iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႕မွာ လူရြယ္တစ္ေယာက္ဟာ သူေနတဲ့ျမိဳ႕ေလးကေန မိုင္ေပါင္း၂၀၀ေလာက္ေဝးတဲ့ေနရာက အေမ့ဆီကို ပန္းပို႕ဖို႕ ရည္ရြယ္ရင္း ပန္းဆုိင္တစ္ဆိုင္ေရွ႕မွာ ကားရပ္ခဲ့ပါတယ္။ ကားေပၚကဆင္းလိုက္တဲ့အခါ ဆင္းဆင္းခ်င္းမွာပဲ ကေလးမေလးတစ္ေယာက္ ငိုေနတာကို သတိျပဳမိလိုက္တယ္။ သူက ကေလးမေလးကို ဘာျဖစ္လဲ ေမးေတာ့ သူ႕ေမေမကို ေပးဖို႕ ႏွင္းဆီနီနီေလးတစ္ပြင့္ ဝယ္ခ်င္တာ သူ႕မွာ ၇၅ ဆင့္ပဲ ရွိတယ္တဲ့။ ႏွင္းဆီက တစ္ပြင့္ကို ၂ ေဒၚလာေတာင္ ေပးရမွာမို႕လို႕ သူ မဝယ္ႏိုင္ဘူးလို႕ ျပန္ေျပာတယ္။

လူရြယ္ က တစ္ခ်က္ျပံဳးလိုက္ၿပီး သူနဲ႕လိုက္ခဲ့ ၊ သူဝယ္ေပးမယ္ ဆိုၿပီး ကေလးမေလးကို ေခၚသြားတယ္။ ပန္းဆိုင္ထဲလည္းေရာက္ေကာ ကေလးမေလးအတြက္ ပန္းေလးတစ္ပြင့္ဝယ္ေပးၿပီး သူ႕အေမအတြက္ေတာ့ ေအာ္ဒါလွမ္းပို႕ေပးဖို႕ မွာလိုက္တယ္။ ကေလးမေလးကို အိမ္ျပန္ပို႕ေပးမယ္ ေျပာတဲ့အခါ ေကာင္မေလးက သူ႕ေမေမဆီကိုပဲ ပို႕ေပးပါတဲ့ ။ ဒီလိုနဲ႕ ေကာင္မေလး ညႊန္ျပတဲ့လမ္းအတိုင္း သြားတဲ့အခါ သုသာန္ကို ေရာက္သြားတယ္။ ဟိုေရာက္ေတာ့ ေကာင္မေလးက ေဆာက္ထားတာမၾကာေသးတဲ့ အုတ္ဂူေလးေပၚမွာ ပန္းေလးတင္ ထားခဲ့တယ္ ။

လူရြယ္လည္း ပန္းဆိုင္ကို ျပန္ေမာင္းလာၿပီး ေအာ္ဒါမွာထားတာကို ဖ်က္ပစ္လိုက္တယ္။ ေနာက္ေတာ့ အလွဆံုး ပန္းစည္းကို ေရြးၿပီး အေမ့အိမ္ကို ကားေမာင္းထြက္လာခဲ့ပါေတာ့တယ္။

သင္ခန္းစာ - ဘဝဆိုတာ တိုေတာင္းပါတယ္ ။ အခ်ိန္ရွိတုန္းေလး သင္ခ်စ္တဲ့လူေတြကို ခ်စ္ပါ ၊ ဂရုစိုက္ပါ ။ အခ်ိန္မေႏွာင္းခင္ အတူတူ ေပ်ာ္ရႊင္စြာေနထိုင္ပါ။ ေလာကမွာ မိသားစုထက္ အေရးၾကီးတာ ဘာမွ မရွိပါဘူး။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်နေ့မှာ လူရွယ်တစ်ယောက်ဟာ သူနေတဲ့မြို့လေးကနေ မိုင်ပေါင်း၂၀၀လောက်ဝေးတဲ့နေရာက အမေ့ဆီကို ပန်းပို့ဖို့ ရည်ရွယ်ရင်း ပန်းဆိုင်တစ်ဆိုင်ရှေ့မှာ ကားရပ်ခဲ့ပါတယ်။ ကားပေါ်ကဆင်းလိုက်တဲ့အခါ ဆင်းဆင်းချင်းမှာပဲ ကလေးမလေးတစ်ယောက် ငိုနေတာကို သတိပြုမိလိုက်တယ်။ သူက ကလေးမလေးကို ဘာဖြစ်လဲ မေးတော့ သူ့မေမေကို ပေးဖို့ နှင်းဆီနီနီလေးတစ်ပွင့် ဝယ်ချင်တာ သူ့မှာ ၇၅ ဆင့်ပဲ ရှိတယ်တဲ့။ နှင်းဆီက တစ်ပွင့်ကို ၂ ဒေါ်လာတောင် ပေးရမှာမို့လို့ သူ မဝယ်နိုင်ဘူးလို့ ပြန်ပြောတယ်။

လူရွယ် က တစ်ချက်ပြုံးလိုက်ပြီး သူနဲ့လိုက်ခဲ့ ၊ သူဝယ်ပေးမယ် ဆိုပြီး ကလေးမလေးကို ခေါ်သွားတယ်။ ပန်းဆိုင်ထဲလည်းရောက်ကော ကလေးမလေးအတွက် ပန်းလေးတစ်ပွင့်ဝယ်ပေးပြီး သူ့အမေအတွက်တော့ အော်ဒါလှမ်းပို့ပေးဖို့ မှာလိုက်တယ်။ ကလေးမလေးကို အိမ်ပြန်ပို့ပေးမယ် ပြောတဲ့အခါ ကောင်မလေးက သူ့မေမေဆီကိုပဲ ပို့ပေးပါတဲ့ ။ ဒီလိုနဲ့ ကောင်မလေး ညွှန်ပြတဲ့လမ်းအတိုင်း သွားတဲ့အခါ သုသာန်ကို ရောက်သွားတယ်။ ဟိုရောက်တော့ ကောင်မလေးက ဆောက်ထားတာမကြာသေးတဲ့ အုတ်ဂူလေးပေါ်မှာ ပန်းလေးတင် ထားခဲ့တယ် ။

လူရွယ်လည်း ပန်းဆိုင်ကို ပြန်မောင်းလာပြီး အော်ဒါမှာထားတာကို ဖျက်ပစ်လိုက်တယ်။ နောက်တော့ အလှဆုံး ပန်းစည်းကို ရွေးပြီး အမေ့အိမ်ကို ကားမောင်းထွက်လာခဲ့ပါတော့တယ်။

သင်ခန်းစာ - ဘဝဆိုတာ တိုတောင်းပါတယ် ။ အချိန်ရှိတုန်းလေး သင်ချစ်တဲ့လူတွေကို ချစ်ပါ ၊ ဂရုစိုက်ပါ ။ အချိန်မနှောင်းခင် အတူတူ ပျော်ရွှင်စွာနေထိုင်ပါ။ လောကမှာ မိသားစုထက် အရေးကြီးတာ ဘာမှ မရှိပါဘူး။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top