၎ - မိမိကိုယ်တိုင်က ဥပမာကောင်းတစ်ရပ် ဖြစ်ပါစေ။
Credit : momolay
Unicode Version
အဖွဲ့အစည်းတွေတိုင်းမှာ ခေါင်းဆောင်ဆိုသူတွေရှိကြပေမယ့် အဲ့ဒီလူတိုင်းကတော့ ခေါင်းဆောင်ကောင်းတွေ မဟုတ်ကြပါဘူး။ ခေါင်းဆောင်ကောင်းတွေဟာ ဘယ်လိုသော အမူအကျင့်တွေ၊ အပြုအမူတွေ ရှိကြပါသလဲ? အောက်ပါအချက်တွေကတော့ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်တဲ့ အရည်အသွေးတွေလို့ ဆိုပါတယ်။
၁ - လက်အောက်ငယ်သားတွေရဲ့ အသံကိုနားထောင်ပေးပါ။
၂ - သူတို့နဲ့ မကြာခဏ ဆွေးနွေးထိတွေ့မှုရှိပါစေ။
၃ - စကားနည်းနည်းပြော၊ အလုပ်များများလုပ်ပါ။
၄ - မိမိကိုယ်တိုင်က ဥပမာကောင်းတစ်ရပ် ဖြစ်ပါစေ။
၅ - လုပ်ငန်းခွင်မှာ အမြဲတန်း တက်ကြွလန်းဆန်းနေဟန်ပြပါ။
၆ - နည်းမှန်လမ်းမှန်တွေကို ရှေ့ဆောင်လမ်းပြပါ။
၇ - ဆုံးဖြတ်ချက်ခိုင်မာပြတ်သားပါစေ။
၈ - ပြောပြီးသားစကား၊ ပေးပြီးသားကတိကို တည်အောင်ထိန်းပါ။
၉ - ငယ်သားတွေ အကူအညီလိုတဲ့အချိန်မှာ အတတ်နိုင်ဆုံး ဖေးမကူပါ။
၁၀ - ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကိုယ်တိုင်သိပါစေ။
၁၁ - ဘယ်သူက ဘာတွေအရည်အချင်းရှိပြီး ဘယ်အလုပ်နဲ့ အသင့်တော်ဆုံးဆိုတာ ခွဲခြားတတ်ပါစေ။
၁၂ - စိတ်ခံစားမှုနောက်ကို အလွန်အကျွန်မလိုက်ပါနဲ့။
၁၃ - လေ့လာမှုတွေကို ဘယ်တော့မှ မရပ်တန့်ပါနဲ့။
၁၄ - ကိုယ်ကမှားရင်လည်း ဝန်ခံတတ်ပါစေ။
၁၅ - အခက်အခဲတွေကြားမှာလည်း အသင်းအဖွဲ့နဲ့အတူ ကြိုးစားရုန်းကန်ပါ။
၁၆ - လက်အောက်ငယ်သားတွေအပေါ် ယုံကြည်မှုပေးပါ။ ဒါပေမယ့် အယုံမလွယ်ပါနဲ့။
၁၇ - တာဝန်ယူစိတ်၊ တာဝန်ခံစိတ်မွေးပါ။
၁၈ - အလွဲအမှားတွေအပေး လက်ညှိုးထိုးအပြစ်တင်မယ့်အစား အကောင်းဆုံးဖြေရှင်းတတ်ပါစေ။
၁၉ - အဖွဲ့အစည်းကို တစ်ဆထက်တစ်ဆ ပိုမိုတိုးတက်အောင် စွမ်းဆောင်ပါ။
၂၀ - သင်ကိုယ်တိုင်မှာ လေးစားလောက်စရာ ကိုယ်ကျင့်တရားရှိပါစေ။
Credit : momolay
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ အရည်အချင်းတွေဆိုတာ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။