုန်းပဲ သုံးနေတာမျိုးတွေ သူ လုပ်ပါလိမ့်မယ်။
၅။ ပြဿနာရှာဖို့ အဆင်သင့် ဖြစ်နေပါလိမ့်မယ်။
ဘာမဟုတ်တဲ့ ကိစ္စသေးသေးမျိုးမှာတောင် သင့်ဘက်က နည်းနည်းမှားရင်ပဲ ဖြစ်ဖြစ် သူ့ဘက်က စပြီး ပြဿနာရှာကာ ရန်ပွဲဖန်တီးပါလိမ့်မယ်။ ပြီးရင်တော့ ရှေ့ဆက်ဖို့ မဖြစ်တဲ့အကြောင်းတွေ သူ ပြောပါတော့မယ်။
၆။ သင်နဲ့ ချစ်မှုပြုတာ မလုပ်တော့ပါဘူး။
သူ့ဘက်က လမ်းခွဲဖို့ ဆုံးဖြတ်တာ သေချာသွားပြီဆိုရင် သင်နဲ့ ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုမျိုး ရှိတော့မှာ မဟုတ်တာကြောင့် ချစ်မှုကိစ္စကို စိတ်မဝင်စားတဲ့ သူတစ်ယောက်လို သူ ဆက်ဆံပါလိမ့်မယ်။
၇။ တစ်ယောက်တည်း နေခွင့်ပြုပါ။
ဒီစကားကို သူ ပြောပါလိမ့်မယ်။ သူ့ကို တစ်ယောက်တည်း နေခွင့်ပြုပါ။ သင်နဲ့ မတွေ့ခင်က အချိန်လိုမျိုးကို နေကြည့်ချင်လို့ပါ၊ စိတ်တွေ ရှုပ်နေလို့ပါ(တခြားကိစ္စကြောင့်) ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တစ်ယောက်တည်း နေခွင့်ပြုဖို့ သူ တောင်းဆိုပါလိမ့်မယ်။
သင့်ဘက်က ဘာလုပ်ရမလဲ။
ဒီလို အပြုအမူတွေနဲ့ သူ့ဘက်က လမ်းခွဲမယ်ဆိုရင် သင်ကကော ဘာတွေ လုပ်ရမလဲ။ စဉ်းစားမိတဲ့ နည်းလမ်းတွေကို အကြံပြုပါရစေ။
-သူ့ကို စိတ်အနားပေးလိုက်ပါ။ ကိုယ့်ဘက်က သူလမ်းခွဲမှာကို ကြောက်နေပေမယ့်လည်း ပိုပြီး စိတ်ရှုပ်သွားပါစေနဲ့။ ပြီးတော့ လမ်းခွဲပြီးရင် ကိုယ် ဘယ်လို ရှေ့ဆက်မလဲဆိုတာအတွက် ကြိုပြင်ဆင်ထားပါ။ အတတ်နိုင်ဆုံး သူ့သဘောအတိုင်းသာ လိုက်လျောပြောဆိုပေးလိုက်ပါ။ ဒါမှ ကိုယ်နဲ့ လမ်းခွဲပြီးနောက်ပိုင်း အချစ်တွေ မကုန်သေးရင် သူ နောင်တတွေနဲ့ ပြန်လာပါလိမ့်မယ်။ ကိုယ့်ကြောင့် ဆိုတာမျိုး မဖြစ်သွားဖို့ ဂရုစိုက်ပြီး ခွင့်လွှတ်ပေးပါ။

လမ်းခွဲရတာက မကောင်းဘူးဆိုပေမယ့်လည်း မနေချင်တော့တဲ့သူကို သွားခွင့်ပြုလိုက်ပါ။ သူ ပျော်နေတာလေးကို ကြည့်ပြီး ပျော်ရင်းပေါ့….
ချစ်ကြသူတိုင်း ရာသက်ပန်ပေါင်းရပါစေ။

Credit:Cosmo/momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top