iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version
အားကစားလုပ်၍ ခါးနာသွားသည်ဖြစ်စေ၊ အလေးအပင်မ၍ ခါးနာသွားသည်ဖြစ်စေ၊ ကွန်ပျူတာရှေ့အထိုင်များပြီး ခါးနား၍ ဖြစ်စေ အောက်ပါလက်တွေ့ပျောက်ကင်းစေနိုင်သည့် သဘာဝဆေးနည်းလေးကို စမ်းသပ်နိုင်ကြပါတယ်။
(၁) အာလူးတစ်လုံးကို စင်ကြယ်အောင်ရေဆေးပြီး ခပ်ပါးပါးလေး အကွင်းလိုက် အကွင်းလိုက် လှီးလိုက်ပါ။
(၂) ညအိပ်ခါနီး နာနေတဲ့ ခါးပေါ်ကို အာလူးအကွင်းများ ကပ်ပေးပြီး အားကစားသမားများသုံးတဲ့ အယ်လပ်စတစ် ခါးပတ်ကို အပေါ်ကနေ ပတ်ပေးထားပါ။ (အဲဒီ ခါးပတ်မရှိသော်လည်း အဝတ်သန့်သန့်ဖြင့် အာလူးများ ခွါမသွားအောင် စည်းပေးထားပါ)။
မနက်အိပ်ယာထတဲ့အချိန် ၎င်းအာလူးများကို ခါွလိုက်လိုက်ပါ။ ၃ ရက်ခန့် ဆက်တိုက်လုပ်ပေးပါက ခါးနာသိသာစွာ သက်သာလာမည်။ ၅ ရက်နဲ့ တစ်ပတ်ခန့် ဆက်လုပ်ပေးပါက ခါးနာဝေဒနာကို ယူပစ်လိုက်သလို ပျောက်ကင်းသွားပါလိမ့်မည်။
လက်တွေ့ပျောက်ကင်းသွားသော မိတ်ဆွေများ အမြာက်အများရှိပြီမို့ ယုံကြည်စွာ သုံးကြည့်နိုင်ပါတယ်။
ခါးနာဝေဒနာရှင်များ သက်သာပျောက်ကင်းနိုင်ကြပါစေ။
Credit:စောနွဲ့နေဆိုင် (ပူတာအို)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top